မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး (page 2)

ဆောင်းပါး

မွန်ပြည်နယ်၏ထွက်ကုန်နှင့် SMEs အခွင့်အလမ်းကောင်းများ

မွန်ပြည်နယ်၏အဓိကလုပ်ငန်းများမှာ ဆန်စပါး၊ ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းအပြင် ဥယာဉ်ခြံလုပ်ငန်းများမှ ကျွဲကော၊ ဒူးရင်း၊ သီဟိုဌ်၊ သံပုရာ၊ သရက်နှင့် ကွမ်းသီးများ စိုက်ပျိုးထွက်ရှိပြီး ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်းမှလည်း ငပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် ပင်လယ်ဆားငံရည်မှ နေလှမ်းဆားများ ထုတ်လုပ်လျက်ရှိပါသည်။ ၄င်းလုပ်ငန်းတို့ကို မိရိုးဖလာအစဉ်အဆက်မှ လုပ်ကိုင်လာကြသည့်ပုံစံအတိုင်း ယနေ့ခေတ်ကာလတွင် ဆက်လက်လုပ်ကိုင်နေကြသည်ကို တွေ့ရှိနေရပါသည်။

Read More »

အသက်မဝင်သေးသည့် မွန်ပြည်နယ် SMEs အသေးစားနှင့်အလတ်စားလုပ်ငန်းများ

စက်မှုဝန်ကြီးဌာနအောက်တွင် အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်တွေက အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတွေကို ၂၀၁၄ ခုနှစ် မေလအတွင်း ဖွင့်လှစ်ခဲ့ပါသည်။

Read More »

အစိုးရနှစ်ရပ်ဆိုသည့်အမြင်အပေါ် ငြိမ်းချမ်းရေးလမ်းနှစ်သွယ်ဖြစ်သွားတာလား

ရန်ကုန်မြို့တော်ဝင်နှင်းဆီတွင် ပြီးခဲ့သည့်ဧပြီလ ၂၁ ရက်နေ့က ကျင်းပသည့် ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားနှင့် စနေစာပေဝိုင်းမှာ ဒီမိုကရေစီတပ်မတော်ဆိုသည့် စာတမ်းဖတ်ကြားသူ စာရေးဆရာ ဦးသန်းစိုးနိုင်က “ဗမာပြည်မှာ အစိုးရတစ်ရပ်မဟုတ်ဘူး၊ အစိုးရနှစ်ရပ်ဖြစ်နေတယ်၊ ဒီမိုကရေစီပြည့်ဝတဲ့ နိုင်ငံမှာဆိုရင် စစ်တပ်က အစိုးရကို နာခံရမှာ။ အခုကျတော့ ပြည်သူလူထုတင်မြှောက်လိုက်တဲ့အစိုးရကပဲ စစ်တပ်ကို နာခံရမလိုအနေအထားတွေ ဖြစ်နေတယ်။ ဒါက ၂၀ဝ၈ အခြေခံဥပဒေနဲ့အတူ ကျွန်တော်တို့ပြုပြင်သင့်တဲ့ အရာတွေဖြစ်တယ်”ဟု ဆိုခဲ့ပါသည်။

Read More »

ဖက်ဒရယ်ဒီမိုကရေစီနှင့် ဒီမိုကရေစီဖက်ဒရယ်အနီးအဝေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီဖက်ဒရယ် သြဂုတ် ၃၁ ရက်နေ့ နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ပထမအစည်းအဝေး) တွင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုသည့်စကားရပ်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး စတင်သုံးစွဲလာသည်ကို လေ့လာတွေ့ရှိရပါသည်။

Read More »

ဒီမိုကရေစီချစ်သူများအကြား မိတ်ဘက်ပဋိပက္ခများ

ပြည်သူလူထုက သောင်ပြိုကမ်းပြိုမဲဖြင် ့ရွေးကောက်တင်မြှောက်လိုက်သော အစိုးရလက်ထက်တွင် ဖြစ်ပွါးနေ သော ပဋိပက္ခများဟုသာ ဆိုရမည်ဖြစ်သည်။ သို့သော် အစိုးရအား အရင်းရှင်လူတန်းစား ကိုယ်စားပြုဟု သတ် မှတ်ရေးသား သုံးနှုန်းဘူးသူ ဆောင်းပါးရှင်အတွက်မူ လယ်သမား (အထူးသဖြင့်လုပ်ကွက်ငယ်လယ်သမား) အ ရေးသည် လူတန်းစားတိုက်ပွဲအသွင် ဆောင်နေမည်လား စဉ်းစားမည်ဆိုက စဉ်းစားနိုင်ပါသည်။ မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ (လက်နက်ကိုင်- ၇- ဖွဲ့ပါ) နှင့်ဖြစ်ပွါးနေသောစစ်ရေး ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်တွင်း ပြဿနာ များသည်ပြင်ပနိုင်ငံများနှင့် ဆက်စပ်နေသည်ဖြစ်ရာ မိတ်ဘက်ပဋိပက္ခအကြီးစား ဖြစ်ပြီးရန်ဘက်ပဋိပက္ခအကြီးစားဖြစ်ပြီး ရန်ဘက်ပဋိပက္ခသို့အချိန်မရွေးကူးပြောင်းသွားနိုင်ပေသည်။ ယေဘုယျအားဖြင့် ဆိုလျှင်တော့ပဋိပက္ခနှင့်ပြဿနာ အများစုသည် မိတ်ဘက်ပဋိပက္ခအသွင်သာဆောင်ပါသည်။

Read More »

ရှမ်းပြည်နယ် ဒုတိယအလက်ပို Aleppo မဖြစ်စေဖို့

ရှမ်းပြည်နယ်သည် ၂၀၁၆ ခုနှစ်၊နိုဝင်ဘာ ၂၀ ရက်မှ ၂၅ ရက်နေ့အထိ မြောက်ပိုင်းမဟာမိတ်အဖွဲ့ (TNLA၊ MNDAA၊ AA)နှင့် KIA တို့ ပူးပေါင်း၍ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ရပ်တန့်ရေး တိုက်ပွဲ၊ မုန်းကိုးမြို့သိမ်း တိုက်ပွဲ၊ ကွတ်ခိုင်မြို့ဝင် တံတား၊လမ်းများ တိုက်ပွဲ၊ ကြူကုတ်မြို့အနီး တိုက်ပွဲ၊ စသည့် စစ်ဆင်ရေး တစ်ရပ်ကို ပြုလုပ် ခဲ့သည်။အဆိုပါ စစ်ဆင်ရေးများကြောင့် တပ်မတော်နှင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြပြီး လမ်း၊ တံတားများ ဖျက်စီးခြင်း၊ ကားများ မီးလောင်ပျက်စီးခြင်း၊ လူထုနှင့် ရဲဝန်ထမ်းများ သေဆုံးခြင်း၊ စစ်ရှောင် များ ထောင်- သောင်းချီ တိုးပွားလာခြင်း၊ကုန်သွယ်ရေး ဆုံးရှုံးမှုများ ဖြစ်ပွားခြင်း၊စသည့် …

Read More »

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ကရင့်မြေယာသယံဇာတ ပြဿနာ

နှစ်ပေါင်း ၇၀ နီးပါးဖြစ်ပွားနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးအတွက် အပစ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးများတွင် ဇာတ်ဆောင်အားလုံးပါဝင်နိုင်ရေးနှင့် နောင်ပေါ်ပေါက်လာမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းရင်းသားအကြား၊လက်နက်ကိုင်များအကြားတွင် အလွန်အရေးကြီးသည့်အခန်းကဏ္ဍက ပါဝင်နေသည်။

Read More »

စစ်ပွဲကိုမတားဆီးနိုင်သော JMC

အစိုးရသည် တပ်မတော် နှင့် လက်နက်ကိုင်အဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများမရှိစေရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို အကောင်အထည်ဖော် ဆောင်ရွက်လာခဲ့သည်။

Read More »

ဒေါ်နယ်ထရမ့်အောင်ပွဲနဲ့ နိုင်ငံရေးသင်ခန်းစာ

ဘီလျံနာလုပ်ငန်းရှင်၊ နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိသူ ဒေါ်နယ်ထရမ့်ဟာ တိုင်းပြည်ရဲ့ စီးပွါးရေး မိမိရဲ့ရှေ့ရေး ပူပန်နေကြတဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ထောက်ခံမှုတွေရယူ၊ လူမျိုးရေးတင်းမာမှုကို အသုံးချ၊ လိင်ပိုင်ဆိုင်ရာ အလွဲလုပ်မှုစွပ်စွဲချက်တွေ ကျော်လွှားပြီး အမေရိကန်ပြည်ထောင်စုရဲ့ (၄၅) ဦးမြောက်သမ္မတ ဖြစ်လာတော့မှာပါ။

Read More »

မူးယစ်ဆေး သားကောင်များ၏ နိဗ္ဗာန်ဘုံ

နှင်းများကျနေစဉ် ရာသီဥတုသည်လည်း အေးစက်လျက် ရှိနေသည်။ အေးစက်နေသည့် လက်ကို အိပ်ထောင်ထဲ နှိုက်ပြီး ဆိုင်ကယ်ကို တစ်”ဝီးဝီး”နဲ့ ခရီးကို ဆက်သွားနေသည်။ လမ်းက ကျဉ်းသည့်အပြင် ဆိုးလိုက် ပြန်ကောင်း လိုက်နဲ့ သံသရာလည်နေသည်။ လူ၏အရိပ်ယောင်သည်လည်း မမြင်ရ။ သို့သော် မြို့ကြီးများထဲတွင် တွေ့နိုင်သော “လန်ခရူဇာကား၊ ပါကျဲရိုး၊ မက်တူး” စသည့် ကားမျိုးစုံ သွားသွားလာလာ လုပ်နေသည်။ လမ်းကျဉ်းသော်လည်း ထိုကားများ အရှိန်မလျော့ဘဲ Speed နဲ့ မောင်းနေကြသည်။ အမှတ်မထင် ကားနှင့် တိုက်မိပြီး သေသွားခဲ့လျှင်ပင် တရားခံ တွေ့လိမ့်မည် မဟုတ်ပေ။

Read More »