မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း (page 30)

သတင်း

အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ခြင်းသည် အစိုးရ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးနေဟု UNFC ထုတ်ပြန်

NCA လက်မှတ်ရေးထိုးခြင်းမပြုသော EAO’s တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချို့အား ရှမ်းပြည်နယ်လွှတ်တော်တွင်း အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် အတင်းအဓမ္မ သတ်မှတ်လုပ်ဆောင်လာခြင်းသည် လက်ရှိ NLD အစိုးရ ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်နေ့စွဲဖြင့် ကြေညာချက်တွင် ရေးသားဖော်ပြသည်။

Read More »

မွန်အစိုးရအဖွဲ့၏ ပထမ (၆) လပတ်အစီရင်ခံစာ ပြန်လည်ပြင်ဆင်ရေးသားရန် လွှတ်တော်ဆုံးဖြတ်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည့် အချက်အလက်အများစုတွင် လွဲချော်မှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ သုံးသပ်ထားသဖြင့် ၄င်းအစီရင်ခံစာကို စီစစ်ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြပေးရန် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပသည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လွှတ်တော်မှဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရသည်။

Read More »

မွန်ပြည်နယ်ရှိ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့် စီမံကိန်းများ IEE ဆောင်ရွက်ထားမှုမရှိသေး

မွန်ပြည်နယ်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့်စီမံကိန်း ၂၆ ခုရှိနေပြီး ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း IEE ပြုလုပ်ထားမှုမရှိသေးဟု ဒီဇင်ဘာ ၁၃ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မွန်ပြည်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။

Read More »

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပခြင်းသည် NCA နှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်ဟု UNFC ပြော

NCA လက်မှတ်ထိုးထားသည့် အဖွဲ့ ၈ ဖွဲ့နှင့်သာ လာမည့် ၂၀၁ရ ခုနှစ်ဖေဖော်ဝါရီလတွင် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကျင်းပရန်ဆောင်ရွက်နေခြင်းသည် NCA နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုစေနိုင်ကြောင်းဒီဇင်ဘာလ ၁၃ ရက်နေ့က ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်ပြီး UNFC ကြေညာချက် ထုတ်ပြန်ရာတွင် ရေးသားဖော်ပြသည်။

Read More »

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCLနှင့် ပတ်သက်သည့်အစီရင်ခံစာကို သမ္မတထံသို့ ဆက်လက်ပေးပို့မည်

မော်လမြိုင်ဘိလပ်မြေစက်ရုံ MCLနှင့် ပတ်သက်သည့်အစီရင်ခံစာကို ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်အတည်ပြုပြီးဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတထံ ဆက်လက်ပေးပို့သွားမည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့် ရေးကော်မတီဥက္ကဌက ပြောသည်။

Read More »

ပါတီဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ရန် မွန်အမျိုးသားပါတီ ဥက္ကဌနိုင်ငွေသိမ်း ပြော

မွန်အမျိုးသားပါတီ MNP ကို ဦးဆောင်နိုင်မည့် ခေါင်းဆောင်ရွေးချယ်ပါရန် ဒီဇင်ဘာလ (၁၂) ရက်နေ့က ကျင်းပသည့် မော်လမြိုင်မြို့၊ မွန်အမျိုးသားပါတီ ဗဟိုဌာနချုပ် ရုံးချုပ်နေရာသစ်ဖွင့်ပွဲအခမ်းအနားတွင် ဥက္ကဌ နိုင်ငွေသိမ်းက သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Read More »

ရေးမြို့နယ်တောင်ပိုင်းမှ ရာချီရှိသည့် ငွေစုငွေချေးအသင်းဝင်များ ငွေပြန်မရ

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းတစ်လျှောက် ကျေးရွာများရှိ ငွေစုငွေချေးအသင်း အသီးသီးမှ ထောင်ကျော်ရှိသည့် အသင်းဝင်များသည် သတ်မှတ်ငွေများ ထည့်ဝင်ခဲ့ကြသော်လည်း သတ်မှတ်ကာလ ကျော်လွန်သည်ထိ ပြန်လည်မရရှိကြကြောင်း ၎င်းတို့ထံမှ သိရသည်။

Read More »

မွန်ပြည်နယ်ရှိတရားမဝင်ကျောက်မိုင်းလုပ်ငန်းများအား အရေးယူမည်

မွန်ပြည်နယ်အတွင်း လုပ်ငန်းခွင့်ပြုချက် လိုင်စင်မရှိဘဲ ကျောက်ထုတ်လုပ်ခြင်း၊ တရားမဝင် ဓာတ်သတ္တု တူးဖော်ခြင်းလုပ်ငန်းများ၊ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခွင့်လျှောက်ထားဆဲကာလတွင် ခွင့်ပြုချက်မရမီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းများကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ (၈) ရက်နေ့က ကျင်းပသည့် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

Read More »

မွန်ပြည်နယ်တွင် ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၀ဝ ကျော် ဖြစ်ပွား

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ယခုနှစ် ဇန်နဝါလမှ နိုဝင်ဘာလအထိ ၁၁ လအတွင်း ယာဉ်တိုက်မှုပေါင်း ၇၁၆ မှုရှိပြီး လူ ၂၈၇ ဦးသေဆုံးကာ စုစုပေါင်း ၁၁၈၁ ဦးဒဏ်ရာရရှိခဲ့သည်ဟု ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး (မော်လမြိုင်) မှ သိရသည်။

Read More »

ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်းတင်သွင်းထား

လာမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်လျက်ရှိသော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၅ ဦး အမည်စာရင်း တင်သွင်းထားကြောင်း မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်ပွဲကော်မရှင်ရုံးအရာရှိ ဦးထင်ကျော်က မွန်သတင်းအေဂျင်စီ သို့ပြောသည်။

Read More »