မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းပိုင်

Tag Archives: မင်းပိုင်

စိတ်ကြွမူးယစ်ဆေးသုံးစွဲသည့် လူငယ် ၁၃ ဦးအား မွန်ပြည်သစ် ဖမ်းဆီး

ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်း၊ တောင်ပေါက်ကျေးရွာတို့တွင် စိတ်ကြွမူးယစ်ဆေး (မြင်ဆေး) သုံးစွဲ သည့် အသက် ၁၄ နှစ်အရွယ်တစ်ဦးအပါအဝင် လူငယ် ၁၃ ဦးတို့အား ဇွန်လ ၆ ရက်နေ့က မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်မှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

Read More »

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေး စတင်ကျင်းပ

မြန်မာပြည်တောင်းပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ၂၀၁၇ ခုနှစ် ပထမ ၆ လပတ် ဗဟိုကော်မတီပုံမှန်အစည်းအဝေးကို မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ ပါတီဌာနချုပ်၌ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် စတင် ကျင်းပလျက်ရှိသည်။

Read More »

မွန်ပြည်နယ်တွင် ရှိသင့်သည့်ရဲတပ်ဖွဲ့အင်အားထက် ၅၀% လျော့နည်း

မွန်ပြည်နယ် ၁၀ မြို့နယ်အတွက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိစ္စ ဝန်ဆောင်မှုပေးရန် ဖွဲ့စည်းပုံအရ ရဲ တပ်ဖွဲ့အင်အား ၃၁၈၆ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိအချိန်တွင် ၁၆၁၂ ဦးသာရှိသဖြင့် ရှိရမည့် အင်အား၏ ၅၀ ရာခိုင်နှုန်းသာ ခန့်အပ် တာဝန်ထမ်းဆောင်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှုးကြီးဝင်နိုင်ဦးက ပြောကြားသည်။

Read More »

နှီးပဒေါကျေးရွာတွင် နေအိမ်အချို့ လျှပ်စစ်မီးဆားဗစ်ကြိုးဖြုတ်ချခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ နှီးပဒေါကျေးရွာ မီးလင်းရေးကော်မတီအဖွဲ့မှ လျှပ်စစ်မီးအသုံးပြုလှျက်ရှိသည့် နေအိမ်အချို့၏ ဆားဗစ်ကြိုးများ အား မတ်လ ၁၄ ရက်နေ့က လိုက်လံဖြုတ်ချခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

Read More »

မွန်တစ်မျိုးသားလုံးကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ခုဖြစ်ပေါ်ရေးအထိ ဆက်လက်ကြိုးပမ်းမည်

မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့အချင်းချင်း ပေါင်းစည်းရေး မဖြစ်နိုင်သည့်နောက် နှစ်ဖက်ပါတီမှ ပေါင်းစည်းရေးလိုလာသူ ပါတီဝင်အင်အားစုအချို့နှင့် မွန်အမျိုးသားပါတီတို့ဖြင့် မွန်တစ်မျိုးသား လုံးကိုယ်စားပြုနိုင်မည့် ပါတီတစ်ခုဖြစ်ပေါ်ရေးအထိ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မွန်နိုင်ငံရေးပါတီ များ ညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်ရေးအဖွဲ့ထံမှ သိရသည်။

Read More »

သံလွင်တံတား (ချောင်းဆုံ) အမည်ကိစ္စ မော်လမြိုင်မြို့တွင် ထပ်မံဆန္ဒပြမည်

မွန်ပြည်နယ်၊ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားအား ‘ဗိုလ်ချုပ်အောင်ဆန်း’ ဟု တံတားအမည်ပေး ရန် စီစဉ်နေမှုအပေါ် လာမည့်မတ်လ ၁၉ ရက်နေ့တွင် မော်လမြိုင်မြို့၌ မွန်လူထုတရပ်လုံးကန့်ကွက်မည့် ဆန္ဒထုတ်ဖော်ပွဲတစ်ရပ် ထပ်မံပြုလုပ်ရန် စီစဉ်နေကြောင်း ဦးဆောင်သူများထံမှ သိရသည်။

Read More »

မွန်ပြည်သစ်ပါတီဂိတ်စခန်းတစ်ခု မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားခံရ

ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း သံဖြူဇရပ်-ဘုရားသုံးဆူလမ်းမပေါ်ရှိ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းနှစ်ခုအား တပ်မတော်က ဝင်ရောက်နေရာယူပြီးနောက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီးဖိုးနိုင်ကျေးရွာအခြေစိုက် မွန်ပြည်သစ်ပါတီအကောက်ခွန်ဂိတ်စခန်းတစ်ခုအား တပ်မတော်က မတ်လ ၂ ရက်တွင် ထပ်မံဖယ်ရှားလိုက်ကြောင်း သိရသည်။

Read More »

တနင်္သာရီတိုင်းတွင် မွန်ပြည်သစ်ပါတီနှင့် KNU နှုတ်ကတိ ၂ ချက်သဘောတူ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့ဝင်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့သည့်ကိစ္စနှင့်စပ်လျဉ်း၍ မွန်ပြည်သစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်းကြရာ နှုတ်အားဖြင့် သဘောတူညီမှု ၂ ချက်ရရှိခဲ့ ကြောင်း သိရသည်။

Read More »

နယ်မြေတည်ငြိမ်အေးချမ်းရေး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ KNU တို့ဆွေးနွေးကြမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ထိတွေ့ပစ်ခတ်မှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ဇန်နဝါရီ ၂၅ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်အမျိုးသားအစည်းအရုံး KNU တို့တွေ့ဆုံ ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read More »

ပါတီဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ရန် မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း ပြော

မွန်အမျိုးသားပါတီ MNP ကို ဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ပါရန် ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသည့် မော်လမြိုင်မြို့၊ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးချုပ်နေရာသစ်ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဌ နိုင်ငွေသိမ်းက သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Read More »