မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း (page 284)

သတင်း

ရေခန်းခြင်းကြောင့် ရေလုပ်သားများ စီးပွားရေးအခက်ကြုံ

မိကျလွန်းထော : ထိုင်းနိုင်ငံ စံခလပူရီမြို့နယ် ဝင်္ကရွာတွင် ရာသီဥတုကြောင့် ရွာလုံးကျွတ်သုံးစွဲနေသည့် ကန်အတွင်းရှိရေများ ယမန်နှစ်ထက် ခန်းခြောက်သွားသောကြောင့် ၄င်းကို အမှီပြုနေကြသည့် ဖောင်အိမ်များ၊ ရေလုပ်သားများ စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်။ “ရေခန်းတာက ရာသီဥတုကြောင့်ဖြစ်တာပါ၊ ကျနော်တို့လို ရေမှာ လုပ်စားနေသူတွေအတွက်တော့ အခက်ခဲဖြစ်တာပေါ့၊ ရေခန်းသွားလို့ ရေအောက်က အဆူးအငုတ်တွေပေါ်လာတော့ ဖောင်အိမ်ငှားတဲ့လူလည်း မရှိတော့ဘူးပေါ့၊ အဲဒါကြောင့် အငှားဖောင်အိမ်တွေ ရေပေါ်စားသောက်ဆိုင်တွေ တွက်ခြေမကိုက်တော့တာပေါ့” ဟု ရေပေါ်အိမ်ဖြင့် ၂၄ နှစ်ကြာ အသက်မွေးဝမ်းကျောင်းပြုနေသူ ဦးချစ်ငွေက ပြောသည်။ ရေအလွန်ခန်းခြောက်သွားသည့်အတွက် ကန်အနီးရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးနေသူများ စက်ဖြင့် ရေပိုက်သွယ်ယူရန် အခက်အခဲဖြစ်သည့်အပြင် ရေစက်မရှိသူများအတွက် ပိုပြီး ဒုက္ခရောက်ရသည်ဟု စိုက်ခင်းသမားတစ်ဦးက …

Read More »

စစ်ပြေးဒုက္ခသည်များ နေရပ်သို့ ပြန်နေကြပြီ

မိကျလွန်းထော ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီဒုက္ခသည်စခန်းနှင့် ဖလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးသိမ်းရှောင်လာကြသည့် မွန်ဒုက္ခသည်များ နေရပ်သို့ တရွေ့ရွေ့ ပြန်နေကြပြီဖြစ်သည်။

Read More »

ဗုံးပေါက်ကွဲမှုဖြစ်ပွားရာမှ ဖောက်ခွဲသူထံ ပြန်မှန်

လွယ်ထော ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပြင်ဂိတ်မှာ ဧပြီလ ၉ ရက်နေ့ ည ၉ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ဖောက်ခွဲသူနှစ်ဦးထံ ပြန်မှန်ကာ အာဏာပိုင်တို့မှ ဖမ်းဆီးမိခဲ့သည်။

Read More »

မွန်ပြည်နယ်တွင် ဒုတိယအကြိမ် ဗုံးပေါက်ကွဲ

အာကာ – ယမန်နေ့ည ၉ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ဇေယျရပ်ကွက် မြို့မရဲစခန်းဝင်းအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ယခုနှစ်အတွင်း မွန်ပြည်နယ်၌ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်သည်။

Read More »

မွန်ဒေသခံများကို ပြန်ပေးဆွဲငွေတာင်းခံ

မင်းအာသံ – မွန်ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့က ယမန်နေ့ညမှာ ရေဖြူမြို့နယ်အတွင်း မွန်ကျေးရွာသားများကို ပြန်ပေးဆွဲငွေတောင်းခံခဲ့သည်။

Read More »

ရွာအနီး မြန်မာစစ်အစိုးရတို့ ရောက်လာ၍ ရွာသားများစိုးရိမ်နေကြ

ဂျူရီချိုင်း၊ မင်းဇနူ – ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဗမာစစ်တပ်တို့ တစ်ခါမှမလာဘဲ ယခုမှလာရောက်နေသည့်အတွက် ရွာသူရွာသားများကြောက်ရွံ့နေကြကြောင်း သိရသည်။

Read More »

မြန်မာပြည်သူနဲ့ အလုပ်သမားများနေ့ အသိတရားများ

ကွန်းချမ်း – အလုပ်သမားတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ မိမိတို့ကိုယ်ပိုင်အခွင့်အရေး တောင်ဆိုတတ်မှုတွေအတွက် အလုပ်သမားနေ့မှ မီးမောင်းထိုးပြနိုင်ပါတယ်။ အလုပ်သမားနေ့ ကျရောက်တဲ့အခါတိုင်း ကမ္ဘာအရပ်ရပ်ကနိုင်ငံတော်တော်များများ အလုပ်သမားထုတွေစုဝေးပြီး ကိုယ်ပိုင်အခွင့်အရေးအပါအဝင် လုပ်ငန်းခွင်အခွင့်အရေး၊ လုပ်ငန်းခွင်မှာ အမျိုးသား အမျိုးသမီး တန်းတူရည်တူအခွင့်အရေးရရှိမှု အပါအဝင် ထိုက်တန်သောလုပ်အားခ ရရှိရေး၊ ခံစားခွင့်နဲ့ လုပ်ငန်းခွင်လုံခြုံမှုအာမခံများစွာအတွက် ဆန္ဒပြပွဲတွေ၊ စုရုံးချီတက်ပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ စုရုံးလုပ်ဆောင်တဲ့ နေ့လည်းဖြစ်ပါတယ်။ သည်လို ကိုယ့်လုပ်ငန်းခွင် ကိုယ့်လုပ်အားအခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အမျိုးမျိုးလှုပ်ရှား ဆောင်ရွက်နိုင်စွမ်းရှိပေမယ့် မြန်မာနိုင်ငံမှ အလုပ်သမားတွေအတွက်တော့ အဲဒီလို တောင်းဆိုမှုတွေမပြုနိုင်တဲ့အပြင် ရှိသင့်တဲ့ အခြေခံအခွင့်အရေးကိုတောင်ဆုံးရှုံးနေရကြောင်း နိုင်ငံတကာအလုပ်သမားများအဖွဲ့မှ ထောက်ပြထားပါတယ်။

Read More »

ဟံသာဝတီပျက်သုဉ်းခြင်း အခမ်းအနား ပြည်တွင်း၌ မကျင်းပနိုင်

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – နှစ်စဉ်ကျင်းပမြဲဖြစ်သော ဟံသာဝတီပျက်သုဉ်းခြင်း အခမ်းအနားကို ယခုနှစ် မကျင်းပနိုင်ကြောင်း ပြည်တွင်းရှိ မွန်ဒေသအသီးသီးမှ အခမ်းအနားဖြစ်မြောက်ရေးကော်မတီဝင်များက ပြောသည်။

Read More »

ကျိုက်မရောမြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ် ကလိုင်ကနိုင်ရပ်ကွက်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးမှာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီအချိန်မှာ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားပြီး ရုံးမှ ဝန်ထမ်း ၃ ဦးထိခိုက်ဒဏ်ရာရရှိသည်။

Read More »

ဘုရားသုံဆူမြို့တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုဖြစ်ပေါ်နေ

မင်းတော်လဝီ– ရာသီဥတုပူပြင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ်တွင် သောက်သုံးရေရှားပါး ပြတ်လတ်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ရေးကိုလည်း စျေးကြီးစွာ ဝယ်ယူသုံးစွဲနေရကြောင်း ဒေသခံတို့က ပြောသည်။

Read More »