မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: စောဇင်ညီ (page 2)

Tag Archives: စောဇင်ညီ

၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နှစ်ပါတီ ထိပ်တိုက်တွေ့နိုင်

လာမည့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းပိုင်းတွင် ပြုလုပ်မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားကိုယ်စားပြုပါတီများ ဖြစ်သော မွန်အမျိူးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ထိပ်တိုက်တွေ့ယှဉ်ပြိုင်ရမည့် အခြေအနေ ဖြစ်ပေါ်လာနိုင်ကြောင်း နှစ်ပါတီခေါင်းဆောင်များ၏ ပြောကြားချက်များအရ သိရသည်။

Read More »

၀င်းစိန်တောရ ဆရာတော် ရုပ်ကလာပ်အား ဆရာတော်ဆန္ဒအတိုင်းထားရှိမည်

ဝင်းစိန်တောရ ဆရာတော် အဘိဓဇအဂ္ဂမပာသဒ္ဓမ္မ ဇောတိက ဘွဲတံဆိပ်တော်ရ သဒ္ဒန္တကေသရ ၏ ရုပ်ကလပ်အား ဆရာတော် မပျံလွန်မီက မိန့်တော်မှုထားသကဲ့သို့ အမြဲအပူဇော်ခံနိုင်ရန် စံကျောင်းဖြင့် အပူဇော်ခံ ထားရှိမည်ဖြစ်ကြောင်း ဆရာတော်ကြီးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

Read More »

မွန်ပြည်နယ်မဲစာရင်း လာမည့်မေလတွင် အပြီးသတ်လုပ်ဆောင်မည်

မွန်ပြည်နယ်တွင် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုမှု လာမည့် မေလတွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှုး ဦးပာိဏ်းလင်းထက် ကပြောသည်။

Read More »

မော်လမြိုင်အနုပညာပြပွဲ ပြုလုပ်မည်

မွန်ပြည်နယ်၏ အလှတရားများကို ပုံဖော်မည့် မော်လမြိုင်အနုပညာပြပွဲအား မော်လမြိုင်မြို့၊ ကမ်းနားလမ်း ညဈေးတန်းတွင် မေလ ၁ ရက်နေ့ မှ ၅ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Read More »

စစ်မှန်သောပြည်ထောင်စုမူဘောင်ချမှတ်နိုင်ရေး ဦးတည်ဆွေးနွေးမည်ဟု ဒေါက်တာအေးမောင်ပြော

နိုင်ငံထိပ်သီးခေါင်းဆောင် ၆ ဦးတို့၏ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲတွင် စစ်မှန်သော ပြည်ထောင်စုမူဘောင်ချမှတ်နိုင်ရေးကို ဦးတည် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်တွင်း တိုင်းရင်းသားပါတီများ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

Read More »

မော်လမြိုင်ထောင်အား ကျိုက်မရောမြို့နယ်သို့ပြောင်းမည်ဟု မွန်နယ်လုံဝန်ကြီးပြော

စောဇင်ညီမော်လမြိုင် အကျဉ်းထောင်အား ကျိုက်မရော မြိုနယ် ရေတွင်းကုန်း ကျေးရွာ အနီးသို့ ပြောင်းရွှေမည်ဖြစ်ကြောင်း မတ်လ ၇ ရက်နေ့ က ပြုလုပ်ခဲ့သော မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ချောင်းဆုံလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ မေးမြန်းချက်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုကြီး ဌေးမြင့်အောင်က အတည်ပြုပြောကြားခဲ့သည်။

Read More »

ရန်ကုန် နွေရာသီ မွန်စာနှင့်မွန်စကားသင်တန်းသား ၅၀ဝ ကျော် သင်ကြားနိုင်ခဲ့

မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်) ဦးစီးပြုလုပ်ခဲ့သည့် နွေရာသီ မွန်စာနှင့် မွန်စကား သင်တန်းတွင် ရန်ကုန်မြို့မှ ကျောင်းသား လူငယ် ၅၀ဝ အား မွန်စာနှင့် မွန်စကား တတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့ကြောင်း ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မွန်စာနှင့်မွန်စကား သင်တန်းဆင်းပွဲမှ သိရသည်။

Read More »

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အကြား ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ ပြေလည်မှုမရသေး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု စာချုပ်မူကြမ်း လက်မှတ်ရေးထိုးနိုင်သော်လည်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အကြား ငြိမ်းချမ်းရေးမူဝါဒကိစ္စနှင့် ပတ်သတ်၍ ပြေလည်မှု မရသေးကြောင်း သိရသည်။

Read More »

NCCT နှင့် UPWC တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်မူကြမ်း လက်မှတ်ရေးထိုး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ရေးဆွဲနေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်မူကြမ်း (NCA) ကို မတ်လ ၃၁ ရက်နေ့တွင် ရေးဆွဲပြီးစီပြီးကြောင်း လက်မှတ်ရေးထိုးမှု တစ်ရပ်ကို ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သည်။

Read More »

နိုင်ငံတကာမီဒီယာညီလာခံတွင် သတင်းသမားများ ပြန်ကြားရေးဝန်ကြီးကိုဆန္ဒပြ

သတင်းထောက်များကို ရိုက်နှက်ဖမ်းဆီးခြင်းရပ်တန့်ရေး ရန်ကုန်မြို့ ချက်ထရီယံ ဟော်တယ်၌ မတ်လ ၂၇ ရက်နေ့ တွင် ပြုလုပ်သော နိုင်ငံတကာမီဒီယာညီလာခံ အတွင်းနှင့် အပြင်ဘက်တို့တွင် မြန်မာ သတင်းသမားများက ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဆန္ဒပြခဲ့ကြသည်။

Read More »