မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: နိုင်သက်(ရေး)

Tag Archives: နိုင်သက်(ရေး)

ရေးမြို့နယ်ပင်လယ်ပြင်အတွင်း ရေလုပ်သားတစ်ဦးသံပိုက်ဖြင့်အရိုက်ခံ ရေထဲပြုတ်ကျခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်အတွင်း အစင်ကျေးရွာ စိန်ပိုက်ငါးဖမ်းလှေရေလုပ်သားတစ်ဦး သံပိုက်ဖြင့်အရိုက်ခံရသဖြင့် ရေထဲပြုတ်ကျသည့်တစ်လခန့်ကြာဖြစ်စဉ်အား စက်တင်ဘာလ၂၀ ရက်နေ့တွင် အမှုတိုင်ကြားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

Read More »

ရေးမြို့နယ်တွင် ရာဘာအစေးခြစ်လုပ်သားရှားပါး

ယခုနှစ်မိုးနှောင်းကာလ ရာဘာအစေးခြစ်ရာသီစတင်ချိန်၌ မွန်ပြည်နယ် ရေးမြို့နယ်ဒေသတဝိုက်တွင် လုပ်သားရှားပါးမှုပြဿနာနှင့်ကြုံတွေ့နေရကြောင်း ခြံပိုင်ရှင်များထံမှ သိရသည်။

Read More »

မီဒီယာကျင့်ဝတ်စံနှုန်းများအရ မွန်ပြည်နယ်သတင်းမှန်ပြန်ကြားရေးကော်မတီတွင် သတင်းသမားများမပါဝင်

မွန်ပြည်နယ်အစိုးရအဖွဲ့ သတင်းမှန်ပြန်ကြားရေးကော်မတီကို စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် သတင်းသမားများပါဝင်ရန် ထည့်သွင်း ဖွဲ့စည်းခဲ့သော်လည်း မီဒီယာကျင့်ဝတ်စံနှုန်းများအရ ယင်းကော်မတီတွင်မပါဝင်ခဲ့ကြောင်း သိရသည်။

Read More »

ရေးမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ရာတွင် ခက်ခဲမှုများရှိ

ရေးမြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ( Community Forestry -CF ) တည်ထောင်ရာတွင် မြေယာအခက်အခဲနှင့် ဒေသခံများ စိတ်ပါဝင်စားမှုနည်းပါးခြင်းတို့ကြောင့် အခက်အခဲများရှိနေကြောင်း ရေးမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

Read More »

ကဗျာဝကမ်းခြေသန့်ရှင်းသာယာလှပရေး ပြည်နယ်အစိုးရ အလေးထားဆောင်ရွက်သင့်ဟုတိုက်တွန်း

ဧည့်သည်အများအပြားလာရောက်အပမ်းဖြေလည်ပတ်လျက်ရှိသည့် ရေးမြို့နယ်တောင်ပိုင်း ကဗျာဝကမ်းခြေအား လာမည့်ပွင့်လင်းရာသီအတွင်း သန့်ရှင်းသာယာရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအနေဖြင့် အလေးအနက်ထားဆောင်ရွက်သင့်ကြောင်း ရေးမြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလိုက်သည်။

Read More »

ရေးမြို့နယ်ကမ်းရိုးတန်းဒေသများတွင် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ထား

မွန်ပြည်နယ်တောင်ဘက်ဒေသ ရေးမြို့နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသများသို့ အကြမ်းအဖက်အဖွဲ့များ မဝင်ရောက်နိုင်ရေးအတွက် ထူးခြားဖြစ်စဉ်များအား အချိန်နှင့်တပြေးညီ တင်ပြရန်နှင့် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန် စီစဉ်ထားရှိသည်ဟု သိရသည်။

Read More »

ရေးမြို့နယ် လျှပ်စစ်စီမံကိန်းမြေနေရာမှ အလင်းဝင်အဖွဲ့များဖယ်ရှားပေးရန် သက်ဆိုင်ရာသို့တင်ပြ

ရေးမြို့နယ်၊ အဘော်ကျေးရွာအနီးရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပိုင် မြေနေရာတွင် နေထိုင်လျက်ရှိသော နိုင်လွေးဦးစီးသည့် လွတ်လပ်သောမွန်အမျိုးသားပြန်လည်ထူထောင်ရေးအဖွဲ့အား ဖယ်ရှားပေးရန် သက်ဆိုင်ရာ ရေးမြို့အခြေစိုက် အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်သို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ စက်တင်ဘာလ ၄ ရက်နေ့က တင်ပြထားကြောင်း သိရသည်။

Read More »

ရေးမြို့နယ် အစင်ကျေးရွာအုပ်စုတွင် လှေလုပ်သားအချင်းချင်းလူသတ်မှုဖြစ်

ရေးမြို့နယ်၊ အစင်ကျေးရွာအုပ်စု၊ ဓမင်းကုန်းရပ်ကွက်၌ စက်တင်ဘာလ ၅ ရက်နေ့တွင် လှေလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုတစ်ခုဖြစ်ပွားရာ တရားခံအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှူး ဒုရဲမှူးစိုးမွန်က ပြောသည်။

Read More »