မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: မင်းချမ်းညီ (page 2)

Tag Archives: မင်းချမ်းညီ

ခွန်တန်၏အပေါင်းအပါ ၅ ဦးဖမ်းဆီးထိန်းသိမ်း၊ အုပ်ချုပ်ရေးမှူးကိုအရေးယူရန် တိုင်ကြားထား

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အလံတရာသာသနာ့နယ်မြေတွင် မိန်းကလေးငယ်များထံမှ ကာမလိမ်လည်ရယူခဲ့သော ခွန်တန်(ခေါ်) ဇာတ်လိုက်၏ အပေါင်းအပါ (၅) ဦးကို သထုံမြို့အချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး အလံတရာအုပ်ချုပ်ရေးမှူးကိုလည်း အရေးယူပေးရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရရုံးထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။ မွန်ပြည်နယ်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌဒေါ်ခိုင်ခိုင်လဲ့က “ပြည်သူတွေက အရင်ကတည်းက တိုင်တန်းခဲ့တယ်လို့ ပြောတယ်။ တိုင်တန်းတဲ့ဟာ အရာမထင်ခဲ့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ပြည်သူတွေပဲ ပိုပြီးတော့ သိပါလိမ့်မယ်။ အလံတရာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဆီ တိုင်ထားပါတယ်။ အစိုးရရုံးကိုလည်းတိုင်ထားပါတယ်”ဟု ပြောသည်။ လတ်တလောတွင် ခွန်တန်(ခ) ဇာတ်လိုက်နှင့်ပတ်သက်ပြီး တိုင်ကြားစာ (၂) စောင်လက်ခံရရှိထားပြီး အလံတရာနယ်မြေကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆိုသည်။ မွန်ပြည်နယ်၊ တိုင်ကြားစာ၊ အသနားခံစာနှင့် …

Read More »

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းအဆင့်မြှင့်ပြီးပါက ၆ နာရီခရီးသာကြာမည်

ရန်ကုန်- မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းကို ဘတ်ဂျက် ၉ ဘီလီလျံ အကုန်ကျခံကာ ဆောင်ရွက်နေပြီး လာမည့် ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်လုပ်ဆောင်ပြီးပါက ၆ နာရီခရီးသာကြာမြင့်တော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက“ ရထာလမ်းတွေ အဆင့်မြှင့်တင်တာ ပြီးကုန်မှ အဆင့်မြင့်ရထားတွဲတွေ အစားထိုးမယ်။ အဲဒီအခါကျရင် တုန်တာ ခါတာတွေ မရှိတော့ဘူး။ ပြီးတော့မှ ရန်ကုန်နဲ့ မော်လမြိုင်ကို ၆နာရီနဲ့အရောက်သွားနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ပြည်ထောင်စုဝန်ကြီးက လုပ်ဆောင်နေတယ် ” ဟု ပြောသည်။ မွန်ပြည်နယ်ဘက်တွင် ရထားလမ်းပိုင်းမိုင်ပေါင်း (၉၀)ကျော်ခန့်ရှိပြီး ကိုးချောင်းဆက် သံလမ်းအဖြစ် အဆင့်မြှင့်တင်ထားခြင်းဖြစ်ကြောင်း ဝန်ကြီးက ဆက်ပြောသည်။ “ …

Read More »

မော်လမြိုင်-သံလွင်ဈေး ငါးဒိုင်များကိုဈေးအနောက်ဘက်သို့ ယာယီပြောင်းရွှေ့ရန်စီစဉ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံလွင်ဈေးရှိ ငါးဒိုင်များကို မူလဈေးအနောက်ဘက်ခြမ်း စည်ပင်သာယာပိုင် ကမ်းနားလမ်းမြေနေရာတွင် ယာယီပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သိရသည်။ မွန်ပြည်နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဟန်က “ကုန်တင်ကားကြီးတွေရပ်ထားတာ ပစ်စလက်ခတ်ရပ်ထားတာတွေကြောင့် ငါးညှီနံ့တွေထွက်တယ်လို့ ဝန်ကြီးချုပ်ကိုပြောတော့ သံလွင်ဈေးရဲ့ အနောက်ဘက်မှာ မြေအပိုတွေရှိတယ်။ အဲ့ဒီမှာ အဆောက်အဦးလေးဆောက်ပေးမယ်။ အောက်မှာလည်း ရေစီးဖို့အတွက် မြောင်းလေးဖောက်ပေးမယ်။ လောလောဆယ်တော့ အဲ့ဒီကို ပြောင်းရွှေ့ထားမယ်” ဟု ပြောသည်။ အဆိုပါ ဈေးကို ယခင်က ကျောက်တန်းစက်ရုံစုနယ်မြေဘက်သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း မြေပိုင်ဆိုင်မှုပြဿနာအချို့ရှိနေသည်ဟု ဆိုသည်။ သို့ရာတွင် မုပွန်ရပ်ကွက်ကျောက်မီးသွေးရုံရှိ မီးရထားပိုင်မြေကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုအစိုးရထံတင်ပြတောင်းခံထားပြီး ခွင့်ပြုသည်နှင့်အတည်တကျ ထားရှိမှာဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက …

Read More »

မွန်ပြည်နယ်အတွင်း ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့

မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ယခုနှစ် ၂၀၁၇ ခုနှစ်အတွင်း မှုခင်းများအနက် ခိုးမှုနှင့်ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာ လကုန်ပိုင်းအထိ စစ်တမ်းများအရ မွန်ပြည်နယ်အတွင်း လူသတ်မှု (၃၆)မှု ၊ မုဒိန်းမှု (၃၇)မှု ၊ ခိုးမှု (၁၇၂)မှု နှင့် ယာဉ်တိုက်မှု (၆၀၃)မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ခေတ္တရဲမှူး(ဦးစီး) ရဲမှူးစိုးလွင်က “ မော်လမြိုင်မှာ ခိုးမှု (၆၁)မှုနဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး သထုံခရိုင်နဲ့ပေါင်းလိုက်ရင် ခိုးမှု (၁၇၂)မှု ဖြစ်ပွားခဲ့ပါတယ်။ ယာဉ်တိုက်မှုကတော့ ကျိုက်ထိုမြို့နယ်မှာ (၁၂၈) မှုဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် (၁၀)မြို့နယ်ထဲမှာ အများဆုံးဖြစ်ပွားတဲ့မြို့နယ်လို့ သတ်မှတ်လို့ရပါတယ်” …

Read More »

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်အောင်နှင့်တွေ့ဆုံခြင်း

မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံမှုများနှင့် ပတ်သက်ပြီး ပြည်သူလူထုက ဝေဖန်မှုများလည်း ရှိသလို သံလွင်ဈေးငါးဒိုင် ကိစ္စမှာလည်း ရှင်းရှင်းသိစေနိုင်ရန် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမြင့်အောင်ကို မွန်သတင်းအေဂျင်စီ အလွတ်တန်းသတင်းထောက် မင်းချမ်းညီ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

Read More »

သထုံနှင့်ဘီးလင်းမှာ မွန်ပြည်နယ်မြို့ဝင်ကြေးအများဆုံးကောက်ခံရရှိ

မွန်ပြည်နယ်မှာ မြို့ဝင်ကြေးများကို စည်ပင်သာယာရေးအဖွဲ့က ဇွန်လမှ စတင်ပြီး တိုက်ရိုက်ကောက်ခံခဲ့ပြီး ဇွန်လ ဒုတိယအပတ်မှ သြဂုတ်လကုန်အထိ သုံးလအတွင်း သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်တို့မှာ အများဆုံးကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ သတင်းရရှိသည်။

Read More »

တိုင်းရင်းစာပေသင်ကြားနေသည့် ကျောင်းဆရာအားလုံး နေ့စားလပေး အစိုးရဝန်ထမ်းအဖြစ် လျှောက်ထားနိုင်

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားဘာသာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအားလုံး နေ့စားလပေး အစိုးရဝန်ထမ်းများအဖြစ် လျှောက်ထားနိုင်မှာဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။

Read More »

သံဖြူဇရပ်မြို့နယ် NLD သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မူးယစ်ဆေးဝါးမှုဖြင့်ဖမ်းဆီးထား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးထွန်းဝင်းကို မူးယစ်ဆေးဝါးမှုဖြင့် စက်တင်ဘာလ (၂၀) ရက်နေ့တွင် သံဖြူဇရပ် မြို့မ ရဲစခန်းက ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

Read More »

ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

Read More »

ကျိုက်ထိုတွင် ယာဉ်နှစ်စီးတိုက်မိ၍ ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊မရမ်းချောင်ကျေးရွာအနီးရှိ ပိန္နဲပင်အကွေ့တွင် ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိပြီး ၃ ဦးသေဆုံးသွားကြောင်း သိမ်ဇရပ်နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

Read More »