မွန်  ၊ အင်္ဂလိပ် ၊  Font

Home / Tag Archives: မင်းသုတ (page 3)

Tag Archives: မင်းသုတ

မြောက်ပိုင်းအဖွဲ့မပါဝင်ဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရရှိဖို့မဖြစ်နိုင်ဟု UNFC ဥက္ကဌပြော

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပေါ်လစီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင်ရေးဖြစ်သည့်အတွက် မြောက်ပိုင်းအဖွဲ့များအားလုံးမပါဝင်ဘဲ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးရဖို့ မည်သို့မှမဖြစ်နိုင်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုတိယအကြိမ်ညီလာခံ အဖွင့်မိန့်ခွန်းတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောသည်။

Read More »

ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးပြန်လည်သုံးသပ်သင့်ဟု KNU Concerned Group ထုတ်ပြန်

စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် ပါဝင်ထိုက်ပါဝင်သင့်သည့်အဖွဲ့အစည်းများအားလုံး ပါဝင်နိုင်သည့်လမ်းအားဖွင့်ပေးစေပြီး နိုင်ငံရေးဆွေးနွေးမှုမူဘောင်၊လုပ်ငန်းကော်မတီအပါအဝင် UPDJC တို့၏လုပ်ငန်းလမ်းညွှန်ချက်များနှင့်အတူ ငြိမ်းချမ်းရေးဖြစ်စဉ် Peace Process တစ်ခုလုံး ပြန်လည်သုံးသပ်ရန်လိုအပ်ပါကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအသီးသီးအား တိုက်တွန်းချက်တစ်စောင်ကို KNU Concerned Group က ဇန်လ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

Read More »

ဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုသစ် ကန့်လန့်ကာကို စဖွင့်လိုက်ပြီလား

မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေ

Read More »

ညီလာခံတွင် နိုင်ငံရေးပါတီများကိုယ်စား လက်မှတ်ရေးထိုးမှုသည် မွန်အမျိုးသားပါတီကို ကိုယ်စားမပြု

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် နိုင်ငံရေးပါတီများ ကိုယ်စားလက်မှတ်ရေးထိုးမည့်သူကို ကြိုတင်သဘောထားကောက်ခံ မေးမြန်းခြင်းမရှိခဲ့သည့်အတွက် မွန်အမျိုးသားပါတီ (MNP)ကို ကိုယ်စားပြုသည်ဟု မမှတ်ယူကြောင်း အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

Read More »

ယခုပင်လုံအစည်းအဝေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုမူ သဘောတူညီမှု မရ

ကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ ဆွေးနွေးလျှက်ရှိသည့် နိုင်ငံရေးကဏ္ဍမှ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဖက်ဒရယ်ပြည်ထောင်စုမူကို မေလ၂၈ရက်တွင် အကြိတ်အနယ်ဆွေး နွေးခဲ့သော်လည်း သဘောတူညီမှုမရသဖြင့် နောင်ကျင်းပမည့် ညီလာခံသို့ ရွှေ့ဆိုင်းလိုက်ရကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်ဦးဇော်ဌေး မှ သိရ သည်။

Read More »

UNFC နှင့် NCA လက်မှတ်ထိုးရန် နှစ်ဖက်စလုံးအလျှော့အတင်းရှိမှ ဖြစ်မည်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးကျင်းပပြီးနောက် ညီညွတ် သော တိုင်းရင်းသားလူမျိုးများဖက်ရယ်ကောင်စီ(UNFC)နှင့် မူအားဖြင့် သဘောတူညီရန် ညှိနှိုင်းနေသည့် အချက် ၉ချက်နှင့် ပတ်သက်ပြီး နှစ်ဖက်လုံးအလျှော့အတင်းပြုလုပ်ရမည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေး နွေးမှု ပူးတွဲကော်မတီ(UPDJC)အဖွဲ့ဝင်ဦးဇော်ဌေးက မေလ ၂၇ ရက်က ပြုလုပ်သည့် ပင်လုံဒုတိယအစည်းအ ဝေးစတုတ္ထနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

Read More »

နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရအဆိုအား မွန်နိုင်ငံရေးပါတီများ ဝေဖန်

ပြည်တောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ၏ နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာပါ “နိုင်ငံတော်၏နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” အဆိုအား ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်နေကြောင်း မေလ ၂၅ ရက်နေ့ ကဏ္ဍအလိုက်ဆွေးနွေးပွဲတက်ရောက်သည့် မွန်နိုင်ငံရေးပါတီများက ဝေဖန်ပြောဆိုလိုက်သည်။

Read More »

UNFC ညီလာခံ မတက်သဖြင့် တိုင်းရင်းသားတို့၏အသံအားနည်းဟု မွန်အမျိုးသားပါတီ MNP အတွင်းရေးမှူးပြော

ကျင်းပဆဲ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ပါဝင်တက်ရောက်မှုမရှိသဖြင့် တိုင်းရင်းသားတို့၏အသံအားနည်းဟု ညီလာခံတက်ရောက်နေသူ မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောသည်။

Read More »

NCA သည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့်စာချုပ်မဟုတ်ကြောင်း ကာချုပ်ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA သည် NCA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား လက်နက်ချခိုင်းသည့်စာချုပ်မဟုတ်ကြောင်း ရှင်းလင်းစွာထပ်မံအသိပေးလိုဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(မေ ၂၄) ရက်နေ့တွင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးဖွင့်ပွဲမိန့်ခွန်းတွင်

Read More »

၂၁ ပင်လုံညီလာခံဒုတိယအစည်းအဝေးသို့ FPNCC တက်ရောက်သော်လည်း UNFC မတက်ဖြစ်

မေလ ၂၄ တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ တက်ရောက်မည်ဖြစ်သော်လည်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

Read More »