မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / Tag Archives: စိုင်းမွန်

Tag Archives: စိုင်းမွန်

မော်လမြိုင်မြို့တွင် နေအိမ်မီးလောင်ကျွမ်းရာမှ လူတစ်ဦးသေဆုံး

မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ပုလဲလမ်းရှိနေအိမ်တစ်လုံး ယနေ့(ဇွန် ၂ရ ရက်) နံနက် ၉နာရီ မိနစ် ၃၀ ၀န်းကျင်ခန့်တွင် မီးလောင်ကျွမ်းရာမှ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Read More »

မွန်ပြည်နယ်မိုးစပါးစိုက်တောင်သူများအတွက် ချေးငွေများ စတင်ထုတ်ပေး

မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်တစ်ဧက ကျပ်ငွေ (၁၅၀ဝ၀ဝ) နှုန်းဖြင့် ၁၀ ဧကအထိ ချေးငွေများ ထုတ်ပေးနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးခင်မောင်စိုးထံမှ သိရသည်။

Read More »

မွန်ပြည်နယ်လွှတ်တော်ဥပဒေပြုရေးကော်မတီဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့နှင့် တွေ့ဆုံမေးမြန်းခြင်း။

မေး။ ။ဥပဒေပြုရေးကော်မတီကဘာတွေလုပ်ဆောင်ရတာလဲ။ ဖြေ။ ။ဥပဒေပြုရေးကော်မတီက နဂိုရှိပြီးသားဥပဒေတွေ ခေတ်နဲ့မလျော်ညီတော့ဘူး၊ လိုအပ်ချက်တွေရှိနေတယ်ဆိုရင် ပြန်ပြီးတော့ပြင်ဆင်မှာပေါ့။ ပြီးတော့လွန်ခဲ့တဲ့ ၅ နှစ်က မပြီးသေးတဲ့ ဥပဒေကြမ်းတွေကျန်ခဲ့တာရှိတယ်။ အဲဒီဥပဒေကြမ်းတွေကိုပြဌာန်းနိုင်အောင်လုပ်မယ်။ နောက်တစ်ခုကတော့ မွန်ပြည်နယ်မှာလိုအပ်တဲ့ ဒေသတွင်းသုံးရမယ့် ပြည်နယ်ဥပဒေတွေပြဌာန်းသွားဖို့ရှိပါတယ်။ ဒါတွေက ဥပဒေပြုရေးကော်မတီက လုပ်ဆောင်ရမယ့်အချက်တွေပေါ့။

Read More »

မွန်ပြည်နယ်လွှတ်တော်သို့ မြေယာ၊ စီမံကိန်းနှင့်ပတ်သက်သည့် တိုင်ကြားစာအများဆုံးရောက်ရှိ

မွန်ပြည်နယ်လွှတ်တော်ဒုတိယသက်တမ်း၌ ပြည်သူများမှ တိုင်ကြားစာများပေးပို့ရာတွင် မြေယာအငြင်းပွားမှုနှင့် စီမံကိန်းများနှင့်ပတ်သက်သည့် တိုင်ကြားစာများ အများဆုံးရောက်ရှိနေကြောင်း တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များလေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက ပြောသည်။

Read More »

ယခုဘဏ္ဍာနှစ်အတွင်း ရေးမြို့နယ်သို့ အစိုးရလျှပ်စစ်မီး မရောက်နိုင်သေး

ပုဂ္ဂလိကလျှပ်စစ်မီးဓါတ်အားသုံးစွဲနေရသည့် ရေးမြို့နယ်အတွက် ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်မီးမရရှိနိုင်သေးကြောင်း မွန်ပြည်နယ်အစိုးရ လျှပ်စစ်စွမ်းအင်နှင့် စက်မူဝန်ကြီးဌာန ဝန်ကြီးဦးမင်းထင်အောင်ဟန်က မော်လမြိုင်မြို့၌ ဧပြီလ ၂၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောသည်။ လက်ရှိလျှပ်စစ်ဓါတ်အားလိုင်းကြိုးသည် သံဖြူဇရပ်မြို့နယ်အထိသာရောက်ရှိနေပြီး ထိုမှတစ်ဆင့် တနင်္သာတိုင်းဒေသကြီးသို့ သွယ်တန်းပြီးသည့်အချိန်မှသာလျှင် လျှပ်စစ်မီးရရှိနိုင်မည်ဟု ဆိုသည်။ ဝန်ကြီးဦးမင်းထင်အောင်ဟန်က “တနင်္သာရီအထိမီးကြိုးတွေ သွယ်ဖို့ရှိတယ်၊ တစ်နိုင်ငံလုံးအထိအတိုင်းအတာနဲ့ပေါ့။ ဒါပေမယ့်ဒီနှစ်အတွက် ဘတ်ဂျက်ငွေဘယ်လောက်ကျထားသလဲဆိုတာတော့ မသိသေးဘူး။ လောလောဆယ်ကတော့ စမ်းသပ်တာတွေ၊ တိုင်းတာတာတွေ၊ လေ့လာတာတွေလုပ်ဦးမယ်။ ရာဘာခြံတွေရှိရင်လည်း အဲဒါတွေကိုအရင်ရှင်းရဦးမယ်။ အဲဒါတွေပြီးမှ ကြိုးဆွဲဖို့အတွက်ကို ဘတ်ဂျက်ကကျလာမှာ” ဟု ပြောသည်။ လျှပ်စစ်ဓါတ်အားကြိုးသွယ်တန်းရန် စမ်းသပ်ဆောင်ရွက်မူများပြုလုပ်နေသော်လည်း ဓါတ်အားကြိုးသွယ်တန်းရန်အတွက် ယခုနှစ်ဘတ်ဂျက်စာရင်းတွင် မပါရှိသေးပေ။ ရေးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ပြည်သူတွေကတော့ လျှပ်စစ်မီးလိုချင်နေကြတယ်။ဒီကိစ္စကိုလွှတ်တော်မှာလည်း ဆွေးနွေးဖြစ်ပါတယ်။ …

Read More »

မွန်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာမင်းကြည်၀င်းနှင့် တွေ့ဆုံခြင်း

မေး။ ။အခုလက်ရှိမှာ သဘာ၀ပတ်၀န်းကျင်နဲ့ပတ်သတ်ပြီးတော့ ဆရာ့အနေနဲ့ ဘယ်လိုကိစ္စတွေကို ဆောင် ရွက်သွားဖို့ရှိသလဲ။ ဖြေ။ ။အခုလက်ရှိမှာတော့ ပြည်သူတွေတောင်းဆိုနေတဲ့ ကျိုက်မရောမြို့နယ်ထဲက ကျောက်မီးသွေးကိစ္စ၊ အံဒင်ဘက်ကကိစ္စတွေလည်း ပြေလည်ဖို့အတွက်ကို သူတို့ဘယ်လိုလုပ်ဆောင်နေတာလဲ စာချုပ်တွေဘယ်လို ချုပ်ထားသလဲဆိုတာနဲ့ ဘယ်လိုအပေးအယူလုပ်ထားသလဲဆိုတာကို သေသေချာချာမသိသေးဘူး။ ဒါပေမယ့်ဒီကိစ္စကိုအမြန်ဆုံးလုပ်ဆောင်ဖို့ကိုတော့ စဉ်းစားထားတယ်။

Read More »

မွန်ပြည်နယ်လွှတ်တော်၏ဆောင်ရွက်ချက်များကို အရပ်ဖက်အဖွဲ့အစည်းများ စတင်စောင့်ကြည့်နေပြီ

ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး ကျင်းပလျက်ရှိရာ လွှတ်တော်နှင့်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းတို့၏ ဆောင်ရွက်ချက်များကို စတင်စောင့်ကြည့်နေပြီဖြစ်ကြောင်း လူနေမှုဘဝလေ့လာဆန်းစစ်သူများအသင်းက ဒုတိယညှိနှိုင်းရေးမှူး မင်းဝင်းဗိုလ်က ပြောသည်။

Read More »

မွန်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးအား ရွေးချယ်မှု NLD ကိုယ်စားလှယ်အချို့လက်မခံနိုင်ဟုဆို

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် NLD သမ္မတအမည်စာရင်းတင်သွင်းထားသော ဦးမင်းမင်းဦးအား လက်မခံနိုင်သဖြင့် ဝန်ကြီးချုပ်အဖြစ်ကျမ်းမကျိမ်မီ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်သွားမည်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

Read More »

မွန်ပြည်နယ်လွှတ်တော်အတည်ပြုသောဝန်ကြီးချူပ်သစ် နိုင်ငံရေးအတွေ့အကြုံနည်းဟု ဝေဖန်မှုများရှိနေ

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် မွန်ပြည်နယ်လွှတ်တော်က ယနေ့(မတ်လ ၂၈ ရက်နေ့)တွင် အတည်ပြုလိုက်သော ဦးမင်းမင်းဦးသည် နိုင်ငံရေးအတွေ့အကြုံနည်းပါးကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်သုံးသပ်ကြသည်။

Read More »

မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေဟုဆို

မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမူများ ဝင်ရောက်လာခဲ့သည်နှင့်အမျှ စက်ရုံများပေါ်ပေါက်လာခြင်းသည်ဖွံ့ဖြိုးမှုရှိလာသကဲ့သို့ နောက်ကွယ်တွင် ဆိုးကျိုးများလည်း ရှိနေနိုင်ကြောင်း မော်လမြိုင်မြို့၊ ပိုင်ခေတ်ခန်းမ၌ ယနေ့(မတ် ၂၅ ရက်နေ့)တွင် ပြုလုပ်သည့် စနောင်းတိုင်းမွန်သတင်းဌာန Debate အစီအစဉ်တွင် အဖြေရှာဆွေးနွေးခဲ့ကြသည်။ ဦးဆောင်ဆွေးနွေးသူ နိုင်ရဲဇော်က “ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့တော့လိုမယ်။ ဒါကတော့သူက အချိူးကျနေတာကိုး။ စီးပွားရေး ရင်းနှီးမြှုပ်နှံမူများလာလေလေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် များလာရင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်၊ အလုပ်ကိုင်အခွင့်အလမ်းတွေ များလာမယ်။ နည်းပညာတွေတိုးတက်လာမယ်။ ရင်းနှီးမြှုပ်နှံမှုက လုပ်ကိုလုပ်ရမှာပါ။ လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကိုအနည်းဆုံးဖြစ်လာအောင် ဆောင်ရွက်ရမယ်” ဟု ပြောသည်။ ရင်းနှီးမြှုပ်နှံမှုလာရောက်လုပ်ကိုင်သည့် ကုမ္မဏီများကို ဥပဒေအရသေချာစွာလေ့လာ စီစစ်ပြီးမှသာ လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင်လည်း ဆိုးကျိုးတွေနည်းလာမည်ဖြစ်ကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသခံပြည်သူများလက်ခံမှသာ စီမံကိန်းများကိုအကောင်ထည် …

Read More »