မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းပိုင် (page 4)

Tag Archives: မင်းပိုင်

နယ်နိမိတ်ဆိုင်ရာကိစ္စပြေလည်မှသာ ဘုရားသုံးဆူနယ်ခြားကုန်သွယ်ဂိတ် ဖွင့်လှစ်နိုင်မည်

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် နယ်ခြားကုန်သွယ်ဂိတ် ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံ (ထိုင်း-မြန်မာ) နယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းသတ်မှတ် ဖြေရှင်းဆောင်ရွက်ပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောသည်။

Read More »

၂၁ ရာစုပင်လုံသို့ တိုင်းရင်းသားပါတီအားလုံးပါဝင်ရေး NBF တောင်းဆို

မကြာမီလပိုင်းအတွင်းကျင်းပမည့် ၂၁ ရာစုပင်လုံညီလာခံတွင် တစ်နိုုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုစာချုပ် NCA ပါ အပိုဒ် ၂၂ (က) အရ တရားဝင်ဖွဲ့စည်းထားသော တိုင်းရင်းသားနိုင်ငံရေးပါတီများအားလုံး ပါဝင်ခွင့်ရှိရန် တိုက်တွန်းတောင်းဆိုသော သဘောထားထုတ်ပြန်ကြေငြာချက်ကို ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF က မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုုက်သည်။

Read More »

ကျောက်မီးသွေးဖြင့််လည်ပတ်မည့် MCL ဘိလပ်မြေစက်ရုံအား ကန့်ကွက်ဗီနိုင်းပိုစတာများစိုက်ထူမည်

ကျောက်မီးသွေးဖြင့် လည်ပတ်မည့် MCL မော်လမြိုင် ဘိလပ်မြေစက်ရုံအား အလိုမရှိကြောင်း ကန့်ကွက်ဗီနိုင်းပိုစတားများကို ဒေသခံသံဃာတော်များနှင့် ပျားတောင်ဒေသဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ ကျေးရွာများနေရာ (၂၀) ခန့်တွင် စိုက်ထူသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

Read More »

၂၁ ရာစုပင်လုံရည်ရွယ်ချက်ကို မွန်ပြည်နယ်ဝန်ကြီးချုပ်အား နိုင်ဟံသာမေးမြန်းခဲ့ဟုဆို

မွန်ပြည်နယ်အစိုးရသစ်နှင့် မွန်ပြည်သစ်ပါတီတို့၏ နှစ်ဖက်ခေါင်းဆောင်များ မေလ ၁၉ ရက်နေ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင် ၂၁ ရာစုပင်လုံညီလာခံ၏ ရည်ရွယ်ချက်ကို ဝန်ကြီးချုပ် ဦးမင်းမင်းဦးအား မေးမြန်းခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

Read More »

MCL ဘိလပ်မြေစက်ရုံ အနှစ် ၃၀ အငှားဂရန်ဖြင့် မြေဧက ၁၃၀၀ ကျော်အသုံးပြုခွင့်ရရှိထား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင် အကောင်အထည်ဖော်တည်ဆောက်လှျက်ရှိသည့် မော် လမြိုင်ဘိလပ်မြေစက်ရုံ MCL သည် ကတုံစိ/ကွမ်ငန်းကျေးရွာအုပ်စုရှိ မြေဧက ၁၃၀၀ ကျော်၌ ပထမအကြိမ် အနှစ် ၃၀ အငှားဂရန်ဖြင့် အသုံးပြုခွင့်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

Read More »

ပျားတောင် ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံတွေကို အစိုးရဘယ်လိုကိုင်တွယ်သွားမလဲ

မွန်ပြည်နယ်က ပျားတောင်ဒေသလို့ ခေါ်ဆိုကြတဲ့ ကျိုက်မရောမြို့နယ်အတွင်းမှာ လတ်တလော ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ၂ ရုံနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေကြား စိုးရိမ်သောက ဖြစ်နေကြရပါတယ်။ အတ္ထရံမြစ်ကြောင်းတလှျောက် နှီးတုံ၊ ကွမ်ငန်း၊ ပေါက်တော၊ ကတုံစိ၊ ကော့ဒွန်း၊ ကော့ပနော့ နှင့် မယ်ကရိုကျေးရွာစတဲ့ စက်ရုံပတ်ဝန်းကျင် ကျေးရွာ (၇) ရွာအနီးတဝိုက်မှာ

Read More »

ရေးတောင်းပိုင်း မွန်ချမ်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်လိုက်ပြီ

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသော မွန် ချမ်းဦးစီးသည့် ဓါးပြအဖွဲ့သည် မေလ ၆ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးရှိ တပ်မတော်တပ်ရင်း ခလရ (၂၈၀) ထံ လက်နက်ချ အလင်းဝင်လိုက်ပြီဟု သိရသည်။။

Read More »

ရေးတောင်ပိုင်း မွန်ချမ်းဓါးပြအဖွဲ့ လက်နက်ချအလင်းဝင်တော့မည်

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့တွင် လှုပ်ရှားလျက်ရှိသော မွန် ချမ်းဦးစီးသည့် ဓါးပြအဖွဲ့ လာမည့်မေလ ရ ရက်နေ့တွင် တနသာင်္ရီတိုင်းဒေသကြီးရှိ တပ်မတော် ခမရ (၂၈၀) တပ်ရင်းထံ လက်နက်ချ အလင်းဝင်တော့မည်ဟု ခိုင်လုံသောသတင်းရင်းမြစ်မှ သိရသည်။

Read More »

အစိုးရစွန့်လွှတ်မြေယာများ ပွင့်လင်းမြင်သာရဲ့လား

မွန်ပြည်နယ်တွင် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုဖြစ်ရပ်များသည် နှစ်ရှည်လများစွာ ကတည်းက ဖြစ်ပေါ်လာခဲ့ပြီး အကြောင်းပြချက်မရှိဘဲ တပ်မတော်က မြေယာများအဓမ္မသိမ်းဆည်းခြင်း၊ ဝန်ထမ်း သက်သာချောင်းချိရေး အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာအစိုးရဌာနများက မြေများကို သိမ်းဆည်းခြင်း

Read More »

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ထိန်းသိမ်းရေး ဖောင်ဒေးရှင်းဖွဲ့စည်းမည်

သမိုင်းဝင် သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော် ထိန်းသိမ်းရေးလုပ်ငန်းများ ရှေ့ဆက်အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုများ၊ သမိုင်းသုတေသနပညာရှင်များ ပါဝင်လာနိုင်ရေးအတွက် မကြာမီတွင် ဖောင်ဒေး ရှင်းတစ်ခု ဖွဲ့စည်းမည်ဟု (မွန်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ခံဟောင်း) ဒေါက်တာမင်းနွယ်စိုး က မွန် သတင်းအေဂျင်စီသို့ ပြောသည်။

Read More »