မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: ဆောင်းပါ

Tag Archives: ဆောင်းပါ

ရက် ၁၀ဝ သစ္စာစီမံချက်နဲ့ မွန်ပြည်နယ်

NLD အစိုးရသစ်အာဏာလွှဲယူတဲ့ ဧပြီလ ၁ ရက်နေ့ကနေ စခဲ့တဲ့ရက် ၁၀ဝ စီမံကိန်းတွေမှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “သစ္စာစီမံချက်” ကို အကောင်အထည်ဖော်နေပါပြီ။ တရားဝင်ထုတ်ပြန်တာမျိုးမရှိပေမယ့်လည်း မိတ်ဆွေလဝက အရာရှိတစ်ဦးပြောပြချက်အရ “သစ္စာစီမံချက်” ဆိုတာ ပြည်သူအပေါ်ရော အစိုးရအပေါ်ရော သစ္စာရှိရှိလုပ်ကိုင်ဆောင်ရွက်တာကို ဆိုလိုတဲ့အကြောင်း အကြမ်းအားဖြင့် “ဝန်ကြီး” မှာကြားထားတယ်လို့ ဆိုပါတယ်။

Read More »

ရွှေ့ပြောင်းလုပ်ကိုင်အခြေချသူများနှင့်အတူ ဖြစ်ပေါ်လာသောမှုခင်းများ

မွန်ပြည်နယ်သည် အရှေ့ဖက် တောင်ညိုတန်းနှင့် အနောက်ဖက်တလျောက် ရှည်လျားသောကမ်းရိုးတန်းကြားတွင် စိုက်ပျိုးရေးအခြေခံကောင်းသော ပထဝီအနေအထားကို ပိုင်ဆိုင်ထားသည်။ လယ်ယာ၊ ဥယာဉ်ခြံ၊ ရာဘာစိုက်ပျိုးရေး၊ နေလှမ်းဆားလုပ်ငန်းနှင့် ပင်လယ်တံငါလုပ်ငန်းများတို့သည် ဒေသခံတို့၏ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများပင် ဖြစ်သည်။

Read More »

ပျားတောင် ကျောက်မီးသွေးသုံးဘိလပ်မြေစက်ရုံတွေကို အစိုးရဘယ်လိုကိုင်တွယ်သွားမလဲ

မွန်ပြည်နယ်က ပျားတောင်ဒေသလို့ ခေါ်ဆိုကြတဲ့ ကျိုက်မရောမြို့နယ်အတွင်းမှာ လတ်တလော ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ၂ ရုံနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေကြား စိုးရိမ်သောက ဖြစ်နေကြရပါတယ်။ အတ္ထရံမြစ်ကြောင်းတလှျောက် နှီးတုံ၊ ကွမ်ငန်း၊ ပေါက်တော၊ ကတုံစိ၊ ကော့ဒွန်း၊ ကော့ပနော့ နှင့် မယ်ကရိုကျေးရွာစတဲ့ စက်ရုံပတ်ဝန်းကျင် ကျေးရွာ (၇) ရွာအနီးတဝိုက်မှာ

Read More »

စိုးရိမ်စရာမော်လမြိုင်ကမ်းနားလမ်းသစ် အရည်အသွေးအာမခံချက်

ပြီးခဲ့သည့် မေလ (၇/၈) ရက် မော်လမြိုင်မြို့ ကမ်းနားလမ်းအဆင့် (၆) စီမံကိန်းလမ်းဧရိယာပေါ်သို့ သံလွင်မြစ်ရေဒီရေများ လွှမ်းခဲ့သည်။ ယင်းအနေအထားကြောင့် စီမံကိန်းလမ်း ရေစိမ့်ဝင်မှုကြောင့် ပျက်စီးနိုင်သည့်အပြင် လာမည့်မိုးရာသီတွင် ရေပိုကြီးနိုင်ပြီး ရေဘေးအန္တရာယ် ကြုံလာနိုင်သည့် အခြေနေတွင် ရှိလာမည့်ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေပါပြီ။

Read More »

ကျေးလက်ဒေသ လုံခြုံရေးပြဿနာစိန်ခေါ်မှုများ

မွန်ပြည်နယ်တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင် ယခင်ကလုံခြုံရေးတာဝန်ယူခဲ့ကြသော ပြည်သူစစ်အင်အား သိသိသာသာ လျော့နည်းသွားသည်ကို မြင်တွေ့နေရသည်။ယခုအခါ အချို့ကျေးလက်ဒေသများ၌ ဒေသခံတို့၏ လက်နက်ကိုင် ပြည်သူ့စစ်များကို သိပ်မတွေ့ရှိရတော့ပေ။ ပြည်သူ့စစ်အင်အား လုံလောက်စွာမရှိတော့သည့်အနေအထားဖြစ်ပေါ်နေပြီး ကျေးရွာအချို့တွင် လုံခြုံရေးနှင့်ပတ်သက်သော ပြဿနာများ ကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်အချို့ ဖြစ်ပေါ်ခဲ့သည်။ ကျေးရွာပြည်သူ့စစ်များ မထားရှိနိုင်တော့သဖြင့် ကျေးလက်ဒေသများတွင် တရားဥပဒေစိုးမိုးရေးအတွက် စိန်ခေါ်မှုများဖြစ်ပေါ်နေကြောင်း လေ့လာတွေ့ရှိချက်များကို သုံးသပ်တင်ပြလိုပါသည်။

Read More »

သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ မီးရှို့ဖျက်ဆီး

မော်လမြိုင်မြို့နယ်ဈေးဆိုင်များမှ သိမ်းဆီးရမိသော သက်တမ်းလွန်ခွင့်ပြုချက်မဲ့ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို မေလ (၅) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းသုဿန်၌ မီးရှို့ဖျက်ဆီးခဲ့သည်။ အမျိုးအမည် (၈၁) မျိုးပါဝင်သော တရားမဝင်ဆေးဝါး ၄၉,ဝ၀ဝ ကျပ်၊ သက်တမ်းလွန် ဆေးဝါး ၂၆,ဝ၂,၁၈၀ ကျပ်၊ စပ်ဆေး ၁၇၀ဝ ကျပ်၊ အလှကုန်နှင့် လူသုံးကုန် ၁၁၈,၆၆,၈၈၀ ကျပ်နှင့် ၂၈၇,၅၅,၂၀၅ ကျပ် စုစုပေါင်းကျပ်သိန်း ၄၀ဝ ကျော်တန်းဖိုးရှိသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။ မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင် က “ဒီနေ့ကျနော်တို့ မီးရှို့ဖျက်ဆီးတာဟာ မော်လမြိုင်မြို့နယ်မှာရှိတဲ့ ဈေးတွေ၊ ဈေးပြင်ပတွေမှာရှိတဲ့ကုန်စုံဆိုင်တွေ စတိုးဆိုင်တွေမှာ ဈေးကွက်ထောက်လှန်းစစ်ဆေးတဲ့အခါက သိမ်းဆီးရမိတာပါ။ …

Read More »

အစိုးရစွန့်လွှတ်မြေယာများ ပွင့်လင်းမြင်သာရဲ့လား

မွန်ပြည်နယ်တွင် လယ်ယာမြေနဲ့အခြားမြေများ သိမ်းဆည်းခံရမှုဖြစ်ရပ်များသည် နှစ်ရှည်လများစွာ ကတည်းက ဖြစ်ပေါ်လာခဲ့ပြီး အကြောင်းပြချက်မရှိဘဲ တပ်မတော်က မြေယာများအဓမ္မသိမ်းဆည်းခြင်း၊ ဝန်ထမ်း သက်သာချောင်းချိရေး အကြောင်းပြချက်ဖြင့် သက်ဆိုင်ရာအစိုးရဌာနများက မြေများကို သိမ်းဆည်းခြင်း

Read More »

မွန်ဝန်ကြီးချုပ် မီဒီယာကို ရှောင်ပြေးနေသလား

နိုင်ငံတော် သမ္မတဦးထင်ကျော် ပြီးခဲ့တဲ့ဧပြီလ ၅ ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်ပေးခဲ့ပြီး ၃ ပတ်ခန့်အကြာမှာပဲ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံကနေ မီဒီယာတွေနဲ့ တစ်လတစ်ကြိမ်ပဲတွေ့တော့မယ်ဆိုတဲ့ အသံ ထွက်ပေါ်လာပါတယ်။ ဒီအသံက မီဒီယာတွေကို မျက်နှာချင်းဆိုင်မတွေ့လိုဘူးလို့ ကောက်ချက်ချရမှာပါ။ မွန်ပြည်နယ်အစိုးရသက်တမ်း တစ်လပင်မပြည့်ခင် ဘာကြောင့် ဒီအသံတွေ ထွက်ပေါ်လာရသလဲဆိုတာကို မော်လမြိုင်အခြေစိုက် မိတ်ဆွေသတင်းသမားတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

Read More »

ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ပြန်လည်ရွေးချယ်မယ်ဆိုလျင်

သမ္မတဦးထင်ကျော် ဦးဆောင်သော အစိုးရသစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည့် ဧပြီလ (၁) ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက အသစ်ရွေးချယ်ခံထားရသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို တာဝန်ထမ်းဆောင်ရန် ခန့်အပ်လွှာများကို ပေးအပ်ပေးခဲ့ပြီး ဖြစ်သည်။

Read More »

နှစ်ခါပြန် နစ်မည့် မြစ်လား

မကြာသေးခင်က ထွက်ရှိသော ဂျာနယ်တအုပ်တွင် ပါရှိသော ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီး အသစ်စက်စက်၏ အင်တာဗျူးမှ ဖြေဆိုချက်တချို့အပေါ် ဘဝင်မကျ ဖြစ်ရသည်။

Read More »