မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် (page 9)

အမြင်နှင့်သုံးသပ်ချက်

သုံးပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ

(ဗညားရံ)– သုံးပွင့်ဆိုင် ဆွေးနွေးပွဲဆိုတဲ့ ဝေါဟာရကို ၁၉၉၄-ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ စတင်ပြီး ခေါ်ဝေါ်သုံးစွဲလာတာ ဖြစ်တယ်။ စစ်အစိုးရယ်၊ ဒီမိုကရေစီ အင်အားစုတွေရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရယ် ပေါင်းပြီး တွေ့ဆုံဆွေးနွေးကြမှ လက်ရှိမြန်မာနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ယူဆပြီး အဆိုပြုခဲ့ခြင်းပါ။ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးက စစ်အစိုးရကို ဖိအားတွေ အမျိုးမျိုး ပေးခဲ့ပေမယ့် အကောင်အထည် ပေါ်မလာဘဲ အခုဆိုယင် (၁၆) နှစ် ကြာခဲ့ပါပြီ။

Read More »

ပေါက်ပင်စခန်းမှ စိန်ခေါ်သံ

ဗညားရံ – ထင်သည့်အတိုင်းပင် သူတို့ရောက်လာချေပြီ။ ခိန်းမော်ရွှီး ဦးဆောင်သည့် သိုင်းအဖွဲ့ကို ကြည့်ပြီး ယာယီသိုင်းချုပ်ကြီးစမ်းရွှီးက စိတ်မဝင်စားသလို နေလိုက်သည်။ ခိန်းမော်ရွှီးကို အထင်ကြီးပုံ မရချေ။ သို့သော် နံကြားအက်သိုင်းအဖွဲ့ကို ဦးဆောင်လာသူ ခိန်မော်ရွှီးသည် ခေသူမဟုတ်၊ အင်းအဲတီးဂိုဏ်း၏ သိုင်းကျမ်းကို ပြောင်ယူနိုင်ခဲ့ပြီး မဒေါက်တခေါက်ဂိုဏ်းမှ သမိုင်းဝင်ဝတ်ရုံကို ခိုးယူနိုင်ခဲ့သူ ဖြစ်သည်။

Read More »

ကျွနု်ပ်တို့ မွန်မြန်မာ

(ဗညားရံ) – ဆရာသိန်းဖေမြင့်ရေးတဲ့ ကျွန်ုပ်တို့ မွန်မြန်မာစာအုပ်ကို ဖတ်ပြီး မွန်မြန်မာချစ်ကြည်ရေးကို အားရကျေနပ်ခဲ့ဖူးပါတယ်။ မွန်တွေအတွက် ဂုဏ်ယူခဲ့သလို မြန်မာတွေအတွက်လည်း ဂုဏ်မသိမ်ခဲ့ပါ။

Read More »

လူမှုရေးသည် နိုင်ငံရေး

လူသားတို့သည် မွေးကတည်းမှ စ၍ အိုမင်းမစွမ်း သေလုနီးပါး ဖြစ်နေသည့်တိုင်အောင်လည်း ယင်းလူသားသည် လူမှုနှင့် နိုင်ငံရေး နယ်ပယ်အတွင်း ရှိနေဖြစ်နေသောကြောင့် ကျွနု်ပ်တို့သည် နိုင်ငံရေး မလုပ်ပါဟု ဆိုပင်ဆိုငြားသော်လည်း မိမိသည် နိုင်ငံရေးနှင့် ကင်းကွာ၍ မရမှန်း တဖြည်းဖြည်း အသိညာဏ်ကြွယ်လာသည်နှင့်အမျှ သိလာပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လောကကြီးတွင် သူတစ်ယောက်တည်း နေ၍မရနိုင်၊ မဖြစ်နိုင်။ လူသားအချင်းချင်း ဆက်သွယ်ဆက်နွှယ်၍ နေနေရသောကြောင့်ပင်တည်း။ ယင်းဆက်သွယ်မှုကြောင့် ကောင်းဆိုးနှစ်တန်နှင့် ရင်ဆိုင်ပြီး မိမိ၏ဘဝတစ်ခုကို ဖြတ်သန်းကြရသည်။ ယင်းကောင်းဆိုးနှစ်တန်အနက် တိုင်းတာ၍ မရသည့် လူမှုဒုက္ခ ဘေးဆိုးအမျိုးမျိုးကို ခံစားမှုအမျိုးမျိုးဖြင့် လူသားတိုင်း အနည်းနှင့်အများ ရင်ဆိုင်ဖြေရှင်းနေကြရသည်။

Read More »

အမျိုးကို ချစ်သည်ဟု ဆိုရာ၀ယ်

ဗညားရံ (၁) မှားယွင်းမှု၏ သားကောင် လူမျိုးတစ်မျိုး ကွယ်ပျောက်ခြင်းသည် နေ့ချင်းညချင်းသိနိုင်သည့် အကျိုးဆက်တစ်ခု မဟုတ်ပေ။ ထိုလူမျိုးတို့၏ စရိုက်လက္ခဏာနှင့် ခံယူချက်အပေါ် များစွာ တည်မှီနေပေသည်။

Read More »

အတိတ်ကသင်ခန်းစာနှင့် နယ်ခြားစောင့်တပ်

နိုင်ပီထောမွန်ဇြာ နယ်ခြားစောင့်တပ်ဟု အမည်ပေး ကင်ပွန်းတပ်ပြီး တိုင်းရင်းသားတော်လှန်ရေး တပ်မတော်များအား ချေမှုန်းမည့် မြန်မာစစ်အာဏာရှင်တို့၏ နည်းဗျူဟာများကို ကျနော်သိပြီးနောက် ကျနော်ငယ်စဉ်က ကြားဘူးခဲ့သည့် တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်တစ်ခုကို ပြန်လည်သတိရမိသည်။ ထိုစဉ်က ကျနော်အသက်ဆယ်နှစ်မပြည့်သေး။ လွန် ခဲ့သည့် အနှစ်သုံးဆယ်ခန့်က ဖြစ်သည်။

Read More »

ခရစ်နှစ်-၂၀၁၀၊ ကောဇာနှစ်-၁၃၇၂ ခုအတွက် ဗေဒင်ဟောကိန်းနှင့် ဖြစ်လာနိုင်သော နိုင်ငံရေးအခြေအနေ

သုဓနု: ခရစ်နှစ်သက္ကရာဇ် ၂၀၁၀ ခု ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် နေကြတ်ခဲ့သည်။ ဤနှစ်သည် တရုတ်ဗေဒင်အရ ကျားနှစ် ဖြစ်သည်။ ကောဇာသက္ကရာဇ် -၁၃၇၂ သည် ကဆုန်လတွင် သင်္ကြန်ကျသည်။ သင်္ကြန်အကျနေ့ နှင့် အတက်နေ့တို့သည် ပြဿဒါးရက် ဖြစ်နေပြန်သည်။ ၁၃၇၂ ခုနှစ်၏ သက်ရောက်နှစ်အတွက် မဟာဘုတ်အခြေခံ ကံဇာတာအနေအထား အပါအဝင်တို့အပေါ် အခြေပြုပြီး အမည်မဖေါ်လိုသူ ထင်ရှားသည့် ဗေဒင်ဗညာရှင်တစ်ဦးက အောက်ပါအတိုင်း ဟောကြားခဲ့သည်။

Read More »