မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်နှစ်ပါတီတွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီမှု (၃) ချက်ရရှိ

မွန်နှစ်ပါတီတွေ့ဆုံဆွေးနွေးပွဲမှ သဘောတူညီမှု (၃) ချက်ရရှိ

ရေးသားသူ:

မွန်ဒေသလုံးဆိုင်ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) ကိုယ်စားလှယ် (၃) ဦးစီတို့ မော်လမြိုင်မြို့၌ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီမှု (၃) ချက် ရရှိသည်ဟု ၄င်းကိုယ်စားလှယ်များက ဆိုသည်။

“တစ်အချက်က တစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံရန်နှင့် အရးပေါ်ကိစ္စပေါ်လာပါက ကြားဖြတ်တွေ့ဆုံကြရန်။ နှစ်အချက်က နိုင်ငံရေးကိစ္စနှင့်ပတ်သက်လာလျှင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရန်။ သုံးအချက်က နှစ်ပါတီ ပူးပေါင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးသွားမယ်”ဟု MNP တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် နိုင်ချစ်ဦးက ပြောသည်။

ကျေးရွာတစ်ရွာတွင် ယခင်ကမွန် ၂ ပါတီရုံးဖွင့်လှစ်ခဲ့စဉ်(Internet)
ထို့အပြင် နှစ်ဖက်ပါတီချင်းထိပ်တိုက်ဖြစ်စေမည့် ပုတ်ခတ်ဝေဖန်ပြောဆိုမှုများ ရှောင်ကြဉ် ထိန်းသိမ်းသွားရန်ကိုလည်း ဆွေးနွေးခဲ့ကြောင်း AMDP ကိုယ်စားလှယ်က ဆိုသည်။

AMDP ပါတီ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် နိုင်မောင်မောင်က “ကျနော်တို့အချင်းချင်း ပြေပြေလည်လည် တွေ့ဆုံနိုင်ပြီဆိုတော့ ကျနော်တို့ထိပ်ပိုင်းလူကြီးတွေ ကျနော်တို့ဗဟိုကော်မတီဝင်တွေ ထပ်မံတွေ့ဆုံနိုင်ရင် ပိုပြီးအဆင်ပြေလာမယ်။ လူကြီးတွေ တွေ့ဆုံနိုင်မယ်ဆိုရင် ပါတီပူပေါင်းကိစ္စက ဖြစ်လာမှာပါ။ လုပ်ငန်းစဉ်အရ ပူးပေါင်းဆောင်ရွက်နိုင်ပြီဆိုတော့ မခက်တော့ဘူး”ဟု ပြောသည်။

ကြားခံအဖွဲ့အစည်းမပါဘဲ နှစ်ပါတီကိုယ်စားလှယ်များ တွေ့ဆုံရေးကို နိုဝင်ဘာလ (၁) ရက် နေ့စွဲဖြင့် AMDP ပါတီမှ စာပေးပို့ကမ်းလှမ်းခဲ့သည်ကို MNP ပါတီလက်ခံအကြောင်းပြန်ကြားစားပေးပို့ပြီးနောက် အထက်ပါ ပထမဆုံအကြိမ်တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: