spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းရေးမြို့နယ်လျှပ်စစ်လိုင်းကြိုးများသွယ်တန်းရာတွင် လယ်သမားများနစ်နာဆုံးရှုံးမှုရှိ

    ရေးမြို့နယ်လျှပ်စစ်လိုင်းကြိုးများသွယ်တန်းရာတွင် လယ်သမားများနစ်နာဆုံးရှုံးမှုရှိ

    -

    ရေးမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအတွက် အရှေ့တောင်အထွေထွေစွမ်းအင်နှင့်လျှပ်စစ်ကုမ္ပဏီလီမိတက် (Southeast General
    Energy & Power Co.Ltd – SEGEP)SEGEP ကုမ္ပဏီမှ ဓာတ်တိုင်များစိုက်ထူခြင်း၊

    လိုင်းကြိုးများသွယ်တန်းရာတွင်ထိခိုက်နစ်နာမှုများရှိနေကြောင်း သိရသည်။

    လျှပ်စစ်ကြိုးများသွယ်တန်းထားပုံ(MNA)
    ”ကျွန်တော့်လယ်ထဲမှာ ၅ တိုင်စိုက်သွားတယ်၊ စပါး ၄၅ တင်းစာလောက်ဆုံးရှုံးသွားတယ်၊ ဒီလိုလာလုပ်တာ ခွင့်ပြုချက်လဲမတောင်းခဲ့ဘူး၊ အဲဒီအတွက်
    မြေယာနစ်နာကြေး၊ သီးနှံနစ်နာကြေးရရှိလိုပါတယ် ” ဟု ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဝဲကျော်ကွင်းရင့်မှည့်စပါးခင်း လယ်သမားဦးစိုးဝင်းကပြောသည်။

    ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ဝဲကျော်ကွင်းရင့်မှည့်စပါးခင်း၌ ဓာတ်တိုင် ၁၃ တိုင်စိုက်ထူပြီး ကြိုးများသွယ်တန်းသည့်အတွက် စပါးတင်း ၆၀ ကျော်ပျက်စီးမှုများရှိခဲ့ကြောင်း၊ မီးရထားဝင်းအတွင်းရှိ နေအိမ်အရှေ့အဖီတစ်ခုပျက်စီးခဲ့ကြောင်း အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

    အောင်မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းက ” လောလောဆယ် လယ်သမား ၅ ယောက်၊ အိမ်ရှင် ၁ ယောက်ပေါ့၊ ခုလိုထိခိုက်မှုတွေသိရလို့ တားခိုင်းလိုက်တယ်၊ ဒီနေ့အထိ ကုမ္ပဏီဘက်ကတစ်ယောက်မှ လာမတွေ့သေးဘူး၊ နစ်နာဆုံးရှုံးမှုတွေအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးကိုတင်ပြမယ်၊ မရဘူးဆိုလို့ရှိရင် ဒီထက်မြင့်တဲ့နေရာကိုတင်ပြမယ်၊ ခုလို သူတို့ရဲ့လုပ်ဆောင်ချက်က ဘောင်ကျော်တယ်လို့မြင်ပါတယ် ” ဟု ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြောသည်။

    သို့ရာတွင် SEGEP မှ ချောင်းတောင်၊ ကလော့၊ ဟံဂံ၊ ဆင်ဂူး၊ ကော့လှိုင်ကျေးရွာတို့တွင် လာမည့် ၂၀ဝ၈ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ FO လောင်စာဖြင့် လျှပ်စစ်ဓာတ်အားစတင်ထုတ်လုပ်ဖြန့်ဖြူးသွားရန်စီစဉ်နေပြီး နစ်နာခဲ့ရသူများအတွက် သီးနှံလျော်ကြေးပေးရန် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများထံ ပြောဆိုထားပြီးဖြစ်ကြောင်း ကုမ္ပဏီ၏မန်းနေးဂျင်းဒါရိုက်တာ ဦးမောင်မောင်မြင့်က ဒီဇင်ဘာလ ၁
    ရက်နေ့ နံနက်ပိုင်းတွင် ပြောသည်။

    ရေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ညွန့်က ” နစ်နာမှုအနေနဲ့တိုင်ထားတာ အစင်ကျေးရွာကိုလိုင်းဆွဲစဉ်တုန်းက သစ်ပင်တွေခုတ်လိုက်တဲ့ကိစ္စ အစင်အုပ်ချုပ်ရေးမှူးတင်ပြလာမှုအပေါ် ခေါ်ယူညှိနှိုင်းဆောင်ရွက် ပေးခဲ့တာရှိတယ်၊ နောက်တစ်ခုက အိမ်တစ်အိမ်က သူ့အိမ်မှာ ဓါတ်တိုင် ၄ တိုင်စိုက်ထူထားတယ်၊တစ်တိုင်ပဲဖယ်တယ်၊ ကျန်တာမဖယ်ဘူးဆိုပြီးတိုင်တော့ အိမ်ရှင်ကျေနပ်အောင်ဆောင်ရွက်ပေးခဲ့တယ်၊ ကျေနပ်မှုမရှိလို့တိုင်ကြားလာခဲ့မယ်ဆိုရင် လမ်းနယ်မြေဆိုလမ်း အိမ်ဆိုရင်အိမ် အကျိုးစီးပွားထိခိုက်လာရင်တော့ နစ်နာသူက တိုင်ကြားတဲ့အတွက်ပေါင်းစပ်ပေးတယ်၊ နစ်နာသူက တရားစွဲဖို့လိုအပ်ရင် စွဲဖို့ ပြောရမှာပေါ”
    ဟု ဆိုသည်။

    ရေးမြို့နယ်အနေဖြင့် မွန်ပြည်နယ်အတွင်း မဟာဓာတ်အားလိုင်းမရရှိသေးသည့် တစ်ခုတည်းသောမြို့နုယ်ဖြစ်ပြီး လက်ရှိ မြတ်သူရကုမ္ပဏီမှ ဒီဇယ်အင်ဂျင်ဖြင့်ထုတ်လုပ်ဖြန့်ဖြူးသောလျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ၄၅၀ ကျပ်ဖြင့် ရေးမြို့မနှင့့် ပတ်ဝန်းကျင်ကျေးရွာအချို့တွင် ရယူသုံးစွဲနေရကာ ထပ်မံ၍ မြတ်သူရကုမ္ပဏီအပြင် ရေးမြို့နယ်တောင်ပိုင်းတွင် SEGEP ကုမ္ပဏီမှလည်းကောင်း၊ ရေးမြို့နယ်မြောက်ပိုင်းတွင် Bedok ကုမ္ပဏီမှလည်းကောင်း FO လောင်စာဖြင့်တစ်ယူနစ်လျှင် ၂၀ဝ မှ ၃၀ဝ ကျပ်အတွင်းကုန်ကျဖွယ်ရှိသည်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts