မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အယ်ဒီတာ့အာဘော် (page 4)

အယ်ဒီတာ့အာဘော်

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် နိုင်ငံတကာနှင့် လူထုမှ ပါဝင်လာရေး

ယခုကာလတွင် ကချင်ဒေသမှလွဲပြီး ကျန်သောဒေသအသီးသီးတွင် အစိုးရမှ သက်ဆိုင်ရာတိုင်းရင်း သား လက်နက်ကိုင်အင်အားစုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူနိုင်ပြီ ဖြစ်သည့်အတွက် သေနတ်အသံများ တိတ်ဆိတ်သွားပြီ ဖြစ်သည်။ သို့ရာတွင် ကချင်ဒေသ၌ အစိုးရ၏ တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုကြောင့် ကချင်ပြည်သူ ထောင်ပေါင်းများစွာ ဒုက္ခရောက်ကြရပေသည်။

Read More »

ဒီမိုကရေစီလွတ်လပ်ခွင့်နှင့် တိုင်းရင်းသားများအရေး

ယခုမြန်မာနိုင်ငံအနေအထားကို အကြမ်းဖျင်းကြည့်မည်ဆိုပါက အခြေအနေပြောင်းလဲနေပြီးဟု ဆိုနိုင်ပေသည်။ နိုင်ငံရေးပြောဆိုဆွေးနွေးမှု လွတ်လပ်လာခြင်း၊ ဒေါ်အောင်ဆန်စုကြည်နှင့်အတူ အခြားသောကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာခြင်း၊ မီဒီယာနှင့်စာနယ်ဇင်းကဏ္ဍများတွင်

Read More »

ထာဝရငြိမ်းချမ်းရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး

သမ္မတဦးသိန်းစိန် ဦးစီးသည့်အစိုးရသည် မတူညီသည့် တိုင်းရင်း သားလက်နက်ကိုင်အင်အားစုများနှင့် ခေါ်ယူတွေ့ဆုံကာ ”မဏာမငြိမ်း ချမ်းရေး” အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ကာ ထိုမှတဆင့် ”ထာဝရငြိမ်းချမ်းရေး” ဆီသို့ ချီတက်သွား မည်ဟု ၄င်း၏ မိန့်ခွန်းတွင်ဖြစ်စေ၊

Read More »

ပင်လုံညီလာခံကဲ့သို့သော တိုင်းရင်းသားများ၏ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ညီလာခံခေါ်ယူရေး

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်။ ပုံ (bellenews.com)

နှစ်ပေါင်း (၅၀) ကျော် (၆၀) နီးပါး တိုင်းပြည်အတွင်း အခြေအနေ မတည်ငြိမ်မှုကြောင့်လည်းကောင်း အစိုးရအဆက်ဆက်မှ တိုင်းရင်းသားတို့၏ ပုန်ကန်တော်လှန်နေမှုကို

Read More »

တိုင်းရင်းသားတို့၏ အတိတ်သင်ခန်းစာနှင့် ပြည်တွင်းငြိမ်းချမ်းရေး

နိုဝေင်ဘာ – ၇ – ၂၀၁၁ – လက်ရှိသမတဦးသိန်းစိန်၏ အစိုးရသစ်သည် ပြည်တွင်းငြိမ်းချမ်းရေး (သို့တည်းမဟုတ်) ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် သဘောထားထုတ်ပြန်ထားရုံသာမက ဒေသအသီးသီးရှိ ပြည်နယ်အစိုးရများကို စေလွတ်ကာ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် စတင်တွေ့ဆုံ ဆွေးနွေးလျှက်ရှိသည်။

Read More »

စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ဆိုသည်ကား

မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပေပြီ။ သို့ရာတွင် မြန်မာနိုင်ငံ တိုင်းရင်းသားပြည်သူများကား လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၏အရသာကို မခံစားခဲ့ရဖူးပေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းဆုကြည်မှ ဒုတိယလွတ်လပ်ရေး တိုက်ပွဲဝင်ရမည်ဟု ပြောကြားခဲ့ပေသည်။

Read More »

ငြိမ်းချမ်းရေးအသံမကြားလိုသော သမ္မတဦးသိန်းစိန်အစိုးရ

အမှန်အားဖြင့် လွန်ခဲ့သည့်မတ်လ (၂၀၁၁) ခုနှစ်က ဖွဲ့စည်းလိုက်သည့် သမတဦးသိန်းစိန်အစိုး ရသည် ယခင်ကတိုင်းပြည်ကို လက်နက်အင်အားပြပြီး၊ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန်၏ စစ်အစိုးရသာ ဖြစ်သည်။ အစိုးရပုံစံ အနည်းငယ်ပြောင်းလဲမှု ရှိသော်လည်း လက်ရှိဦးဆောင်နေသူမှာ ယခင်ကဦးဆောင်နေသူများဖြစ်သဖြင့် အစိုးရအသစ်၏အမြင်၊ မူဝါဒ၊ နိုင်ငံရေး သဘောထားနှင့် ခံယူချက်များကား မပြောင်းလဲကြောင်း တွေ့ရှိရပေသည်။

Read More »

ရုပ်ပြပြည်နယ်အစိုးရနှင့် ဝန်ကြီးများ

လက်ရှိကြံ့ခိုင်ရေးပါတီမှ ဦးဆောင်သည့်နေပြည်တော်တော်အစိုးရ သစ်နှင့် ပြည်နယ်၊ တိုင်းအသ႘းသ႘းရှိဒေသနှင့် အစိုးရများ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်မှာ (၃) လတာကျော်လွန်ပြီး ဖြစ်သည်၊ ဤ (၃) လတာကာကအတွင်း အခြေအနေများကို သုံးသပ်ကြည့်မည်ဆိုပါက နေပြည်တော်ဗဟိုအစိုးရမှ တိုင်းရင်းသားတို့၏ အခွင့်အရေးအပေါ် မည်သို့ဆောင်ရွက်နေကြောင်း မည်သို့ စေတနာထားရှိကြောင်းကို သိသာထင်ရှားစွာ တွေ့မြင်နိုင်ပေပြီး ဖြစ်သည်။ လက်ရှိကြံ့ခိုင်ရေးပါတီအစိုးရသည် ယခင်ကစစ်အစိုးရကဲ့သို့ “တိုင်းရင်းသားစည်းလုံးည႘ညွတ်ရေး” တစိုက်စိုက်မတ်မတ် ကြွေးကြော်နေပေသည်။ အမှန်အာဖြစ် တိုင်းရင်းသားလူမျိုးစုများ စည်းလုံးညီညွတ်နေကြပြီး ဖြစ်သည်။ အဓိက ပဋိပက္ခကား ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားတို့အကြား တူညီသော အခွင့်အရေး မရရှိရလေအောင် အစိုးရအဆက်က်မှ ပိတ်ပင်တားဆီးခဲ့ခြင်း ဖြစ်ပေသည်။

Read More »

သမတ ဦးသိန်းစိန်၊ တိုင်းရင်းသားပြည်သူများအပေါ် မရိုးသား

၂၀၁၁ ခုနှစ် မတ်လဦးပိုင်းကာလ မြန်မာနိုင်ငံအစိုးရအသစ်၏ သမတဦးသိန်းစိန် ကျမ်းသစ္စာ ကျိန်ဆိုပွဲတွင် မိမိ၏အစိုးရအသစ်အနေဖြင့် လာပ်ယူလာပ်ယူကင်းမဲ့သည့် သန့်ရှင်းသည့်အစိုးရ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့အတွက် ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့ပေသည်။ သမတဦးသိန်းစိန်၏ ကတိစကားသည် ယခု တိုင်းရင်းသားဒေသတွင် စစ်ပြုတိုက်ခိုက်နေသည့် အခြေအနေနှင့် တွက်ချက်ကြည့်ပါက “အရှေ့နှင့်အနောက်” “တောင်နှင့်မြောက်” ကဲ့သို့ ဖြစ်နေပေသည်။

Read More »

တိုင်းရင်းသာ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး

မွန်တိုင်းရင်းသားများနည်းတူ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတိုင်း မိမိတို့၏ စာပေနှင့် ဘာသာစကားကို အသက်တမျှ ထိန်းသိမ်း စောင့်ရှောက်လိုကြပေသည်။ 

Read More »