မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း

သတင်း

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံကို မေလဒုတိယပတ်တွင် ကျင်းပရန်လျာထား

ဒုတိယအကြိမ် မွန်နိုင်ငံရေးညီလာခံ Mon Political Conference ကို လာမည့်မေလ ၁၂ ရက်နေ့မှစတင်၍ မော်လမြိုင်မြို့တွင် ၃ ရက်ကြာ ကျင်းပရန်လျာထားပြီး မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေးအတည်ပြုမည်ဖြစ်ကြောင်း မွန်အမျိုးသားကိုယ်စားပြု ပါတီဖော်ဆောင်ရေးအဖွဲ့မှ နိုင်တလညီက ပြောသည်။ နိုင်တလညီက “ဒီနိုင်ငံရေးညီလာခံမှာ ပထမအချက်က မွန်အမျိုးသားကိုယ်စားပြုပါတီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေး အတည်ပြုမယ်။ ဒုတိယအချက်က မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်သွားဖို့ ရှိတယ်” ဟု ပြောသည်။ ယခင်ညီလာခံတက်ရောက်ခဲ့သူများကို၄င်း မွန်အမျိုးသားရေးစိတ်ဝင်စားသူနှင့် ဖိတ်ကြားသင့်သူများကို၄င်း ဖိတ်ကြားသွားမည်ဟု သူကဆိုသည်။ “ကျင်းပရေးကော်မတီက လုပ်ငန်းစဉ်အရ ဖိတ်ကြားသွားဖို့ ရှိတယ်။ တက်တာ မတက်တာက သက်ဆိုင်ရာ ပါတီတွေရဲ့ အပိုင်းဖြစ်တယ်” ဟု နိုင်ငံရေးပါတီတို့၏ပါဝင်မှုနှင့်ပတ်သက်ပြီး နိုင်တလညီက …

Read More »

မွန်ပြည်သစ်ပါတီ ပြည်နယ်အဆင့် JMC-S မဖွဲ့စည်းနိုင်သေး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA တွင် မွန်ပြည်သစ်ပါတီ NMSP ပါဝင်လက်မှတ် ရေးထိုးခဲ့သည်မှာ ၂ လခွဲနီးပါးရှိပြီဖြစ်သော်လည်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S မဖွဲ့စည်းနိုင်သေးကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာ

Read More »

မွန်အမျိုးသမီးဖိုရမ် ကျင်းပမည်

မွန်အမျိုးသမီးကွန်ရက် (MWN) မှ ဦးစီး၍ မနက်ဖန် ဧပြီလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ၊ မော်လမြိုင်မြို့ရှိ ဓမ္မကာမီပရိယတ္ထိစာသင်တိုက်တွင် မွန်အမျိုးသမီးဖိုရမ်တစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း

Read More »

အပျိုစင်ဘီလူးကျွန်း

ဘီလူးကျွန်းသည် မော်လမြိုင်မြို့၏ အနောက်ဘက်ယွန်းယွန်း သံလွင်မြစ်တစ်ဖက်ကမ်း ရေပတ်လည်ဝန်းရံလျှက်ရှိသော မွန်ပြည်နယ်ထဲတွင်ရှိသော ကျွန်းကြီးတစ်ကျွန်းဖြစ်သည်။ ဘီလူးကျွန်းကို ကျေးရွာပေါင်း(၆၄)ရွာ ၊ ကျေးရွာအုပ်စု(၄၆)အုပ်စုဖြင့် ပေါင်းစပ်ဖွဲ့စည်းထားပြီး ချောင်းဆုံမြို့နယ် ဟုလည်းခေါ်ဆိုသည်။

Read More »

မွန်ပြည်နယ်တွင် စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် (၂၀၀၀) ကျော် ဖမ်းဆီးအရေးယူခဲ့

မွန်ပြည်နယ်အတွင်း မတ်လ (၂၁)ရက်နေ့မှ ဧပြီလ (၁၃) ရက်နေ့အထိ စည်းကမ်းမဲ့ မော်တော်ဆိုင်ကယ် စုစုပေါင်း (၂၁၈၁) စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း

Read More »

မွန်ပြည်သစ်ပါတီ NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဝယ်ဇင်စခန်းတွင် ဆက်လက်ပြုလုပ်မည်

NCA လုပ်ငန်းစဉ်ရှင်းလင်းပွဲ ဒုတိယခြေလှမ်းအဖြစ် ရေးမြို့အရှေ့ဖက်ခြမ်းရှိ NMSP ထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ လာမည့်ဧပြီ ၂၆-၂၇ ရက်များတွင် နှစ်ရက်ကြာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက

Read More »

မွန်အမျိုးသား ကိုယ်စားပြုပါတီဟု ဆိုသောအခါ

မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်နယ်မြေ ညီစားစခန်းမှာ ပြီးခဲ့သည့် ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လုပ်ငန်းစဉ် ရှင်းလင်းပွဲ ကျင်းပအပြီး AMDP,MNP, NMSP ပါတီခေါင်းဆောင်များ တစ်နာရီကြာခန့် အချိန်ယူ၍ မွန်ပါတီပေါင်းစည်းရေး အလွတ် သဘော ဆွေးနွေးပွဲ တစ်ရပ်

Read More »

သင်္ကြန်ကာလ မွန်ပြည်နယ်ထူးခြားဖြစ်စဉ်သတင်းများ

ဘီလူးကျွန်း အပြိုင်ကျေးရွာတွင် နေအိမ် ၄၅ လုံးမီးလောင်ဆုံးရှုံး ဘီလူးကျွန်း-ချောင်းဆုံမြို့နယ်၊ အပြိုင်ကျေးရွာ၌ ဧပြီလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်တွင် နေအိမ် ၄၅ လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။ မီးစတင်လောင်ကျွမ်းခံရသည့် ကိုစိန်နှင့် မချို၏ နေအိမ်အား မွန်ချမ်း(ခ)မောင်ချမ်း ဆိုသူမီးရှို့ခဲ့သည်ဟု ဆိုသဖြင့် ချောင်းဆုံမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေ သိန်းခြောက်ရာ (၅၉,၇၃၇,၅၀၀) ကျပ်ခန့် ရှိကြောင်း မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှထုတ်ပြန်ခဲ့ပြီး မီးဘေးဒုက္ခသည် ၂၀၀ ဦးနီးပါးခန့်အား အပြိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ မီးဘေးသင့်စခန်း ဖွင့်လှစ်ထားသည်။ မွန်ပြည်နယ်အစိုးရ မော်လမြိုင်လမ်းလျှောက်သင်္ကြန် အစီအစဉ်ပျက် …

Read More »

သံဖြူဇရပ်မြို့နယ်တွင် ရွှေ့ပြောင်းအလုပ်သမား (၃)ဦးက ရာဘာခြံပိုင်ရှင်အမျိုးသမီးကို ရိုက်သတ်မှုဖြစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲရက်ကျေးရွာ၌ ရာဘာထင်းခြောက်ကောက်သည့်ကိစ္စစကားများကြရာမှ ရွှေ့ပြောင်းအလုပ်သမား (၃) ဦးက ပငကျေးရွာမှ ရာဘာခြံပိုင်ရှင်အမျိုးသမီးတစ်ဦးကို ဧပြီလ ၁၂ ရက် ညနေပိုင်းအချိန်တွင် ရိုက်သတ်မှုဖြစ်ပွားခဲ့ကြောင်း

Read More »

NCA သည် မိမိတို့ပန်းတိုင်မဟုတ်ဟု မွန်ပြည်သစ်ပါတီပြော

NCA သည် နိုင်ငံရေးဆွေးနွေးသည့်နည်းလမ်းတစ်ခုသာဖြစ်ပြီး မိမိတို့ NMSP ပါတီ၏ရည်မှန်းချက်ပန်းတိုင် မဟုတ်ကြောင်း ဧပြီလ ၉ ရက်နေ့က စတင်ကျင်းပသော

Read More »