မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: နိုင်အောင်

Tag Archives: နိုင်အောင်

ဒေါ်နယ်လ်ထရမ့် သွားမဲ့လမ်းစဉ်ရဲ့ နိုင်ငံရေးရေခံမြေခံ

အမေရိကန်သမ္မတကြီး ဒေါ်နယ်လ်ထရမ့်ကတော့ အိမ်ဖြူတော်မှာ ဗိုလ်ဝင်ခံသွားပြီးသူ့ရဲ့လမ်းစဉ်ကို သူ့ရဲ့မိန့် ခွန်း၊ အင်တာဗျူးတွေကို ကိုးကားပြီးရေးကြသားကြတာ တော်တော်များပါတယ်။ ဒီနေရာမှာအကျိုးဟာ အကြောင်းမရှိ ဘဲမဖြစ်လာနိုင်ဘူး ဆိုတာနားလည်ထားဘို့လိုပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲဆီ သူလာခဲ့တဲ့လမ်းရဲ့ နောက်ခံကိုသိထားဘို့လိုပါမယ်။ သူ့ရဲ့အထုပ္ပတ္တိ၊ အကျင့်စရိုက်သက်သက်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး၊ လက်ရှိ ကမ္ဘာကြီးမှာဒီမိုကရေစီယိုယွင်းကျဆုံးနေတာ ဆယ်စုနှစ်တွေချီပီးကြာခဲ့ပါပြီ။ ဒီမိုကရေစီ ဖခင်နိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ဒီမိုကရေစီယိုယွင်းမှု၊ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုနဲ့ ထရမ့် မတိုင်ခင်ကတည်းက လူထုဟာ အမြစ်တွယ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာမသမာမှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ အားနည်းချက်၊ ပျက်စီးယိုယွင်းချက် တွေကိုလည်း သိထားဘို့ လိုပါမယ်။ ထရမ့်ဟာ လူသားတယောက်သာဖြစ်လို့ အခြေအနေရဲ့သားကောင် ဆိုတာ မေ့ထားလို့မရပါ။ ဒါကြောင့် ထရမ့်ရဲ့ နိုင်ငံခြားရေးအပါအဝင် …

Read More »

ဒေါ်နယ်ထရမ့်အောင်ပွဲနဲ့ နိုင်ငံရေးသင်ခန်းစာ

ဘီလျံနာလုပ်ငန်းရှင်၊ နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိသူ ဒေါ်နယ်ထရမ့်ဟာ တိုင်းပြည်ရဲ့ စီးပွါးရေး မိမိရဲ့ရှေ့ရေး ပူပန်နေကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ထောက်ခံမှုတွေရယူ၊ လူမျိုးရေးတင်းမာမှုကို အသုံးချ၊ လိင်ပိုင်ဆိုင်ရာ အလွဲလုပ်မှုစွပ်စွဲချက်တွေ ကျော်လွှားပြီး အမေရိကန်ပြည်ထောင်စုရဲ့ (၄၅) ဦးမြောက်သမ္မတ ဖြစ်လာတော့မှာပါ။

Read More »

ကိုလံဘီယာ ငြိမ်းချမ်းရေးအဖြေနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးမေးခွန်းများ

သြဂုတ်လ (၂၅) ရက်နေ့မှာကိုလံဘီယာ နိုင်ငံအစိုးရနဲ့ လက်ဝဲဝါဒီကိုလံဘီယာတော်လှန်ရေး အင်အားစု (FARC) သူပုန်ကိုယ်စားလှယ်များဟာ ကျူးဘားနိုင်ငံမြို့တော် ဟာဗာနာ Havana မှာ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ပြီဖြစ်ပါတယ်။

Read More »

ကိုလံဘီယာရဲ့ ထိလွယ်ရှလွယ် ငြိမ်းချမ်းရေး

ဒီနှစ်ဇွန်လအတွင်းမှာ ကိုလံဘီယာနိုင်ငံအစိုးရနဲ့ ကိုလံဘီယာတော်လှန်ရေး အင်အားစု The Revolutionary Armed Forces-FARC အကြား အကြိုငြိမ်းချမ်းရေး သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း ကြေငြာချက် ထွက်လာပါတယ်။ အဲဒီသဘောတူညီချက်က FARC ရဲ့ အပစ်အခတ်ရပ်စဲရေး အခြေအနေနဲ့ အပြီးသတ် လက်နက်ဖြုတ်သိမ်းရေး၊ အဖွဲ့အစည်းပုံစံ ပြောင်းလဲရေး Demobilization ကို ရှင်းလင်းပြထားတယ်။ ဒီသဘောတူညီချက်ဟာ ငြိမ်းချမ်းရေးမျှော်လင့်ချက်ပေးတယ်ဆိုယင် အပြောင်းအလဲမြန်တဲ့ အသွင်ကူးပြောင်း ရေးကာလစိုးရိမ်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။ နောက်ဆုံးသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး သည့်တိုင်အောင် ကိုလံဘီယာနိုင်ငံရဲ့ လုံခြုံရေးဝန်းကျင် ဖြစ်ထွန်းစိတ်ချရပါ့မလားဆိုတဲ့ သံသယတွေရှိနေကြ တယ်။

Read More »

အစိုးရသစ်အတွက် မှတ်ကျောက်လုပ်ရပ် (၁၀) ချက်

ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်ပြိုကမ်းပြို အနိုင်ရရှိပြီးနောက် ဒီဇင်ဘာလဆန်းတွင် ကျွန်မ မြန်မာနိုင်ငံသို့ အလည်ရောက်ခဲ့သည်။ ထိုခရီးစဉ်အတွင်း တွေ့ရှိခဲ့သော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက “သန်းခေါင်ယံတော့ လွန်သွားပြီ၊ အမှောင်ဆုံးကာလဟာ မတည်မြဲနိုင်ဘူးဆိုတာ မြင်လိုက်ပြီ။

Read More »