မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း (page 290)

သတင်း

ခြံထွက်သစ်သီး အထွက်နှုန်း လျော့နည်း

မင်းဇနူ၊ မိယဉ်မွန် .. မွန်ပြည်နယ်အတွင်း သစ်သီးစိုက်ပျိုးရာ မုဒုံမြို့နယ်နှင့် ရေးမြို့နယ်ဘက်မှာ ယခုနှစ် ရာသီဥတုပူပြင်းမှုကြောင့် သစ်သီးပင် သေဆုံးမှုရှိကာ သစ်သီးအထွက်နှုန်း လျော့နည်းသည်ဟု ဒေသခံတို့က ပြောသည်။

Read More »

ဆန်စျေးနှုန်း နောက်ထပ်တက်ရန် အလားလာရှိဟု ဒေသခံတို့ပြော

မိကျလွန်းထော ယခုနှစ် စပါးပျိုးချိန်နောက်ကျခြင်းနှင့် ယမန်နှစ်က စပါးအထွက်လျော့နည်းခြင်းတို့ကြောင့် စပါးစျေးများ လက်ရှိစျေးထက် ပိုတက်လာဖွယ်ရှိကြောင်း တောင်သူလယ်သမားတို့က ပြောသည်။

Read More »

အပူလွန်ကဲမှုကြောင့် နှစ်ရှည်ပင်များ ခြောက်သွေ့သေဆုံးမှုရှိ

မင်းတော်လဝီ ယခုနှစ် နွေရာသီကာလ ရှည်ကြာခြင်းနှင့် အပူရှိန်လွန်ကဲမှုကြောင့် နှစ်ရှည်ပင်များ ခြောက်သွေ့ သေဆုံးမှုများရှိနေကြောင်း ရေးမြို့နယ်အတွင်းရှိ ခြံပိုင်ရှင်တို့က ပြောသည်။

Read More »

နိုင်အောင်နိုင်အဖွဲ့မှ အခြေခံစစ်သင်တန်း ပေးနေပြီ

IMNA, ပြည်သူ့စစ်တပ်အသွင်ပြောင်းမည့် နိုင်အောင်နိုင်ဦးဆောင်တပ်ဖွဲ့မှ စုဆောင်းရရှိထားသည့် တပ်သားသစ်များကို မေလပထမပတ်မှစပြီး စစ်အစိုးရမှ အခြေခံစစ်သင်တန်း ပို့ချပေးနေသည်။

Read More »

ခေါ်ဇာမြို့ဥက္ကဌမှ ပြည်သူ့စစ်အတွက် ငွေတောင်း

လွတ်လပ်သောမွန်သတင်းအေဂျင်စီ မြန်မာနိုင်ငံတောင်ပိုင်း၊ ရေးမြို့နယ်၊ ခေါ်ဇာမြို့ပေါ်ရှိ ရပ်ကွက်ဥက္ကဌတို့မှ ပြည်သူ့စစ်အတွက် ငွေကြေးတောင်းခံရန် မေလ ၁၄ ရက်နေ့က ဒေသခံများကို အစည်းအဝေးခေါ်ယူသည်။

Read More »

ငွေကြေးတောင်းခံရန် အထိန်းသိမ်းခံထားရသူများ ပြန်လွတ်လာ

မိကျလွန်းထော မွန်ခွဲထွက်ရေး နိုင်ချမ်းဒိန်းအဖွဲ့မှ ငွေတောင်းခံရန် ခေါ်ဆောင်သွားသည့် တနင်္သာရီတိုင်း ရေဖြူမြို့နယ် ကျောက်ကဒင်းရွာနှင့် ရာဖူးရွာမှ ဒေသခံများ ယမန်နေ့က ပြန်လွတ်လာပြီးဖြစ်သည်။

Read More »

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပါတီတည်ထောင်ခွင့်ရ

အာကာ၊ လွယ်ထော : ဧပြီလ ၃၀ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုရန် ရွေးကောက်ပွဲ ကော်မရှင်သို့ လျောက်ထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား မေလ ၄ ရက်နေ့တွင် ပါတီတည်ထောင်ခွင့်ပြုကြောင်း မေလ ၅ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖေါ်ပြခဲ့သည်။ ပါတီခေါင်းဆောင်နှင့် ပါတီတံဆိပ် အလံများကိုလည်း ရွေးချယ်ပြီးစီးပြီ ဖြစ်ကြောင်း ပါတီခေါင်းဆောင် နိုင်ငွေသိန်းက ပြောသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ယခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ မွန်အမျိုးသားထု တစ်ရပ်လုံးနှင့် မွန်ဒေသအဝှမ်းရှိ တိုင်းရင်းသားများအား ကိုယ်စားပြုကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမင်းနွယ်စိုးက ပြောသည်။ ‘မွန်အမျိုးသားထုတစ်ရပ်လုံးနဲ့ မွန်ဒေသအတွင်းမှာရှိတဲ့ …

Read More »

ရေခန်းခြင်းကြောင့် ရေလုပ်သားများ စီးပွားရေးအခက်ကြုံ

မိကျလွန်းထော : ထိုင်းနိုင်ငံ စံခလပူရီမြို့နယ် ဝင်္ကရွာတွင် ရာသီဥတုကြောင့် ရွာလုံးကျွတ်သုံးစွဲနေသည့် ကန်အတွင်းရှိရေများ ယမန်နှစ်ထက် ခန်းခြောက်သွားသောကြောင့် ၄င်းကို အမှီပြုနေကြသည့် ဖောင်အိမ်များ၊ ရေလုပ်သားများ စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ “ရေခန်းတာက ရာသီဥတုကြောင့်ဖြစ်တာပါ၊ ကျနော်တို့လို ရေမှာ လုပ်စားနေသူတွေအတွက်တော့ အခက်ခဲဖြစ်တာပေါ့၊ ရေခန်းသွားလို့ ရေအောက်က အဆူးအငုတ်တွေပေါ်လာတော့ ဖောင်အိမ်ငှားတဲ့လူလည်း မရှိတော့ဘူးပေါ့၊ အဲဒါကြောင့် အငှားဖောင်အိမ်တွေ ရေပေါ်စားသောက်ဆိုင်တွေ တွက်ခြေမကိုက်တော့တာပေါ့” ဟု ရေပေါ်အိမ်ဖြင့် ၂၄ နှစ်ကြာ အသက်မွေးဝမ်းကျောင်းပြုနေသူ ဦးချစ်ငွေက ပြောသည်။ ရေအလွန်ခန်းခြောက်သွားသည့်အတွက် ကန်အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသူများ စက်ဖြင့် ရေပိုက်သွယ်ယူရန် အခက်အခဲဖြစ်သည့်အပြင် ရေစက်မရှိသူများအတွက် ပိုပြီး ဒုက္ခရောက်ရသည်ဟု စိုက်ခင်းသမားတစ်ဦးက …

Read More »

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပြီ

မိကျလွန်းထော ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းနှင့် ဖလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးသိမ်းရှောင်လာကြသည့် မွန်ဒုက္ခသည်များ နေရပ်သို့ တရွေ့ရွေ့ ပြန်နေကြပြီဖြစ်သည်။

Read More »

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ ဖောက်ခွဲသူထံ ပြန်မှန်

လွယ်ထော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပြင်ဂိတ်မှာ ဧပြီလ ၉ ရက်နေ့ ည ၉ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ဖောက်ခွဲသူနှစ်ဦးထံ ပြန်မှန်ကာ အာဏာပိုင်တို့မှ ဖမ်းဆီးမိခဲ့သည်။

Read More »