spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းစစ်မှုမထမ်းမနေရပြဌာန်းချက် ဥပဒေနှင့် မညီဟု မွန်နိုင်ငံရေးခေါင်းဆောင်ပြော

    စစ်မှုမထမ်းမနေရပြဌာန်းချက် ဥပဒေနှင့် မညီဟု မွန်နိုင်ငံရေးခေါင်းဆောင်ပြော

    -

    ညးအုပ်ကာ ဗော်ဍုင်မန်တဿိ နာဲဟံသာ

    ရိုင်မရော့ – မြန်မာစစ်အစိုးရ၏ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းချက်သည် လက်ခံနိုင်သည့် ဥပဒေပြဌာန်းချက်တစ်ရပ်မဟုတ်သလို ဥပဒေနှင့် ကိုက်ညီမှုမရှိဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

    “သူတို့ (စစ်အစိုးရ) တွေက သူတို့ ချမှတ်ထားတဲ့ ပေါ်လစီအတိုင်း တင်းကြပ်တဲ့စစ်နည်းနဲ့ပဲ သွားမှာပါ၊ စစ်ရေးတိုးမြှင့်သွားမှာပဲ။ အခုဆိုရင် သူတို့တပ်အင်အားတွေမှာ အရွယ်မရောက်တဲ့ ကလေးစစ်သားတွေများနေတယ်လို့ နိုင်ငံတကာက မြင်လာတော့ အခုလို အတင်းအဓမ္မနည်းနဲ့ စစ်အင်အားတွေ တိုးမြှင့်ချင်တဲ့ သဘောပဲ” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    မြန်မာစစ်အစိုးရအနေနှင့် ယခုပြဌာန်းချက်အပေါ် အကောင်အထည်ဖော်နိုင်လိမ့်မယ်ဟု မျှော်မှန်းထားသော်လည်း ပြည်သူလူထုများအနေနှင့် ထောက်ခံမည့် အလားလာမရှိပါ၊ အတင်းအဓမ္မလုပ်ခဲ့လျှင် လွတ်မြောက်ရာ ထွက်ပြေးတိမ်းရှောင်သွားကြမည်ဖြစ်ပြီး စစ်အစိုးရလက်အောက်ရှိသူများကသာ ၄င်းတို့ ပါ်လစီအတိုင်း လုပ်ဆောင်သွားမှာဖြစ်သည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

    စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းလိုက်ခြင်းဖြင့် မြန်မာစစ်အစိုးရတို့သည် နိုင်ငံရေးပြဿနာကို စစ်ရေးဖြင့် ဖြေရှင်းချင်သည့်သဘော ရှိသည့်အပြင် ရှေ့ဆက်မည့် မြန်မာနိုင်ငံအခြေအနေသည် လက်ရှိ ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်အခြေအနေထက် ဆိုးသထက် ဆိုးလာသည့်အနေအထားရှိကြောင်း နိုင်ဟံသာက ပြောသည်။

    “ဥပဒေမှာ ပြဌာန်းတာတော့ ပြဌာန်းတာပဲ အကောင်အထည်ဖော်ဖို့က သိပ်မလွယ်ဘူးထင်တယ် နောက်ပြီးတော့ လွှတ်တော်မှာလည်း ဒီဥပဒေပြဌာန်းချက်နဲ့ ပတ်သက်ပြီးတော့လည်း တင်ပြဆွေးနွေးသွားဖို့ဆိုတာလည်း ရှိအုံးမယ်၊ ဘာလို့လဲဆိုတော့ ဒီပြဌာန်းချက်က ဖြစ်နိုင်မယ့်ပြဌာန်းချက်လည်းမဟုတ်ဘူး။ ပြီးတော့ ဘာမှအကျိုးဖြစ်လာမှာလည်းမဟုတ်ဘူး ကျနော်တို့အနေနဲ့လည်း လက်မခံဘူး။ ဘာလို့လဲဆိုတော့ ဒီဥပဒေပြဌာန်းချက်က လက်ခံနိုင်တဲ့ပြဌာန်းချက်တစ်ရပ်မဟုတ်ဘူး” ဟု မွန်အမျိုးသား ဒီမိုကရေစီပါတီမှ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းချက်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားခဲ့ပြီး၊ လွှတ်တော်မခေါ်ခင်မှာ ယခုကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းချက်ကို ပြဌာန်းလိုက်ခြင်းမှာ တရားမျှတမှုမရှိကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။

    ပြဌာန်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေမှာ အရွယ်ရောက်အမျိုးသမီး အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား၊ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်ကြားရှိ အမျိုးသားတို့သည် ၂ နှစ်မှ ၃ နှစ်ထိ စစ်မှုထမ်းရမည်။

    “ဒီဥပဒေက ပြည်ပနိုင်ငံတွေမှာလည်း ပြဌာန်းထားတာပဲ ဒါပေမယ့် သူများနိုင်ငံတွေက အေးချမ်းတဲ့နိုင်ငံတွေဖြစ်တယ်။ ပြီးတော့ ကျနော်တို့ နိုင်ငံလို တိုင်းရင်းသားပေါင်းစုံနေထိုင်တဲ့နိုင်ငံတွေမဟုတ်ဘူး၊ ပြီးတော့ တိုင်းရင်းသားပေါင်းစုံ နေတဲ့နိုင်ငံတွေ အဲဒီတော့ ဒီစစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းချက်ကတော့ အကောင်အထည်ဖော်နိုင်ဖို့ဆိုတာ သိပ်လွယ်လှတာမဟုတ်ဘူး” ဟု မွန်နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်တလရွတ်က ပြောသည်။

    ပါလီမန်တွင် ပြဌာန်းသင့်သည်၊ သို့ပေမယ့် ယခု လွှတ်တော်မခေါ်မီ ပြဌာန်းလိုက်သည်မှာ တရားနည်းလမ်းကျသည့် ပြဌာန်းချက်မဟုတ်ဘဲ ယခုပြဌာန်းချက်သည် ပြည်တွင်းစစ်ဖြစ်နေသည့် မြန်မာနိုင်ငံအတွက် ပိုမိုဆိုးဝါးလာသည့်အခြေအနေဖြစ်လာနိုင်မည်၊ ယခုပြဌာန်းချက်ကို အမှန်တကယ် အကောင်အထည်ဖော်မည့်ဆိုလျှင် ပြည်သူများအတွက် လက်ရှိအခြေအနေထက် ပိုမိုဆိုးဝါးလာသည့်အခြေအနေဖြစ်လာမည်ဟုလည်း နိုင်တလရွတ်က ပြောသည်။

    စစ်မှုထမ်းရန်အတွက် ကာယကံရှင်ကိုယ်တိုင် အာဏာပိုင်များထံ စာရင်းပေးသွင်းရမည်ဖြစ်ပြီး စစ်မှုထမ်းရန်အတွက် စာရင်းပေးသွင်းမှု ပျက်ကွက်ပါက ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာဖြစ်သည်ဟု ဗွီအိုအေသတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts