မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး (page 13)

ဆောင်းပါး

မျှော်ရင်း မောရင်း

မင်းအာသံ။  ။မနက်ခင်းမှာ ကြက်တွန်သံကြားတော့ ပေါက်တူးကိုထန်းပြီး လယ်ကွင်းဆင်းရန် ပြင်ဆင်အခိုက်မှာ မိုးစက်ကလေးလဲမမြင် စောင့်ရင်း မျှော်ရင်း မိုးရွာမလားလို့ ဒါပေမဲ့ မိုးလဲလင်းလာတဲ့အခါ နေကလည်း တသဲသဲတက်လာပြန်တော့ မောရတယ်။ လယ်သမားများ ညည်းသံကို ကြားတော့ အဖိုးအိုခေတ်ကို သတိရမိတယ်။ ထိုခေတ်မှာ ရာသီဥတုကလည်းကောင်းပြီး မိုးစပါးနှင့် နွေစပါးအပါအဝင် ထင်တာထက် ထွက်နှုန်းကောင်းနေတယ်။ အခုနောက်ပိုင်းမှာတော့ လယ်ကွင်းဘက် ရှုလိုက်တိုင်း မပိုင်ဆိုင်ချင်လောက်အောင် ကပ်ခြောက်နေတော့သတည်း။

Read More »

အမည်းရောင်မြေက အကျည်းတန်သော သူတို့ဘဝ

ကွန်းဟဒေ့ “မနက်ဖြန်ညကစပြီး တောထွက်လို့ရတယ်၊ တောမှာအိပ်လို့မရဘူး၊ တောမှာအိပ်လို့ တစ်ခုတစ်ခုဖြစ်ရင် ဥက္ကဌက တာ ဝန်မယူဘူး” ဟု အလှည့်ကျ ရွာသား ကင်းသမားတစ်ဦး၏ ရွာလှည့်ပြီး အော်နေသံဖြစ်သည်။ ထိုစကားများကို ကြား ရသောဒေသခံ ရွာသားများအဖို့စိတ်ဆင်းရဲရ၊ စိတ်ညစ်ရစမြဲ။ ထိုအမိန့်သံကိုကြားရတိုင်း ဒေသခံများသည် ထိုဒေသတွင် မနေချင်လောက်အောင် ထွက်ပြေးချင်စိတ် ဖြစ်ပေါ်ရသည် အမြဲပင်။

Read More »

အဆိပ်ပင်ကိုရေလောင်းပေးနေကြသူများ

သူရိန်် ၂၀၁၀ ခုနှစ်အတွင်း ဘုရားသုံးဆူနယ်စပ်ဒေသတွင် မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် သုံးစွဲမှု အရှိန်အဟုန်မှာ ယခင်နှစ်များထက် ပိုမို၍ များပြားလာခဲ့သည်။ ရောင်းဝယ်မှုအား ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မူယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုအခြေအနေကို လေ့လာနေသူတစ်ဦးက ပြောသည်။

Read More »

၂၀၁၀ ရွေးကောက်ပွဲ၊ ပြည်သူနှင့် မြန်မာနိုင်ငံအတွင်းရှိ အခြေခံဥပဒေအခွင့်အရေး

ဗညာဟံသာ ရွေးကောက်ပွဲသည် ဒီမိုကရေစီနှင့် ခေတ်မီသော ကမ္ဘာ့နိုင်ငံရေး အစိုးရတို့၏ အခြေခံအုတ်မြစ်ဖြစ်သည်။ နိုင်ငံ တစ်ခု၏အခြေခံအုတ်မြစ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို သီးခြားဆုပ်ကိုင်ထားပြီး ၄င်းက ပြည်သူလူထုနှင့် ၄င်းနိုင်ငံသားတို့၏ နိုင်ငံရေးအခွင့်အရေးများကို အာမခံပေးသည်။

Read More »

အပစ်မရပ်သေးတဲ့ ၁၉၉၅ ခု မတိုင်မီကာလ ပြန်ရောက်နိုင်မှာလား

မင်းစိုင်းနွန်ဒေါ ပြီးခဲ့တဲ့ဧပြီလ ၇ ရက်နေ့၊ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာချုပ် (ရတခ) မှာ နအဖနဲ့ မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်တို့ တွေ့ဆုံခဲ့ကြစဉ်က “ပြည်သူ့စစ်ဖွဲ့ဖို့ ခင်ဗျားတို့ လက်မခံရင် ၁၉၉၅ ခု မတိုင်မီ အခြေအနေလို ပြန်ရောက်သွားနိုင်တယ်”လို့ စရဖအကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့် ကိုယ်တိုင်ပြောခဲ့ပါတယ်။

Read More »

စစ်ရိပ် စစ်ငွေ့ကြားမှ အိမ်ပြန်ချင်သူများ

မိကျလွန်းထော : “ကျွန်မတို့ ဘယ်နေ့ ပြန်ရမှာလဲ၊ အခြေအနေ ကောင်းလာပြီလား” လို့ မေးခွန်းမေးတဲ့သူတွေရဲ့ အသံတွေကတော့ စစ်ဖြစ်မှာကို စိုးရိမ်ကြောက်လန့်တဲ့ ဒုက္ခသည်စခန်းက အမျိုးသမီးများနဲ့ ခလေးငယ်တွေရဲ့ အားကိုးတကြီးနဲ့ မေးမြန်းလာတဲ့ အသံတွေပဲ ဖြစ်ပါတယ်။

Read More »

စစ်အာဏာရှင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမျိုးသားရေးနှင့် နိုင်ငံရေးပဋိပက္ခများကို မဖြေရှင်းနိုင်

ဗညာဟံသာ: မြန်မာပြည်စစ်အာဏာရှင်နှင့် တပ်မတော်ဦးဆောင်သော စစ်အစိုးရက အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည်ဟူသော ဆောင်ပုဒ်ကို မြန်မာ့အလင်းသတင်းစာတွင် ရက်လနှစ်ပေါင်းများစွာ ရေးသားထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖတ်လျှင် ဒီမိုကရေစီသဘောတရား မဆောင်သော ပုဒ်မ ပုဒ်ထီးဖြင့် ရေးသားအတည်ပြုခဲ့သည်။

Read More »

မှောင်ရိပ်အောက်မှာ ပုံဖော်ခွင့် မသာ

ပနွတ်ကျား : “ဟေ့ ….. တစ်ယောက်မှ ထွက်မပြေးကြနဲ့။ မင်းတို့ကို ဧည့်စာရင်း စစ်မယ် ……။ နာမည်ခေါ်ရင် ဒီအထဲ နာမည််မပါတဲ့လူတွေ ဒီဘက်ခြမ်းကိုလာခဲ့။ မင်းတို့က ဘာလုပ်နေတာလဲ။ ဘာဖြစ်လို့ ဧည့်စာရင်း မတိုင်တာလည်း….. ” အော်ငေါက်သံနှင့်အတူ တည်းခိုခန်းတစ်ခန်းမှ ထွက်ပေါ်လာသောအသံသည် ဘေးပတ်ဝန်းကျင်နှင့် ညသန်ခေါင်ယံကို ပျံ့လွင့်သွားပါသည်။ “ဟုတ်ကဲ့ဆရာ သမီးတို့က ရောက်လာတာလည်း သိပ်မကြာသေးဘူး၊ သမီးတို့ကို ဒီမှာလာခိုင်းတာပဲသိတာ၊ နောက်ပြီးတော့…” “ ဟို..ဒီဒီ…. ဘာမှ ရှင်းပြမနေနဲ့၊ ရုံးရောက်မှ ရှင်းပေတော၊့ ကဲ ကားပေါ်တက်” ဟု ဆိုပြီး ရဲက စောင်းငန်းငန်းနဲ့အော်ပြီး စကားကို ကောက်ဖြတ်ကာ တည်ခိုခန်းရှိ လိင်ဖျော်ဖြေနေသော မိန်းကလေးများအား …

Read More »