spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းပဋိပက္ခလျော့ချရေး NMSP,KNU တပ်ဖွဲ့ခေါင်းဆောင်များ ပူးတွဲရှင်းလင်းပွဲပြုလုပ်မည်ဟုဆို

    ပဋိပက္ခလျော့ချရေး NMSP,KNU တပ်ဖွဲ့ခေါင်းဆောင်များ ပူးတွဲရှင်းလင်းပွဲပြုလုပ်မည်ဟုဆို

    -

    မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU အောက်ခြေတပ်ဖွဲ့များကြား ပဋိပက္ခလျော့ချရေးအတွက် မကြာမီတွင် နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်များ သက်ဆိုင်ရာဒေသများသို့ သွားရောက်၍ ပူးတွဲရှင်းလင်းပွဲများပြုလုပ်သွားမည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်ဉာဏ်ထွန်းက “ဒီကနေ့ဆွေးနွေးပွဲမှာ နှစ်ဖက်ပဋိပက္ခအဆုံးသတ်ဖို့ နည်းလမ်းရှာကြတယ်၊ မကြာမီမှာ နှစ်ဖက်တပ်ဖွဲ့ခေါင်းဆောင်တွေ အတူတကွပူးတွဲပြီးတော့ သက်ဆိုင်ရာဒေသတွေဆီသွားပြီး ရှင်းလင်းပွဲအတူတကွပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်” ဟု ဆိုသည်။

    KNU နှင့် NMSP ခရိုင်အဆင့်ဆွေးနွေးပွဲ(MNA)

    KNU ဒူးပလာယာခရိုင် ဥက္ကဌ ဗဒိုစောရွှေမောင်း ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်း ဦးစီးသည့်ကိုယ်စားလှယ်အဖွဲ့တို့ ဘုရားသုံးဆူမြို့ရှိ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး၌ ယနေ့(မတ်လ ၁၃ ရက်) မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    “နှစ်ဖက်ကိုယ်စားလှယ်တွေအနေနဲ့ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်တာမရှိခဲ့ပါဘူး၊ မွန်ပြည်သစ်ပါတီရဲ့တင်ပြချက်တွေကို KNU ဗဟိုသို့ဆက်လက်တင်ပြဖို့အတွက် တပ်မဟာ ၆ ကနေ လာရောက်တွေ့ဆုံတာပါ၊ KNU နဲ့ NMSP ဗဟိုအဆင့် ဆက်လက်တွေ့ဆုံနိုင်ရင် ပိုပြီးကောင်းလိမ့်မယ်လို့ တပ်မဟာ ၆ ဘက်က ပြောလာတယ်” ဟု နိုင်ဉာဏ်ထွန်းက ဆိုသည်။

    အဆိုပါတွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီမှ သိမ်းဆည်းရမိသော M-79 တစ်လက်၊ AK-47 တစ်လက်နှင့် သစ်ထမ်းသမားတစ်ဦးကို KNU တပ်မဟာ(၆) သို့ လွှဲအပ်ခဲ့သည်ကို တွေ့ရှိရသည်။

    KNU တပ်ရင်း(၁၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောရွှေဝင်းက “ညှိညှိနှိုင်းနှိုင်းနဲ့ ပူးတွဲဆောင်ရွက်ရမယ့်ကိစ္စတွေပါ၊ ညှိနှိုင်းမှုမရှိဘဲနဲ့ သူမှန်တာသူလုပ် ကိုယ်မှန်တာကိုယ်လုပ်ရင်တော့ စည်းလုံးညီညွတ်မှုဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး၊ ပြဿနာတစ်ခုအဖြေရှာတဲ့အခါ ညှိနှိုင်းဆောင်ရွက်မှုက အဓိကပဲ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    အဆိုပါ လက်နက်များသိမ်းဆည်းရမိသည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ပစ်ခတ်မှုနှင့်အတူ မတ်လ ၄ ရက်၊ မတ်လ ၉ ရက်နေ့များတွင် မွန်ပြည်သစ်ပါတီနှင့် ထိတွေ့မှုဖြစ်ပွားခဲ့သည့်တပ်များမှာ အောက်ခြေ KNU ဖြစ်သော်လည်း မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီး မတ်လ ၅ ရက်နေ့ ပစ်ခတ်မှုမှာ မွန်ပြည်သစ်နှင့်မဟုတ်ဘဲ KNU နှင့် မွန်လက်နက်ချအဖွဲ့တစ်ဖွဲ့ဖြစ်နိုင်သည်ဟုယူဆရကြောင်း မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်းက ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts