မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မေးမြန်းချက် (page 5)

မေးမြန်းချက်

သုဝဏ္ဏဘူမိသုတေသနဖြင့် အမျိုးသားစာပေဆုရရှိသူ ဆရာဦးစံဝင်း

မေး။ ။ပထမ ဦးဆုံးအနေနဲ့ ဒီစာအုပ် ရေးသားဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ ? ဖြေ။ ။ဆရာက သထုံမှာမွေးတယ်၊ သထုံခရိုင်မှာ သထုံမြို့ဟောင်းရှိတယ် ဆိုတာကို မသိကြဘူး၊ ဆရာက ဒါကိုသိတယ်လေး၊ ဟိုးကလေးဘဝကတည်းက ဒီအကြောင်းကိုသိခဲ့တယ်၊ အရွယ်ရောက်လာတော့ သမိုင်း ပညာကို တတ်လာတော့ သမိုင်းမှာ သင်ထားတဲ့ပညာတွေနဲ့ ဘာတွေလုပ်သင့်သလဲ၊ ပြန်ပြီးဖော်ထုတ်ဖို့က ရည်ရွယ်ချက် (၁) ပေါ့နော်၊ နောက်တစ်ချက်ကတော့ ဆရာတို့

Read More »

Miss Myanmar Universe 2014 2nd runnerup ဆုရ ရွှေစင်ကိုကို နှင့်ဆက်သွယ်မေးမြန်းချက်

အမေရိကန်ပြည်ထောင်စုမှာကျင်းပမယ့် ၂၀၁၄ ကမ္ဘာ့မယ်စင်္ကြာဝဠာပြိုင်ပွဲအတွက် မြန်မာအလှမယ်ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ဇူလိုင်လ ၂၇ ရက်ကျင်းပခဲ့ရာ Miss Myanmar Universe ဆုကို မသျှားထွဋ်အိန္ဒြာ၊ 1st Runnerup ယွန်းမီမီကျော်၊ 2nd Runnerup ရွှေစင်ကိုကို တို့က ဆုအသီးသီး ရရှိခဲ့ပါတယ်။

Read More »

NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းချက်

ပြည်တွင်းငြိမ်ချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ရုံးချုပ်၌ ဇွန်လ ၆ ရက်နေ့တွင် နိုင်ဟံသာအား တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်သည်-(အယ်ဒီတာ) IMNA-ပထမဆုံးသိချင်တာက ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ ဘာကြောင့်လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တော်လှန်တိုက်ပွဲဝင်နေတာကြတာလဲ? နိုင်ဟံသာ– လွယ်လွယ်နဲ့ရှင်းရှင်း ဖြေရရင် တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမှာ လူမျိုးရေးအရ တန်းတူအခွင့်အရေးမရှိလို့ဖြစ်တယ်။ အာဏာရအစိုးရအဆက်ဆက်ဟာ ဗမာစကား၊ စာပေ၊ ယဉ်ကျေးမှုနဲ့ ဗမားသမိုင်းတွေကိုပဲ ဦးစားပေးဖော်ဆောင်နေပြီး၊ အခြားတိုင်းရင်းသားတွေရဲ့ ဘာသာစကား စာပေယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်တွေကို အာဏာနဲ့ ပိတ်ပင်ဖျောက်ဖျက်နေလို့ဖြစ်တယ်။ ရေရှည်မှာ တိုင်းရင်းသားတွေအားလုံးပျောက်ကွယ်ပြီး ဗမာလူမျိုးဖြစ်သွားဖို့ကို လုပ်ဆောင်နေလို့ဖြစ်တယ်။ IMNA-တိုင်းရင်းသားလူမျိုးအားလုံးက ဒီလိုပဲမြင်နေကြသလား? နိုင်ဟံသာ– ဟုတ်တယ်။ ဒါကြောင့်ထင်ရှားတဲ့ တိုင်းရင်းသားလူမျိုးအားလုံးတို့က လက်နက်တော်လှန်နေကြတာဖြစ်တယ်။ တကယ်လို့ လူမျိုးအချို့လောက်ကပဲ အမြင်လွဲမှား …

Read More »

မြန်မာစစ်တပ်ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာသူ နိုင်ဝင်းသောင်းအား ဆက်သွယ်မေးမြန်းချက်

​မေး ။ ။ ဘယ်လိုအဖမ်းခံခဲ့ရပါသလဲ? ဖြေ ။ ။ သုမင်္ဂလံရွာနဲ့ ရွာသစ်ကြားမှာ အမဲထောင်ခြောက်ဆင်ရင်းနဲ့ ကျနော်ကို စစ်ကြောင်းတွေ့သွားပြီး ဖမ်းသွားကြတယ်၊ လက်နှစ်ဖက်နောက်ပြစ်-လည်းပင်ကြိုးဆွဲပြီး ခေါ်သွားတယ်၊ နောက်ပြီး သေနတ်ပစ်သံကြားတယ်၊ မွန်ပြည်သစ်ကင်းတဲနဲ့ ပစ်ခတ်ကြတယ်။

Read More »

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ခေတ္တတွေ့ဆုံမေးမြန်းချက်-

တွေ့ဆုံမေးမြန်းသူ – မင်းမွေ – MM – အန်တီကို တိုင်းရင်းသားအရေးကိစ္စမေးချင်လို့ပါ။ ဒီလွှတ်တော်မှာ တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက် ပြီး

Read More »

ထူးမခြားနား အစိုးရသစ်

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

(မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် တွေ့ဆုံ မေးမြန်းချက်) ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို ထိုးစစ်ဆင်နေသည့် အစိုးရသစ်က မွန်ပြည်သစ်ပါတီအပေါ် ထားရှိလာနိုင်မည့် သဘောထားနှင့် လက်ရှိ အစိုးရသစ်အပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားကို သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ တွေ့ဆုံ မေးမြန်းထားပါသည်။

Read More »

အပြစ်ရှာဖို့ လာရင် အလုပ် မဖြစ်နိုင်

နိုင်ငွေသိန်း

အမေရိကန်သမ္မတ အိုဘားမားက မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦး ခန့်အပ်ဖို့ စီစဉ်နေရာတွင် မြန်မာ့ ဒီမိုကရေစီရေးနှင့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုဆိုင်ရာ ကိစ္စများကို အဓိက ကိုင်တွယ်မည်ဟု ယူဆနေကြသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ် ၁၆ နေရာ အနိုင်ရခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းကို မိကျဲဂိုက ဆက်သွယ် မေးမြန်းထားပါသည်။ မေး။ ။ အမေရိကန်အစိုးရက အထူးကိုယ်စားလှယ် ခန့်အပ်မယ့် အစီအစဉ်ကို ဘယ်လို နားလည်ပါသလဲ? ဖြေ။ ။ ဆွေးနွေးဖို့၊ အမြင်ချင်းဖလှယ်ဖို့ ဒီမိုကရေစီဖော်ဆောင်ရာမှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ လာရောက် အမြင်ချင်းဖလှယ်တာ လာရောက်ညှိနှိုင်းမယ် ဆိုရင် …

Read More »

ဆူနာမီနှင့် ဂျပန်ရောက် မွန်

ငလျင်လှုပ်ပြီးနောက် မြင်တွေ့ရသည့် မြင်ကွင်း

မိကျဲဂို-မတ်လ ၁၁ ရက်နေ့ ဂျပန်နိုင်ငံ ဖူကူရှီးမားတွင် လှုပ်ခဲ့သည့် မြေငလျင်သည် ငလျင်ပြင်းအား ၉ မဂ္ဂနီကျု နီးပါးရှိပြီး ဂျပန်နိုင်ငံတွင် ၁၄၀ နှစ်အတွင်း အကြီးဆုံး လှုပ်ခတ်ခဲ့သည့် မြေငလျင်တခု ဖြစ်သည်။ ထို့အပြင် ဆူနာမီ ရေလှိုင်းကြီးများ ဖုံးလွှမ်းမှုဒဏ်ကိုလည်း ခံခဲ့ရသည်။ ယင်းနောက် ရက်ပိုင်းအတွင်း နျူကလီယားဓာတ်ပေါင်းဖိုများ ပျက်စီးခဲ့သည့်အတွက် ဓါတ်ရောင်ခြည် ယိုစိမ့်မှုများနှင့် လူထုအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ဂျပန်နိုင်ငံရောက် မွန်လူမျိုးတို့၏ အခြေအနေကို သိရှိရန်အတွက် မြေငလျင်လှုပ်သည့် ဖူကူးရှီးမားဒေသနှင့် ၁၅၀ မိုင် (၂၄၀ ကီလိုမီတာ) ဝေးသည့် တိုကျိုမြို့တော်တွင် နေထိုင်သည့် ပုညကာရီ မွန်အမျိုးသားများအဖွဲ့ (ဂျပန်) ၏ ဥက္ကဋ္ဌ …

Read More »

ဒုတိယပင်လုံသာ အကောင်အထည်ဖော်နိုင်ပါက တနိုင်ငံလုံးအတွက် အကျိုးရှိမည်ဟု မွန်ပြည်သစ်တီပြော

ဒုတိယပင်လုံခေါ်ယူရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ဒုတိယပင်လုံအပေါ် ထားရှိသည့်သဘောထားကို သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်တလညီကို မိရိုင်မရော့က ဆက်သွယ်မေးမြန်းထားပါတယ်။

Read More »

ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေးကို ထောက်ခံစေချင်တယ်

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ၏ သူမအပေါ် ထားရှိသော သဘောထားနှင့် သူမအပေါ် မျှော်လင့်ချက်များကို သိရှိနိုင်ရန် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်လရီရွတ်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ မိရိုင်မရော့က ဆက်သွယ်မေးမြန်းထားပါသည်။

Read More »