spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား မတရားအသင်းမှပယ်ဖျက်

    မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့အား မတရားအသင်းမှပယ်ဖျက်

    -

    မွန်ပြည်သစ်ပါတီ (News Mon State Party-NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (Lahu Democratic Union-LDU) တို့အား ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် မတရားအသင်းအဖြစ်မှပယ်ဖျက်လိုက်သည်။

    ထုတ်ပြန်ချက်(Copy)

    အလားတူ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်ပါတီအား အကြမ်းဖက်သူများမဟုတ်ကြောင်း ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၈) တွင်လည်း ရေးသားဖော်ပြသည်။

    နိုင်ငံတော်သမ္မတသည် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနှင့် မတရားအသင်းအက်ဥပဒေအရ အထက်ပါအဖွဲ့အစည်းအား ပယ်ဖျက်ကြောင်း အမိန့်ထုတ်ပြန်ချက်တွင် ပြည်ထဲရေးဌာနဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

    မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတော့မည် ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts