မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းသစ္စာခိုင်

Tag Archives: မင်းသစ္စာခိုင်

တိုင်းရင်းမီဒီယာမူဝါဒတစ်ရပ်ရေးဆွဲရန် တိုင်းရင်းမီဒီယာညီလာခံကြေညာချက် ထုတ်ပြန်

ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်နေသည့်ကာလတွင် တိုင်းရင်းသားမီဒီယာများ၏ အခန်းကဏ္ဍပီပြင်ရေး၊ သတင်းလွတ်လပ်စွာရယူခွင့်ရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်ရေးတို့အတွက် တိုင်းရင်းသားမီဒီယာမူဝါဒ (မူကြမ်း) တစ်ရပ်ကို ရေးဆွဲသွားရန် ပဉ္စမအကြိမ်မြောက်တိုင်းရင်းမီဒီယာညီလာခံက ကြေငြာချက်ထုတ်ပြန်လိုက်သည်။

Read More »

ပဉ္စမအကြိမ် တိုင်ရင်းမီဒီယာညီလာခံ စတင်ကျင်းပ

တိုင်းရင်းသားသတင်းဌာနများစုဖွဲ့ထားသည့် နိုင်ငံတကာမြန်မာ့သတင်း BNI နှင့် ပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်းတို့ ကြီးမှူး၍ ပဉ္စမအကြိမ် တိုင်းရင်းမီဒီယာညီလာခံကို ယနေ့ဇွန်လ (၂၆) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ စတင်ကျင်းပကြောင်း တွေ့ရှိရသည်။ “ဒီနေ့ နိုင်ငံရေးအပြောင်းလဲကာလမှာ တိုင်းရင်းသားမီဒီယာတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒီညီလာခံကို ကျင်းပခြင်း ဖြစ်ပါတယ်” ဟု BNI ဘုတ်အဖွဲ့ ဒါရိုက်တာ နိုင်ကဆော့မွန်မှ ပြောကြားသည်။ ညီလာခံပထမနေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့်၊ ကယာပြည်နယ် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုနှင့် ပြည်နယ်အစိုးရဖွဲ့များ၊ ပြည်နယ်လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းမီဒီယာနှင့် ပတ်သက်သောအပိုင်းနှင့် စာပေဖွံဖြိုးတိုးတက်ရေးအပိုင်းတို့တွင် …

Read More »

AMDP ဗဟိုအလုပ်အမှုဆောင်တစ်ဦးအား ပါတီမှထုတ်ပယ်

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောက်စာ(ခေါ်) နိုင်အောင်ဘအား ပါတီမှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

Read More »

ကိုယ်စားလှယ်မဲအများစုအသုံးချ၍ဆုံးဖြတ်ချက်ချခြင်းသည် လွဲမှားသောဆုံးဖြတ်ချက်ဟု UNA ထုတ်ပြန်

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်ကို ဆက်သွယ်တည်ဆောက်ထားသော သံလွင်တံတား (ချောင်းဆုံ) အား ပြည်သူ့လွှတ်တော်မှ ဗိုလ်ချုပ်အောင် ဆန်းတံတားဟု အမည်ပေးသတ်မှတ်ခြင်းသည် လွဲမှားသော ဆုံဖြတ်ချက်ဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) က မတ်လ (၁၈) ရက်နေ့စွဲဖြင့် သဘောထားထုတ်ပြန်လိုက်သည်။

Read More »

လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို မွန်နိုင်ငံရေးပါတီများ ဦးဆောင်ကျင်းပနိုင်ဟုဆို

လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်နိုင်ငံရေးပါတီတို့မှ ပူးပေါင်း၍ ဦးဆောင်ကျင်းပ ကျင်းပနိုင်ရန်ကိုလည်း စီစဉ်နေကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီUPDJC အဖွဲ့ဝင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အထွေထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုးက နိုဝင်ဘာ ၃ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ပြော သည်။

Read More »

မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းသဘောတူညီချက်အတိုင်း ပြည်နယ်အစိုးရသို့ ငွေပေးသွင်းရန် လွှတ်တော်ဆုံးဖြတ်

မော်လမြိုင်ကမ်းနားလမ်းစီမံကိန်းအဆင့် (၆) ကိစ္စအတွက် မွန်ပြည်နယ်အစိုးရနှင့် လုပ်ငန်းဆောင်ရွက်သူ စုန် ရေကုမ္ပဏီတို့ အကြား ယခင်ပြည်နယ်အစိုးရနှင့် သဘောတူညီခဲ့သော ကျပ်သိန်းပေါင်း နှစ်သောင်းငါးထောင် (၂၅၀ဝ၀) ပေးသွင်းရန် မွန်ပြည်နယ် လွှတ်တော်က ဆုံးဖြတ်ကြောင်း သိရသည်။

Read More »

မွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တက်ရောက်မည်မဟုတ်

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်း လာမည့်သြဂုတ် တတိယပတ်၌ ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်သို့ မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီ (AMDP) အနေဖြင့် တက်ရောက်မည် မဟုတ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ရပ်တွင် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

Read More »

မွန်ပြည်သစ်ပါတီသဘောထား တရားဝင်ထုတ်ပြန်ပေးပါရန် AMDP တောင်းဆို

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွား ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP အသိအမှတ်ပြုသည်ဆိုပါက တရားဝင်သဘောထား ကြေညာချက်ထုတ်ပြန်ပေးရမည်ဟု သတင်းစာရှင်းလင်းပွဲ၌ AMDP ပါတီက ပြောသည်။

Read More »

AMDP ကို မွန်အကျိုးဆောင်ရွက်သောပါတီအဖြစ် NMSP သတ်မှတ်ထား

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ကို မွန်လူမျိုးတို့၏အကျိုးစီးပွားကို ဆောင်ရွက်နေသော နိုင်ငံရေးပါတီအဖြစ် မွန်ပြည်သစ်ပါတီ NMSP သတ်မှတ်ထားကြောင်း ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက ဇူလိုင်လ ၁၂ ရက်နေ့ မော်လမြိုင်မြို့၊ နိုင်ရွှေကျင်စာကြည့်တိုက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Read More »

ရွေ့ပြောင်းအိမ်ထောင်စုစာရင်းစီမံချက် မွန်ဝန်ကြီးချုပ်ပြန်လည်သုံးသပ်ရန် မွန်အသင်းအဖွဲ့များတောင်းဆို

မွန်ပြည်နယ်အတွင်း ဝင်ရောက်အလုပ်လုပ်လျက်ရှိသော ရွေ့ပြောင်းလုပ်သားများအား အိမ်ထောင်စုစာရင်း ထုတ်ပေးသည့် စီမံချက်အား ပြန်လည်သုံးသပ်ရန် မွန်အသင်းအဖွဲ့များက မွန်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆိုစာ ရေးသားပေးပို့ထားကြောင်း သိရသည်။

Read More »