မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းထက်အောင်

Tag Archives: မင်းထက်အောင်

မွန်ဆားလုပ်ငန်း ပြန်လည်ဦးမော့နိုင်ရေး SME နှင့်ချိတ်ဆက်ပေး တွေ့ဆုံမေးမြန်းချက်

မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်းအဖွဲ့ဝင်၊ မြန်မာနိုင်ငံဆားလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မင်းတင်မောင်ဝင်း(ခေါ်) နိုင်ဟု နှင့် မွန်သတင်းအေဂျင်စီမှ မင်းထက်အောင် တွေ့ဆုံမေးမြန်းသည်။

Read More »

သံလွင်တံတား(ချောင်းဆုံ) လူထုသဘောထားဆန္ဒပြုလက်မှတ် ၂ သိန်းခွဲခန့်ရည်မှန်းထား

မွန်ပြည်နယ် သံလွင်မြစ်ပေါ်ဖြတ်ကျော်၍ မော်လမြိုင်နှင့် ဘီလူးကျွန်းဆက်သွယ်သည့် သံလွင်တံတား(ချောင်းဆုံ)အမည်ကို ဗိုလ်ချုပ်အောင်ဆန်တံတား အမည်ပြောင်းလဲသတ်မှတ်ခြင်းအား လက်မခံသည့် လူထုသဘောထားဆန္ဒပြုလက်မှတ် ၂ သိန်းခွဲခန့်ရရှိနိုင်မည်ဟုရည်မှန်းထားကြောင်း သိရသည်။

Read More »

မွန်ပြည်နယ် SMEs လုပ်ငန်းများ လာမည့်မေလတွင် စွမ်းဆောင်ရည်စတင်မြှင့်တင်မည်

မွန်ပြည်နယ်ရှိ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ SMEs များအား ချေးငွေနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း Capacity Building အစီအစဉ်များအား လာမည့်မေလမှစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။

Read More »

အာဏာရှင်ဆန်နေပြီလားစဉ်းစားကြဖို့ ပြည်ခိုင်ဖြိုးအမတ်သတိပေး

ဒေသခံများမကျေနပ်လက်မခံနေသည့်အပေါ် သံလွင်တံတား(ချောင်းဆုံ)အား ဗိုလ်ချုပ်အောင်ဆန်တံတားဟု အမည်ပေးခြင်းသည် မိမိတို့၏လုပ်ဆောင်ချက်များ “အာဏာရှင်ဆန်နေပြီလား” စဉ်းစားကြဖို့ မင်းကင်းပြည်သူ့လွှတ်တော်အမတ် ဦးမောင်မြင့်က ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ဆွေးနွေးစဉ် သတိပေးပြောကြားလိုက်သည်။

Read More »

ဟင်္သာဖိုက ဟင်္သာမကိုကျောပေါ်တင်ထားသည့်မွန်ယဉ်ကျေးမှုသဘောတရားကို ဂုဏ်ယူစရာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နေပြည်တော် အကြိမ် ၇၀ မြောက် မွန်အမျိုးသားနေ့အကြိုညစာစားပွဲသို့ ဂုဏ်ပြုစကားတက်ရောက်ပြောကြားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မွန်ယဉ်ကျေးမှုအရ ဟင်္သာဖိုက ဟင်္သာမကို ကျောပေါ်တင်ထားသည်ဆိုသည်မှာ ညှာ တာခြင်း၊ ထောက်ထားခြင်း၊ အားရှိသူက အားနွဲ့သူကို ကရုဏာဖြင့် ဖေးမထားခြင်းအဓိပ္ပာယ်ဟု မိမိမှတ်ယူကြောင်း၊ ယင်းမွန်ယဉ်ကျေးမှုအခြေခံသဘောတရားသည် မွန်တိုင်းရင်းသားများအတွက် အလွန်ဂုဏ်ယူစရာကိစ္စဖြစ်ပါကြောင်းဟု ပြောသည်။

Read More »

မွန်စာဆိုတော်နေ့ ကျင်းပမည်

မွန်စာပေကလောင်သမားများစုစည်း၍ အသင်းတစ်ခုဖွဲ့စည်းရန်နှင့် မွန်စာဆိုတော်နေ့အခမ်းအနားတရပ်ကို ဇန်နဝါရီလ ၃၀ (တပို့တွဲ့လဆန်း ၃ ) ရက်နေ့တွင် ကမာဝက်မြို့၊ ဓါတ်တော်ကျောင်း၌ ကျင်းပမည်ဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

Read More »

လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ခဲ့သော မွန်တော်လှန်ရေးခရီး

လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ခြင်းအခမ်းအနား ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်နေ့ “မွန်ပြည်သူ့တပ်ဦး၏ လက်နက်ကိုင်တိုက်ပွဲအသွင်မှ ဥပဒေဘောင်အတွင်းသို့ ပြောင်းလဲခြင်းအခမ်းအနား” မော်လမြိုင်မြို့ မိုင်ဒါကွင်းမှာ ကျင်းပရာခဲ့တာ အခု ၂၀၁၆ ခုနှစ်ဆိုရင် ၅၈ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ၊ မွန်ပြည်သူ့တပ်ဦး Mon People’s Front လက်အောက်ခံ မွန်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ Mon National Defence Organization-MNDO အပါအဝင် လက်နက်ကိုင်အင်အား ၁၁၁၁ ဦးတို့က ဦးနုအစိုးရထံ အကြွင်းမဲ့လက်နက်အပ်ခဲ့တဲ့နေ့တစ်နေ့အဖြစ် မွန်အမျိုးသားသမိုင်းမှာ တွင်ရစ်ကျန်ရှိနေဆဲပါ။

Read More »

ရက် ၁၀ဝ သစ္စာစီမံချက်နဲ့ မွန်ပြည်နယ်

NLD အစိုးရသစ်အာဏာလွှဲယူတဲ့ ဧပြီလ ၁ ရက်နေ့ကနေ စခဲ့တဲ့ရက် ၁၀ဝ စီမံကိန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “သစ္စာစီမံချက်” ကို အကောင်အထည်ဖော်နေပါပြီ။ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့်လည်း မိတ်ဆွေလဝက အရာရှိတစ်ဦးပြောပြချက်အရ “သစ္စာစီမံချက်” ဆိုတာ ပြည်သူအပေါ်ရော အစိုးရအပေါ်ရော သစ္စာရှိရှိလုပ်ကိုင်ဆောင်ရွက်တာကို ဆိုလိုတဲ့အကြောင်း အကြမ်းအားဖြင့် “ဝန်ကြီး” မှာကြားထားတယ်လို့ ဆိုပါတယ်။

Read More »

မွန်ဝန်ကြီးချုပ် မီဒီယာကို ရှောင်ပြေးနေသလား

နိုင်ငံတော် သမ္မတဦးထင်ကျော် ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်ပေးခဲ့ပြီး ၃ ပတ်ခန့်အကြာမှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံကနေ မီဒီယာတွေနဲ့ တစ်လတစ်ကြိမ်ပဲတွေ့တော့မယ်ဆိုတဲ့ အသံ ထွက်ပေါ်လာပါတယ်။ ဒီအသံက မီဒီယာတွေကို မျက်နှာချင်းဆိုင်မတွေ့လိုဘူးလို့ ကောက်ချက်ချရမှာပါ။ မွန်ပြည်နယ်အစိုးရသက်တမ်း တစ်လပင်မပြည့်ခင် ဘာကြောင့် ဒီအသံတွေ ထွက်ပေါ်လာရသလဲဆိုတာကို မော်လမြိုင်အခြေစိုက် မိတ်ဆွေသတင်းသမားတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Read More »

ဖမ်းသိမ်းလိုင်စင်မဲ့ကားလေလံပွဲဖျက်ပြီး ဌာနဆိုင်ရာတွေကိုခွဲတမ်းချဝေငှပေးတာ နည်းလမ်းကျရဲ့လား

မွန်ပြည်နယ်အတွင်း ဖမ်းသိမ်းခဲ့တဲ့လိုင်စင်မဲ့ Without ကားတွေကို လေလံမတင်တော့ဘဲ ဌာနဆိုင်ရာတွေကို မဲနှိုက်ခွဲတမ်းချဝေငှပေးတယ်ဆိုတာ အစိုးရတစ်ရပ်ရဲ့စီမံအုပ်ချုပ်မှုပုံစံက တကယ်နည်းလမ်းကျရဲ့လားလို့ တွေးတောစဉ်းစားဖြစ်ပါတယ်။

Read More »