မွန်  ၊ အင်္ဂလိပ် ၊  Font

Home / Tag Archives: ခတ္တာနန်း (page 5)

Tag Archives: ခတ္တာနန်း

အဓ္ဓမပြုကျင့်အသတ်ခံ ကချင်ဆရာမနှစ်ဦးအတွက် မွန်ပြည်နယ်တွင် မေတ္တာပို့ဆုတောင်းပွဲပြုလုပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာ၌ ယခုလ ၁၉ ရက်နေ့တွင် ကချင်တိုင်းရင်းသူ စေတနာဝန်ထမ်း ကျောင်းဆရာမနှစ်ဦး အဓမ္မပြုကျင့် အသတ်ခံရခြင်းနှင့် ပတ်သက်၍ မွန်ပြည်နယ်ရှိ လူငယ်များ၊ ၈၈ အဖွဲ့များ၊ မွန်အမျိုးသမီး အဖွဲ့ နှင့် CSO အဖွဲ့တို့ ပူပေါင်း၍ မေတ္တာပို့ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

လာမည့်လဆန်းပိုင်းတွင် ၇ ကြိမ်မြောက်ဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟု NCCT မျှော်လင့်

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ UPWC နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ ၇ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင် ပြုလုပ်နိုင်မည်ဟု NCCT ဒုတိယခေါင်းဆောင် ဗဒို စောကွယ်ထူးဝင်းက ယနေ့ လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။ ၇ ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြန်လည်းပြုလုပ်နိုင်ရန် ယမန်နေ့က မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) မှ တာဝန်ရှိသူများ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် NCCT အဖွဲ့နှင့် ညှိုနှိုင်းမှု ပြုလုပ်ခဲ့သော်လည်း ရက်အတိအကျကို မဆုံးဖြတ်နိုင်ခဲ့ပေ။ ဗဒိုစောကွယ်ထူးဝင်းက “လာမဲ့လဆန်းပိုင်းမှာ တွေ့နိုင်မယ်လို့ ခန့်မှန်ထားပါတယ်၊ ဒါပေမဲ့ နှစ်ဖက်စလုံးပေါ်မှာ မူတည်ပါတယ်၊ ကျနော်တို့ NCCT …

Read More »

မြန်မာပြည်တွင် ဒီမိုကရေစီခေတ်ဆိုသော်လည်း သတင်းလွတ်လပ်ခွင့်မရှိသေးဟုပြော

ယနေ့မြန်မာနိုင်၏ အခြေအနေသည် ဒီမိုကရေစီစနစ်သို့ တိုးတက်ပြောင်းလဲလာသည်ဟု ဆိုသော်လည်း သတင်းလွတ်လပ်ခွင့် မရှိသေးကြောင်း နိုင်ငံတကာ မြန်မာ့သတင်း BNI က ဦးစီးပြုလုပ်သည့် Online Media For Peace Cross Cultural Dialogue Among Myanmar Ethnic Media Group ၏ Editorial Training ဖွင့်ပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဒု-ဥက္ကဌဦးခင်မောင်လေးက ပြောကြားသည်။

Read More »

ဆွေးနွေးပွဲပြန်လည်စတင်မည်ဆိုသော်လည်း ရက်မသတ်မှတ်နိုင်သေး

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ UPWC နှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်ရေးအဖွဲ့ NCCT တို့၏ ရပ်တန့်နေသည့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ပြန်လည်စတင်မည်ဟု ပြောဆိုနေသော်လည်း ရက်အတိအကျ မသိမှတ်နိုင်သေးဟု နှစ်ဖက်ပြောခွင့်ရပုဂ္ဂိုလ်များနှင့် IMNA ယနေ့ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

Read More »

အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကန့်ကွက်လမ်းလျှောက်ဆန္ဒပြပွဲ ပြုလုပ်မည်

ရေးမြို့နယ်၊ အံဒင်ကျေးရွာတွင် Toyo Thai ကုမ္ပဏီ ကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ကန့်ကွက်သည့် ပထမဆုံးအကြိမ် လမ်းလျှောက်ဆန္ဒပြပွဲကို လာမည့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြုလုပ်ရန်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ရေးမြို့နယ်၊ လူမှုအကျိုးဆောင်အဖွဲ့ YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က ပြောသည်။ ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှုကန့်ကွက် လမ်းလျှောက်ဆန္ဒပြပွဲကို ရေးမြို့နယ် လူမှုအကျိုးဆောင် အဖွဲ့ (YSS) က ဦးဆောင်ပြုလုပ်သွားမည်ဟု ဆိုသည်။ ဦးအောင်နိုင်ဝင်းက “ကျနော်တို့ ခွင့်ပြုစာတော့ တင်ထားပြီးပါပြီး၊ ခွင့်ပြုမိန့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျနော်တို့လုပ်စရာရှိတာကိုတော့ လုပ်သွားမှာပဲ၊ ခွင့်ပြုမိန့်မရလည်း ဆန္ဒပြပွဲကို ကျနော်တို့လုပ်မှာပဲ” ဟု ပြောသည်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတို့ကို ဦးတည်ဆန္ဒပြမည် ဖြစ်ကြောင်း၊ ပြည်တွင်းလျှပ်စစ်လိုအပ်ချက် …

Read More »

ကူညီထောက်ပံ့မှုများ အောက်ခြေအထိရောက်ရှိစေရန် နော်ဝေးနိုင်ငံခြားရေးဝန်ကြီးထံတင်ပြ

ယမန်နေ့က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နှင့် နော်ဝေနိုင်ငံခြားရေး ဝန်ကြီး Mr Borge Brende နှင့် တွေ့ဆုံရာတွင် စစ်ပြေးဒုက္ခသည်များဆိုင်ရာ ကူညီထောက်ပံ့မှုများကို အောက်ခြေဒုက္ခသည်များ လက်ထဲသို့ ရောက်ရှိစေရန် ဆောင်ရွက်သင့်သည်ဟု တင်ပြတောင်းဆိုခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

Read More »

လာမည့်ဒီဇင်ဘာတွင် အပစ်ရပ်ဆွေးနွေးပွဲ အပြီးသပ်နိုင်မည်ဟု MPC မျှော်လင့်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်ကော်မတီ (UPWC) နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ (Single Text) ဆွေးနွေးမှုကို လာမည့်ဒီဇင်ဘာလတွင် အပြီးသပ်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေစင်တာMPC အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

Read More »

ထိုင်းနယ်စပ်အခြေစိုက် လူထုအကျိုးပြုအဖွဲ့များနှင့် NCCT ပထမအကြိမ်တွေ့ဆုံ

အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ ဦးစီး၍ ထိုင်းနယ်စပ်အခြေစိုက် CSO, CBO လူထုအကျိုးပြုအဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်ရေးအဖွဲ့ NCCT တို့နှင့် ယခုလ ၂၂ -၂၃ ရက်နေ့များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံရေးဆွေးနွေးပွဲ စတင်ထားစေလိုဟု MPC ပြော

လက်ရှိအစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ၂၀၁၅ နှစ်ဆန်းပိုင်းတွင် နိုင်ငံရေးဆွေးနွေးပွဲကို စတင်ထားစေလိုကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

Read More »

အခြေခံဥပဒေမပြင်သေးလည်း အပစ်ရပ်ဆွေးနွေးပွဲ မထိခိုက်နိုင်ဟု နိုင်ဟံသာပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး၊ မပြင်ရေးသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ တစ်စုံတရာ ထိခိုက်နိုင်မည် မဟုတ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ယနေ့တွင် ပြောသည်။

Read More »