မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အယ်ဒီတာ့အာဘော် (page 6)

အယ်ဒီတာ့အာဘော်

မျှော်လေလေဝေး ငြိမ်းချမ်းရေး

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားများသည် မိမိတို့၏ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးအတွက် ဥပဒေဘောင်အတွင်း တိုက်ပွဲဝင်ခြင်းဖြင့်လည်းကောင်း၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲခြင်းဖြင့်လည်းကောင်း နှစ်ပေါင်း (၆၀) ကျော် တိုက်ပွဲဝင်ခဲ့ပေသည်။ လွန်ခဲ့သည့် (၁၅) နှစ်ကာလခန့်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူခဲ့ခြင်းမှာ ငြိမ်းချမ်းရေးကို မျှော်လင့်ခြင်းသာ ဖြစ်ပေသည်။

Read More »

စစ်အစိုးရ၏ နယူးကလီးယားအစီအစဉ်နှင့် ဒေသလုံခြုံရေး

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံအဖွဲ့ဝင် တနိုင်ငံဖြစ်ပေသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ မူဝါဒသဘောထားကား အာဆီယံနိုင်ငံများတွင် လူသားမျိုးဆက်တို့အား ပျက်နန်းခြိမ်းခြောက်နေသည်။ “နယူးကလီးယားလက်နက်မဲ့ရုံ” အဖြစ် ထားရှိရန် သဘောတူခဲ့ပေသည်။ ထို့ကြောင့်သာ မြန်မာနိုင်ငံအား အာဆီယံနိုင်ငံအသင်းဝင်အဖြစ် နိုင်ငံများက လက်ခံခြင်း ဖြစ်ပေသည်။

Read More »

ပြည်တွင်းစစ်သစ်နှင့် တိုင်းရင်းသားပြည်သူများ၏ ဒုက္ခ

“ကျန်တော်တို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းချင်လို့ အပစ်အခတ်ရပ်စဲတာပါ။ နိုင်ငံရေးဆွေးနွေးပွဲအတွက် အမြဲတမ်း တောင်းဆိုသွားမယ်” ဟု အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူစဉ် မွန်ပြည်သစ်ပါတီ ဥက္ကဌနိုင်ရွှေကျင်က ပြောကြားခဲ့ပေသည်။ သို့သော် မွန်ပြည်သစ်ပါတီ ဥက္ကဌကား (၂၀၀၃) ခုနှစ်တွင် ကွယ်လွန်သွားပြီး စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို မမြင်တွေ့သွားပေ။ ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရမှ ရေးဆွဲသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား အတည်ပြုပြီးနောက် စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အင်အားများအကြား နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် မလွယ်ကူတော့ပေ။

Read More »

၂၀၁၀ ခုနှစ်နှင့် ပဋိပက္ခသစ်

၂၀၁၀ ခုနှစ်သို့ ရောက်ခဲ့ပါပြီ။ ယခုနှစ်တွင် နိုင်ငံရေးအကွေ့အလှည့်နှင့် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်လာနိုင်လိမ့်မည်ဟု အများက ခန့်မှန်းနေကြပေသည်။ သို့သော်လည်း ကျနုပ်တို့နိုင်ငံအတွက် အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲခြင်းလော၊ အဆိုးဘက်သို့ ဦးတည်သော ပြောင်းလဲခြင်းလော၊ ငြိမ်းချမ်းရေးလမ်းစ ပွင့်လာမည်လော၊ ပဋိပက္ခမီး ကြီးထွားလာမည်လော ဆိုသည်ကို ဆက်လက်လေ့လာရပေဦးမည်။ စစ်အစိုးရသည် ၄င်းတို့ရေးဆွဲခဲ့သည့် လမ်းပြမြေပုံ ၇ ချက်အတိုင်း ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ယခု ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲကို ပြုလုပ်လိုပေသည်။ ၂၀၀၈ အခြေခံဥပဒေအတိုင်းသာဆိုပါက စစ်အစိုးရသည် အထက်စည်းမှနေ၍ လွှတ်တော်နေရာများ၏ ၂၅ ရာနှုန်းကို အပြီးပိုင် ရယူထားပြီး ၄င်းမှ ကြွင်းကျန်သည့်နေရာများကိုသာ ပြည်သူလူထုနှင့် …

Read More »