မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်အမျိုးသားပါတီ ဒုတိယအကြိမ်ညီလာခံကျင်းပရေးကော်မတီဖွဲ့စည်း

မွန်အမျိုးသားပါတီ ဒုတိယအကြိမ်ညီလာခံကျင်းပရေးကော်မတီဖွဲ့စည်း

ရေးသားသူ:

လာမည့် ၂၀၁၈ ခုနှစ် အေပြီလကုန်ပိုင်းတွင် မွန်အမျိုးသားပါတီ MNP ဒုတိယအကြိမ်ပါတီညီလာခံ ကျင်းပရေးကော်မတီတစ်ရပ်ကို နိုဝင်ဘာ ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့ကြောင်း ၄င်းပါတီ၏အထွေထွေအတွင်းရေးမှူး နိုင်လယီတမက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်အမျိုးသားပါတီဗဟိုဌာနချုပ်၌ ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေး ၃/၂၀၁၇ တွင် အဖွဲ့ဝင် ၁၇ ဦးပါ ဒုတိယအကြိမ်ပါတီညီလာခံ ကျင်းပရေးကော်မတီဖွဲ့စည်းခဲ့ရာ၌ ဥက္ကဌအဖြစ် နိုင်ငွေသိန်း(ဂျနူမွန်) နှင့် အတွင်းရေးမှူး နိုင်လယီတမတို့ ဦးဆောင်သည်ဟု ဆိုသည်။

MNP ဗဟိုကော်မတီအစည်းအဝေး ၃/၂၀၁၇(Maejae Laoth)
နိုင်လယီတမက “ညီလာခံလမ်းညွှန်ကို စတင်ရေးဆွဲမယ်၊ ရပ်ကွက်/ကျေးရွာအဆင့် မြို့နယ်အဆင့် ဗဟိုအဆင့်ဆိုပြီး အဆင့် ၃ ဆင့်ကျင်းပဖို့ စီစဉ်ထားတယ်” ဟု ပြောသည်။

ထိုသို့အဆင့် ၃ ဆင့်ကျင်းပရာ၌ ရပ်ကွက်/ကျေးရွာအဆင့်ကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ၂ လအတွင်း၊ မြို့နယ်အဆင့်ကို မတ်လအတွင်း၊ ဗဟိုအဆင့်ကို အေပြီလကုန်ပိုင်းတွင် ကျင်းပရန် လျာထားကြောင်း သူကဆက်ပြောသည်။

မွန်အမျိုးသားပါတီ ပထမအကြိမ်ညီလာခံကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့က ၃ ရက်ကြာကျင်းပခဲ့ရာတွင် ဗဟိုကော်မတီ ၉၃ ဦးရွေးချယ်ခဲ့ပြီးနောက် လက်ရှိတွင် ၇၆ ဦးသာကျန်ရှိသည်ဟု သိရသည်။

သို့ရာတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ AMDP ပါတီ၏ ပထမအကြိမ်ညီလာခံကို ၂၀၁၄ ခုနှစ် မေလ ၂၄-၂၅ ရက်များတွင်ကျင်းပခဲ့ပြီးနောက် ဒုတိယအကြိမ်ပါတီညီလာခံကျင်းပရန် ထုတ်ဖော်ပြောကြားခြင်းမရှိသေးပေ။

မွန် ၂ ပါတီပေါင်းစည်းရေးမပြုလုပ်နိုင်သေးသည့်ကြားကာလများတွင် အထက်ပါမွန် ၂ ပါတီမှ ဗဟိုကော်မတီအချို့အား နုတ်ထွက်ခွင့်ပြုခြင်း၊ ပါတီမှ ထုတ်ပယ်ခြင်းနှင့် ကွယ်လွန်သူအချို့ရှိသဖြင့် ဗဟိုကော်မတီဝင်အရေအတွက် လျော့ကျသွားကြောင်း တွေ့ရှိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: