မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး (page 10)

မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး

ဆားဈေးကွက်ကျဆင်းနေသဖြင့် မွန်ဆားလုပ်ငန်းရှင်များ အခက်ကြုံ

မွန်ပြည်နယ် ဆားလုပ်ငန်းလုပ်ကိုင်သည့် ဒေသများတွင် ဆားအထွက်နှုန်းကောင်းသော်လည်း ဈေးကွက်ကျဆင်းနေသဖြင့် ဆားလုပ်ငန်းရှင်တောင်သူများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဆားလုပ်ငန်းရှင်များက မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

Read More »

မူးယစ်ဆေးဝါးရောင်းဝယ်မှု ၂၀ဝ ကျော်ဖမ်းဆီးအရေးယူခဲ့

မွန်ပြည်နယ်၌ ၂၀၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု ၂၁၉ မှု ဖမ်းဆီးအရေးယူခဲ့ရာ ၄င်းအထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား အများဆုံးဖမ်းဆီးရမိကြောင်း ပြည်နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဒုရဲမှူး ရဲမင်းဦးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

Read More »

မွန်ပြည်နယ်အတွင်း သတ်မှတ်စည်းကမ်းမလိုက်နာသည့်ဘေးတွဲဆိုင်ကယ်များကို အရေးယူမည်

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းရှိ ဘေးတွဲဆိုင်ကယ်များ သတ်မှတ်စည်းကမ်းချက် မလိုက်နာပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

Read More »

လွှတ်တော်ခွင့်မပြုသည့် VIP ဧည့်ရိပ်သာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်နေဆဲ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ၊ ငန်းတေးရပ်ကွက် အစိုးရအိမ်ယာဝင်းအတွင်း ငွေကျပ်သိန်း၁ သောင်း ၁ ထောင်ကျော် ကုန်ကျမည့် VIP ဧည့်ရိပ်သာ ၄ ထပ်အဆောက်အဦးကို မွန်ပြည်နယ်လွှတ်တော်ခွင့်မပြုသော်လည်း ဆက်လက်အကောင်အထည်ဖော် ဆောက်လုပ်နေဆဲဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Read More »

ပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ EMP ပြုလုပ်ထားရန် မွန်ပြည်နယ်အစိုးအဖွဲ့ညွှန်ကြား

မွန်ပြည်နယ်ရှိ ရင်းနှီးမြှပ်နှံမှုကုမ္ပဏီများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် လုပ်ငန်းရှင်များအနေဖြင့် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် Environmental Management Programme- EMP ပြုလုပ်ရေးဆွဲထားရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း သိရသည်။

Read More »

မော်လမြိုင်တွင်ဖမ်းမိသည့် ထိုင်းတရာခံပြေးကို လဝကဥပဒေဖြင့်အမှုဖွင့်အရေးယူ

မွန်ပြည်နယ် မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိထားသည့် ထိုင်းနိုင်ငံသား တရားခံပြေးတစ်ဦးကို အထောက်အထားမရှိ နေထိုင်ခြင်းဖြင့် မြို့နယ်လဝကမှ မုပွန်ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read More »

ဘီးလင်းမြို့နယ်မြေနုကျွန်း ဧက ၁၄၀ဝ၀ ကို လယ်ယာမဲ့များအား တန်းစီစနစ်ဖြင့် လုပ်ပိုင်ခွင့်ပေးမည်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပေါ်ထွန်းလာသော မြေနုကျွန်း ဧက ၁၄၀ဝ၀ ကို လယ်ယာမဲ့များအား တန်းစီစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးသွားမည်ဟု မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

Read More »

မွန်စည်ပင်သာယာရေး ဥပဒေမူကြမ်းအား အရပ်ဘက်လူမှုအဖွဲ့အစည်းများသုံးသပ်ခဲ့

မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေမူကြမ်းအား မွန်ပြည်သူလူထုများအတွက် အကျိုးပြုစေမည့် ဥပဒေတစ်ရပ် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် မွန်အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်းပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က မော်လမြိုင်မြို့ရှိ မြန်မာနိုင်ငံဆရာဝန်များအသင်းခန်းမ၌ တွေ့ဆုံဆွေးနွေး၍ သုံးသပ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read More »

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များအပေါ် အစိုးရကန့်သတ်နေမှုအား အရေးကြီးအဆိုတင်

ပြည်နယ်လွှတ်တော်က ဖွဲ့စည်းထားသည့် ရေးရာကော်မတီများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဥပဒေအရ ရရှိထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များအပေါ် မွန်ပြည်နယ်အစိုးရအဖွဲ့ ကန့်သတ်နေမှုများအား ရပ်တန့်ရန်နှင့် ဥပဒေနှင့် နည်းဥပဒေ ပြဌာန်းချက်ပါအတိုင်း လိုက်နာဆောင်ရွက်ရန် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့သည်။

Read More »

မွန်အစိုးရအဖွဲ့၏ ပထမ (၆) လပတ်အစီရင်ခံစာ ပြန်လည်ပြင်ဆင်ရေးသားရန် လွှတ်တော်ဆုံးဖြတ်

မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ်အစီရင်ခံစာ၌ ထည့်သွင်းဖော်ပြထားသည့် အချက်အလက်အများစုတွင် လွဲချော်မှုရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များမှ သုံးသပ်ထားသဖြင့် ၄င်းအစီရင်ခံစာကို စီစစ်ပြင်ဆင်ရေးဆွဲပြီး ပြန်လည်တင်ပြပေးရန် ဒုတိယကြိမ် မွန်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကျင်းပသည့် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လွှတ်တော်မှဆုံးဖြတ်ခဲ့သည်ကို တွေ့ရှိရသည်။

Read More »