မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းပိုင် (page 2)

Tag Archives: မင်းပိုင်

သံလွင်တံတား (ချောင်းဆုံ) အမည်ကိစ္စ မော်လမြိုင်မြို့တွင် ထပ်မံဆန္ဒပြမည်

မွန်ပြည်နယ်၊ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟု တံတားအမည်ပေး ရန် စီစဉ်နေမှုအပေါ် လာမည့်မတ်လ ၁၉ ရက်နေ့တွင် မော်လမြိုင်မြို့၌ မွန်လူထုတရပ်လုံးကန့်ကွက်မည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်နေကြောင်း ဦးဆောင်သူများထံမှ သိရသည်။

Read More »

မွန်ပြည်သစ်ပါတီဂိတ်စခန်းတစ်ခု မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားခံရ

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းနှစ်ခုအား တပ်မတော်က ဝင်ရောက်နေရာယူပြီးနောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးဖိုးနိုင်ကျေးရွာအခြေစိုက် မွန်ပြည်သစ်ပါတီအကောက်ခွန်ဂိတ်စခန်းတစ်ခုအား တပ်မတော်က မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။

Read More »

တနင်္သာရီတိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် KNU နှုတ်ကတိ ၂ ချက်သဘောတူ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရာ နှုတ်အားဖြင့် သဘောတူညီမှု ၂ ချက်ရရှိခဲ့ ကြောင်း သိရသည်။

Read More »

နယ်မြေတည်ငြိမ်အေးချမ်းရေး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ KNU တို့ဆွေးနွေးကြမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ပါတီဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ရန် မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း ပြော

မွန်အမျိုးသားပါတီ MNP ကို ဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ပါရန် ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသည့် မော်လမြိုင်မြို့၊ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးချုပ်နေရာသစ်ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဌ နိုင်ငွေသိမ်းက သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Read More »

MCL ဘိလပ်မြေစက်ရုံအတွက် ကျောက်မီးသွေး တန်ချိန်တစ်သိန်းခွဲတင်သွင်းပြီးပြီ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ ကော့ဒွန်း၊ ကော့ပနော့ကျေးရွာအနီးရှိ MCL ဘိလပ်မြေစက် ရုံလည်ပတ်ရန် ယခုအခါ ကျောက်မီးသွေး တန်ချိန် စုစုပေါင်းတစ်သိန်းခွဲ (၁၅၀,ဝ၀ဝ ) တင်သွင်းခဲ့ပြီး ဖြစ်ကြောင်း MCL အုပ်ချုပ်မှုဒါရိုက်တာ Mr.Wijit Terasarun က မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Read More »

မွန်ပြည်သစ်ပါတီနှင့် KNU တပ်ဖွဲ့ ရေဖြူမြို့နယ်တွင် ပစ်ခတ်မှုထပ်မံဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၌ မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးKNU တို့၏ နှစ်ဖက်တပ်ဖွဲ့များ လွန်ခဲ့သည့်စက်တင်ဘာလအတွင်း တစ်ကြိမ်ပစ်ခတ်မှုဖြစ်ပေါ်အပြီး အောက်တိုဘာလ (၂၄) ရက်နေ့ မွန်းလွဲပိုင်း (၁၅း၃၅) အချိန်ခန့်တွင် မိနစ်ပိုင်းအနည်းငယ်မျှနောက်ထပ်တကြိမ် ပစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ရုံးက မွန်သတင်းအေဂျင်စီသို့ အတည်ပြု ပြောကြားခဲ့သည်။

Read More »

ဘိလပ်မြေစက်ရုံစီမံကိန်းအတွက် ဝယ်ယူထားသောမြေများ ပြန်ပေးဖို့ မဖြစ်နိုင်ဟု ဆို

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ မယ်ကရိုကျေးရွာနှင့် ကော့ဒွန်း၊ ကော့ပနောကျေးရွာအ ကြားတွင် တည်ဆောက်မည့် ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆက်လက်အကောင်အထည်သွားမည်ဖြစ်၍ ဝယ်ယူ ရရှိထားသော လယ်ယာမြေများအား ပြန်လည်ပေးအပ်ဖို့ မဖြစ်နိုင်ဟု June Cement Industry Ltd.ကုမ္မဏီမှ တာဝန်ရှိသူတစ်ဦးက အောက်တိုဘာလ ၁၈ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

Read More »

မွန်ပြည်နယ်တွင် ယစ်မျိုးလိုင်စင် ၂၈ မှု ဖမ်ဆီးအရေးယူခဲ့

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစတင်၍ ယစ်မျိုးလိုင်စင်နှင့် ပတ်သက်သည့် အမှုပေါင်း ၂၈ မှု ဖမ်းဆီးစစ်ဆေးအရေးယူနိုင်ခဲ့ကြောင်း အောက်တိုဘာလ ၅ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် မွန် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် လုံးခြုံရေးနှင့် နယ်စပ်ရေးဝန်ကြီး ဗိုလ်မှုးကြီးဝင်းနိုင်ဦး၏ ဖြေကြားချက် အရ သိရသည်။

Read More »

မွန်ပြည်နယ်အစိုးရ၏ ကန့်ကွက်စာ၂၈ စောင် မွန်ပြည်သစ်လက်ခံရရှိဟုဆို

၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလအထိ မွန်ပြည်နယ်အစိုးရမှ အကြောင်းအရာအမျိုးမျိုးဖြင့် ပေးပို့လာသော ကန့်ကွက်စာ ၂၈ စောင် မွန်ပြည်သစ်ပါတီ လက်ခံရရှိခဲ့ကြောင်း ပြည်တွင်းရေးရာဌာနကြီးတာဝန်ခံ နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Read More »