မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း (page 293)

သတင်း

စံခလပူရီအနီး စိတ်ကြွဆေး အလုံးတစ်သောင်းကျော် ဖမ်းဆီးမိ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ။     ။ မြန်မာပြည်မှ ထိုင်းနိုင်ငံသို့ တင်သွင်းလာသော ရာဘစိတ်ကြွဆေးပြား အလုံးတစ်သောင်းတစ်ရာတိတိ ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးမိခဲ့ကြောင်း စံခလပူရီမြို့မှ ထိုင်းအာဏာပိုင်တစ်ဦးက ပြောသည်။ “စစ်ဆေးမေးမြန်းချက်အရ သူက ကယ်ရီသမားပဲတဲ့၊ ဒါက ဒုတိယအကြိမ်လို့ ပြောတယ်၊ သူ့အဖွဲ့ဝင်တွေ ရှိသေးတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ ဖမ်းဆီးမိမိချင်း တရားခံအား ကန်ချနပူရီခရိုင်ရုံးသို့ ချက်ချင်းပို့ဆောင်လိုက်သည်ဟု သိရသည်။ အဆိုပါ ရာဘဆေးပြား သယ်ဆောင်ခဲ့သူမှာ ဘုရားသုံးဆူမြို့နေ အသက် (၃၄) နှစ်ရှိ ကရင်အမျိုးသား နိုင်မစ်ဆိုသူ ဖြစ်ပြီး ထိုင်းမှတ်ပုံတင်အတု ကိုင်ဆောင်သူဟု သိရသည်။ “ဒီတရားခံ ပြောတာက သယ်ဆောင်ခ တစ်ခေါက် ဘတ်ငွေ ခြောက်သောင်းခွဲ ရတယ်လို့ ပြောတယ်” ဟု …

Read More »

ခြင်သတ်ဆေးဖျန်းလိုလျှင် ငွေပေးပြီး ဖျန်းနိုင်

ဂျူရီီချိုင်း ။    ။ မွန်ပြည်နယ် မုဒုံမြို့ပေါ် ရပ်ကွက်တိုင်းရှိ အိမ်များ ခြင်းသတ်ဆေးဖျန်းလိုပါက ကျန်းမာရေးဌာနသို့ အ  ကြောင်းကြား ငွေပေးဆောင်ပြီးမှ လာရောက်ဖြန်းပေးနေသည်။

Read More »

ကွန်နက်ရှင်ကြောင့် အင်တာနက်သုံးစွဲသူနည်းပါးလာ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ။   ။မီးပုံမှန်ပြန်ရနေသည့်အတွက် အင်တာနက်ဆိုင်ဖွင့်ထားသူများ အဆင်ပြေမှုရရှိမည်ဟု မျှော်မှန်းထားသော်လည်း ကွန်နက်ရှင်မကောင်းသည့်အတွက် ဆိုင်ဝင်ရောက်သူနည်းပါးလာက ဆိုင်ရှင်များအခက်ကြုံနေရသည်။

Read More »

တက္ကသိုလ်ကျောင်းဝင်းအတွင်း အပြင်လူ ဝင်ခွင့်မရှိ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ။   ။ ဒုတိယနှစ်ဝက် ကျောင်းဖွင့်ချိန် ဇွန်လမှ စ၍ မော်လမြိုင်တက္ကသိုလ်အတွင်းသို့ ကျောင်းသားကဒ် ချိတ်ဆွဲထားခြင်း မရှိသူများအား ကျောင်းဝင်းအတွင်းသို့ ဝင်ခွင့် မပြုတော့ကြောင်း ကျောင်းသူ ကျောင်းသားများက ပြောသည်။

Read More »

စံခလပူရီတွင် ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် ကားတစ်စီး တိမ်မှောက်သွား

ဂျူရီချိုင်း။    ။ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်လာသည့် အလုပ်သမား တင်ကားတစ်စီး တိမ်မှောက်သွားပြီး ဒဏ်ရာအများအပြားရရှိကြသည်။

Read More »

ပါတီဝင်အင်အား စုစည်းရန် ကြံ့ဖွံ့တိုက်တွန်း

မိကျလွန်းထော ။    ။မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ပါတီဝင်အင်အားတိုးလာစေရန်အတွက် တစ်ရွာလျှင် ၄၀ ဦးမှ ၅၀ ဦးအထိ စုစည်းထားရန် ကျေးရွာဥက္ကဌများအား တိုက်တွန်းထားသည်။

Read More »

အဖွဲ့အစည်းကားများသာ လိုင်ပြေးဆွဲခွင့်ရှိ

မင်းအာသံ။   ။လိုင်စင်မဲ့ကားများ ဖမ်းဆီးမည်ဟု သတင်းထွက်နေသော်လည်း မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ဘက်မှာ လိုင်ပြေးဆွဲနေသည့် လိုင်စင်မဲ့ အဖွဲ့အစည်းကားများ ပြေးဆွဲနေလျှက်ရှိသည်။

Read More »

မဲဲထည့်နိုင်သူများစာရင်း လိုက်လံကောက်ခံနေ

ဂျူရီချိုင်း။   ။မွန်ပြည်နယ်တောင်ပိုင်း မြို့နယ်တချို့ရှိ ကျေးရွာများအတွင်း ရယကတို့မှ အသက် (၁၈) နှစ်ပြည့်သူများစာရင်းကို ယခုရက်ပိုင်းအတွင်း လိုက်လံကောက်ခံနေသည်။

Read More »

အင်းစိန်ထောင်တွင် အရှင်ဥက္ကံသ ကျောက်ကပ်ရောဂါခံစားနေရ

အာကာ။   ။၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်မှုဖြင့် အင်းစိန်ထောင်တွင် ထောင်အချုပ်ကျခံနေရသည့် အရှင်ဥက္ကံသ (အရှင်အဇ္ဇ) ခေါ် ဦးဇင်းဇော်လတ်သည် ထောင်တွင်း၌ ကျောက်ကပ်ရောဂါ ခံစားနေရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

Read More »