မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မာန်ဏီ

Tag Archives: မာန်ဏီ

နိုင်ငံရေးနယ်ပယ်မှာ လူငယ်တွေနေရာပေးရေးနဲ့ ဆက်စပ်တဲ့ပြဿနာတချို့

ပြည်သူ့ခေတ်ဂျာနယ်အတွဲ ၂ အမှတ် ၅၃ ပါ ဆရာဝင်းထွဋ်ဇော်ရဲ့အတွေးဆောင်းပါးကိုဖတ်ပြီး တော်တော် ကျေ နပ်အားရမိတယ်။ ကာလတာရှည် ကတည်းက လိုအပ်တာဖြစ်ပေမယ့် ပြန်ဖော်လိုက်တဲ့ အချိန်က တကယ့် ချိန် ကိုက်ကာလဖြစ်နေတာမို့ အရမ်းစိတ်ဝင်စား မိတယ်။ ဒါကြောင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာ လူ ငယ်ဘဝကို အနှစ် ၃၀ ကျော် မြှုပ်နှံဖြစ်သန်းလာခဲ့သူ တစ်ယောက်အနေနဲ့ ကိုယ့်အတွေ့အကြုံကို မမျှဝေဘူးဆို ရင် တာဝန်မဲ့ရာ ကျမလားဆိုတဲ့ အတွေးနဲ့ ဒီဆောင်းပါး ရေးဖြစ်တာပါ။ တွေးပုံခံယူပုံလွဲချော် နေခဲ့ရင်လည်းခွင့် လွှတ်ပေးပါ။

Read More »

ဒီမိုကရေစီချစ်သူများအကြား မိတ်ဘက်ပဋိပက္ခများ

ပြည်သူလူထုက သောင်ပြိုကမ်းပြိုမဲဖြင် ့ရွေးကောက်တင်မြှောက်လိုက်သော အစိုးရလက်ထက်တွင် ဖြစ်ပွါးနေ သော ပဋိပက္ခများဟုသာ ဆိုရမည်ဖြစ်သည်။ သို့သော် အစိုးရအား အရင်းရှင်လူတန်းစား ကိုယ်စားပြုဟု သတ် မှတ်ရေးသား သုံးနှုန်းဘူးသူ ဆောင်းပါးရှင်အတွက်မူ လယ်သမား (အထူးသဖြင့်လုပ်ကွက်ငယ်လယ်သမား) အ ရေးသည် လူတန်းစားတိုက်ပွဲအသွင် ဆောင်နေမည်လား စဉ်းစားမည်ဆိုက စဉ်းစားနိုင်ပါသည်။ မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ (လက်နက်ကိုင်- ၇- ဖွဲ့ပါ) နှင့်ဖြစ်ပွါးနေသောစစ်ရေး ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်တွင်း ပြဿနာ များသည်ပြင်ပနိုင်ငံများနှင့် ဆက်စပ်နေသည်ဖြစ်ရာ မိတ်ဘက်ပဋိပက္ခအကြီးစား ဖြစ်ပြီးရန်ဘက်ပဋိပက္ခအကြီးစားဖြစ်ပြီး ရန်ဘက်ပဋိပက္ခသို့အချိန်မရွေးကူးပြောင်းသွားနိုင်ပေသည်။ ယေဘုယျအားဖြင့် ဆိုလျှင်တော့ပဋိပက္ခနှင့်ပြဿနာ အများစုသည် မိတ်ဘက်ပဋိပက္ခအသွင်သာဆောင်ပါသည်။

Read More »

၂၀၁၇ နှစ်သစ်အတွက် အနားမညီ တြိဂံပြဿနာများ

၂၀၁၆ ခုနှစ်မှ သယ်လာသောပြဿနာများစွာအနက် တြိဂံသဖွယ်ဆက်စပ်လျှက်ရှိသော ပြဿနာ (၃) ရပ်ကို ဦးစွာဆန်းစစ်ကြည့်ချင်သည်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် စီးပွါးရေးပြဿနာတို့သည် တြိဂံသဖွယ် ဆက် စပ်လျှက်ရှိသည့်တိုင် ရှေ့တန်းရောက်ပုံချင်း ထပ်တူမဖြစ်သဖြင့် အနားမညီဟု သုံးနှုံးလိုက်ပါသည်။

Read More »

ချုပ်ရိုးအသစ် တရုပ်ပေါ်လစီ

မဲပြာပုဆိုးနှင့်ချုပ်ရိုးအသစ်ဟူသော အသုံးအနှုန်းတခုရှိသည်။ ယ္ခုလည်းတရုပ်၏ မဲပြာပုဆိုးအကျိုးစီးပွါးနှင့် ဒေါ်စုလက်ထက် ချုပ်ရိုးအသစ်ပေါ်လစီကို ဆိုလိုရင်းဖြစ်ပါသည်။

Read More »

အထက်အောက် အသွင်ကူးပြောင်းရေးတွင် ဒီမိုကရေစီပြည်သူများ၏ အခန်းကဏ္ဍ

လက်ရှိမြန်မာနိုင်ငံ၏ (၂၀၀၈) ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုနိုင်ရန် ဆယ်စုတစုနီးပါး ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဆွေးနွေးငြင်ခုံမှု ပြုခဲ့ကြရသည်။ ထိုစဉ်ကတည်းကပင် မြန်မာနိုင်ငံရေးတွင် အင်ဒိုနီးရှားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မိမိအခြေအနေနှင့် နီးစပ်သော အထက်က လမ်းတည့်ပေးလိုက်သော လေ့လာစရာ ဖြစ်ခဲ့သည်။ ထိုစဉ်က အလေးထား အသိအမှတ်ပြုခဲ့သည်မှာ အရပ်ဘက်နှင့် စစ်ဘက်ခေါင်းဆောင်များတို့၏ အပေးအယူပြုလုပ်နိုင်မှု၊ ကျွမ်းကျင်လိမ်မာမှုသာ ဖြစ်သည်။

Read More »

မြန်မာ့နိုင်ငံရေးဓလေ့၊ ပဉ္စလက်ဆန်မှုနှင့်တိုင်းရင်းသားပါတီများ

မြန်မာ့နိုင်ငံရေးဓလေ့ကို နိုင်ငံရေးစာရေးဆရာကျော်ဝင်းက ၂၀၁၄ ခုနှစ်၊ မေလထုတ် The Wave ဂျာနယ်တွင် (၁) ဂိုဏ်းဂဏ အကွဲအပြဲများလွန်းသည်။ (၂)ရယ်ဒီကယ် (အစွန်းရောက်) အစွဲသန်သလို လက်စားချေစရိုက် ရှိသည်။ (၃) လူထုသည်တောင်ပြိုကမ်းပြို မဲပေးတတ်သော အစဉ်အလာရှိသည်ဟူ၍ သုံးသပ်ခဲ့သည်။

Read More »