spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မြို့ဝင်ကြေးဂိတ်များရုပ်သိမ်းပေးရေးအဆို မဲခွဲရှုံးနိမ့်

    မွန်ပြည်နယ် မြို့ဝင်ကြေးဂိတ်များရုပ်သိမ်းပေးရေးအဆို မဲခွဲရှုံးနိမ့်

    -

    မွန်သတင်းအေဂျင်စီ(စက်တင်ဘာ ၁၉)။ ။ကျင်းပဆဲ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းအဝေး၌ သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းသော “မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများရုတ်သိမ်းပေးရေး တိုက်တွန်းကြောင်း” အဆို ယနေ့ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံ ၁၀ မဲ၊ ကန့်ကွက် ၁၆ မဲဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။

    “မွန်ပြည်နယ်အတွင်း စည်ပင်သာယာရေးအဖွဲ့မှ ကောက်ခံနေတဲ့ မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်
    စခန်းများအား ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း အဆိုအား မွန်ပြည်နယ်
    ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်မှ ကန့်ကွက်ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်လွှတ်တော်မှ မဲခွဲဆုံးဖြတ်ရာ အဆို ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားပြည်သူများအား လေးစားစွာအသိပေး တင်ပြအပ်ပါသည်” ဟု ဦးအောင်ကျော်သူ၏ လူမှုကွန်ယက် Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ(Aung Kyaw Thu Facebook)

    ၎င်းအဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာခင်နိုင်ဦး၊ ဦးဇော်ဇော်ထူး၊ ဦးမင်းထင်အောင်ဟန်နှင့် ဦးထွန်းမင်းအောင်တို့အပြင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP မှ ဒေါက်တာအောင်နိုင်ဦးတို့ ထောက်ခံဆွေးနွေးခဲ့ကြသော်လည်း မွန်ပြည်နယ်အစိုးရ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင် ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြည်နယ်လွှတ်တော်ရောက် သတင်းထောက်တစ်ဦးက ပြောသည်။

    “လက်ရှိ တစ်နိုင်ငံလုံးအခြေအနေများအရ တစ်ချို့သောတိုင်းဒေသကြီးများနှင့် ပြည်နယ်များမှာ နဂိုမူလမှ မြို့ဝင်ကြေးကို ကောက်ခံခြင်းမရှိသလို ဥပဒေအရ မြို့ဝင်ကြေးကောက်ခံခဲ့ကြပါသော်လည်း လူထုများရဲ့တောင်းဆိုတင်ပြချက်အရ ဖြစ်စေ၊ ကောက်ခံရမည့်အခြေအနေများမှာ ခက်ခဲမှုဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်စေ ပြန်လည်ရုပ်သိမ်းဖယ်ရှား ဆောင်ရွက်ခဲ့ကြပြီး ဖြစ်ပါတယ်” ဟု ဦးအောင်ကျော်သူ၏ အဆိုတွင် တင်ပြခဲ့သည်။

    မွန်ပြည်နယ်အစိုးရအနေဖြင့် မွန်ပြည်နယ် ၁၀ မြို့နယ်သာမက စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့အဝင်ဂိတ်များ၌ မော်တော်ယာဉ်တစ်စီး ၂၀၀ ကျပ်နှုန်း ကောက်ခံလျက်ရှိသည်။

    ပြီးခဲ့သည့် ၂၀၁၇/ ၂၀၁၈ ခုနှစ်ဘဏ္ဍာနှစ်အတွင်း မွန်ပြည်နယ်မြို့ဝင်ကြေးဂိတ်များမှ ငွေကျပ်သိန်းပေါင်း ၁ သောင်း ၄ ထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရရုံးမှ သိရှိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts