မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး (page 13)

မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး

မွန်ပြည်နယ်တွင် လမ်းခင်းကျောက်မိုင်းလုပ်ငန်း (၄၀) ခု အသစ်ထပ်မံလျောက်ထား

မွန်ပြည်နယ်တွင် လက်ရှိအစိုးရသစ်လက်ထက်၌ လမ်းခင်းကျောက်မိုင်းထုတ်လုပ်ရေးလုပ်ငန်း (၄၀) ခု လုပ်ကိုင်ခွင့်ရရှိရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများသို့ ထပ်မံလျောက်ထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

Read More »

မွန်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မည်ကဲ့သို့ကျင်းပမည်ကို မပြောနိုင်သေးဟုဆို

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများ ကျင်းပအပြီး အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ဒေသအလိုက်၊ လူမျိုးအလိုက်၊ အကြောင်း အလိုက် ဆက်လက်ကျင်းပကြမည်ဖြစ်ရာ မွန်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို မည်သည့် ပုံစံဖြင့် ကျင်းပသွားမည်ဆိုခြင်းကို မပြောနိုင်သေးကြောင်း မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့မှ တာဝန်ရှိသူများက ဆိုသည်။

Read More »

မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းတည်ဆောက်ရန် ပြည်နယ်အစိုးရသို့တင်ပြထား

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ကုန်တင်ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက်ရန် ပြည်နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက စက်တင်ဘာလ ၇ ရက်၊ ၂၀၁၆ ရက်စွဲဖြင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြထားခဲ့ကြောင်း သိရသည်။

Read More »

မွန်ပြည်နယ်တွင် အစိုးရပြန်လည်စွန့်လွှတ်မြေ ဧက ၈၅၀ ကျော်ခန့် ကျန်ရှိနေ

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တပ်မတော်အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက သိမ်းဆည်းထားပြီး အသုံးပြုရန် မလိုအပ်တော့သည့် ပြန်လည်စွန့်လွှတ်မြေ ဧက ၁၆၅၀ဝ ကျော်ရှိသည့်အနက် ဧက ၈၅၀ ကျော်ကို မူလပိုင်ရှင်ထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသည်ဟု မွန်ပြည်နယ်အစိုးရရုံးမှ သိရသည်။

Read More »

မွန်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်များ အစိုးရသစ်ခွင့်မပြုသေး

လက်ရှိအစိုးရသစ် သက်တမ်း (၅) လကျော်ကာလတွင် မွန်ပြည်နယ်အတွင်း လာရောက်ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများ၏ကမ်းလှမ်းမှုများကို ခွင့်မပြုသေးကြောင်း မွန်ပြည်နယ်အစိုးရထံမှ သိရသည်။

Read More »

မြစ်ဆုံအစား သံလွင်မြစ်အစားထိုးမခံရအောင် ကြိုတင်ပြင်ဆင်သင့်ဟု မွန်လွှတ်တော် ဒုဥက္ကဌ ဆို

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးထားသည့်ဧရဝတီ မြစ်ဆုံစီမံကိန်းအစား တိုင်းရင်းသားအများစု မှီတင်းနေထိုင်ကြသည့် သံလွင်မြစ် အစားထိုးမခံရအောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သင့်ပြီဟု စက် တင်ဘာ ၉ ရက်နေ့က ပြုလုပ်သည့် ‘အတိမ်းစောင်းမခံနိုင်သောမျှခြေ’ အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ်လွှတ်တော်ဒုဥက္ကဌ ဒေါတ်တာအောင်နိုင်ဦးက ပြောကြားခဲ့သည်။

Read More »

မွန်ပြည်နယ်တွင် ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့်စက်ရုံ တည်ဆောက်ရန် စီစဉ်နေ

မွန်ပြည်နယ်တွင် T T C L Public Company Limited မှ ရာဘာစွန့်ပစ်ပစ္စည်းသုံး လောင်စာတောင့် စက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန မွန်ပြည်နယ် ဦးစီးမှုးရုံးမှ သိရသည်။

Read More »