spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းသမ္မတသစ် ဦးဝင်းမြင့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဂုဏ်ပြုကြိုဆို

    သမ္မတသစ် ဦးဝင်းမြင့်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဂုဏ်ပြုကြိုဆို

    -

    နိုင်ငံတော် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်အား UNFC, NCA-S EAO, FPNCC စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုလိုက်ကြောင်း သဝဏ်လွှာအသီးသီး ရေးသားဖော်ပြကြသည်။

    နိုင်ငံတော် သမ္မတသစ် ဦးဝင်းမြင့်(MOI)

    ၂၀၁၈ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် သမ္မတသစ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို မိမိတို့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ ဂုဏ်ပြုကြိုဆိုပါကြောင်း ယနေ့ရက်စွဲဖြင့် UNFC က ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ခဲ့ရာတွင် မြန်မာပြည်၏ နှစ်ပေါင်း(၇၀)ကျော် ပြည်တွင်းစစ်ချုပ်ငြိမ်းနိုင်ရေးအတွက် သမ္မတဦးဝင်းမြင့်အနေဖြင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အား ပိုမိုလက်တွေ့ကျစွာဆောင်ရွက်နိုင်ရန်အလို့ငှာ တိုင်းရင်းသားနယ်မြေများတွင် လက်ရှိအစိုးရတပ်မတော်မှ အကြောင်းအမျိုးမျိုးပြ ထိုးစစ်ဆင်နေမှုများကို အမြန်ဆုံးရပ်ဆိုင်း၍ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ရန် UNFC က အလေးအနက် တိုက်တွန်းထားသည်။

    UNFC အနေဖြင့်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးအတွက် အဓိပ္ပါယ်ပြည့်ဝ၍ အနှစ်သာရ ရှိသော နို်င်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် တက်ကြွစွာ ပူးပေါင်းပါ၀င်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားဖော်ပြသည်။

    အလားတူ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO မှ ပြည်သူ့လွှတ်တော်ဥက္ကဌဟောင်း ဦးဝင်းမြင့်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှုအတွက် ဝမ်းမြောက်ကြောင်းနှင့် နိုင်ငံတော်၏ သမ္မသစ်အဖြစ် ကြိုဆိုကြောင်း ယနေ့ရက်စွဲဖြင့် သဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။

    ထို့အတူ မြောက်ပိုင်းမဟာမိတ် ရ ဖွဲ့ပေါင်းစည်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ၏ မတ်လ ၂၈ ရက် ကြေညာချက်တွင် သမ္မတသစ်အဖြစ်ရွေးချယ်ခံရသည့် ဦးဝင်းမြင့်ကို ကြိုဆိုကြောင်းနှင့် သမ္မတသစ်၏ ဦးဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။

    ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲအခမ်းအနား၌ ကျမ်းသစ္စာကျိန်ဆိုအပြီး သမ္မသသစ် ဦးဝင်းမြင့် မိန့်ခွန်းတွင် “(၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး” တို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း အတိအလင်း ပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံတော်သမ္မတ ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်းအခမ်းအနား အစီအစဉ်များကို ယနေ့ နံနက် (၉:၅၅) နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား MRTV ၊ MRTV လွှတ်တော် Channel ၊ MITV၊ MNTV ၊ SKY Net Up to Date ၊ မြန်မာ့အသံရေဒီယို၊ MOI Webportal Myanmar Facebook၊ MRTV Facebook နှင့်Myanmar Digital News Facebook တို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts