spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စ ကြားနာစစ်ဆေး

    မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စ ကြားနာစစ်ဆေး

    -

    မွန်ပြည်နယ် သထုံမြို့နယ် စရစ်ချောင်ကျေးရွာအုပ်စုရှိ အလံတစ်ရာနယ်မြေဒေသတွင် ဖြစ်ပွားနေသည့် ခွန်တန်ကိစ္စနှင့် ပတ်သက်ပြီး တိုင်ကြားထားချက်အပေါ် ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက နိုဝင်ဘာလ ၆ ရက်နေ့တွင် ကြားနာစစ်ဆေးမှုပြုလုပ်ခဲ့သည်။

    ဘာသာတရားယုံကြည်မှုအပေါ် အခွင့်ကောင်းယူပြီး ဘာသာရေးမှိုင်းတိုက်၍ ရိုးသားသော ပအိုဝ်းတိုင်းရင်းသူ မိန်ကလေးများအား ဖျက်ဆီးနေမှုကို ဖော်ထုတ်အရေးယူပေးပါရန်ဆိုပြီး ကျူးလွန်ခံရသည့် အမျိုးသမီးမိဘများကိုယ်စား အမျိုးသမီးဖခင်တစ်ဦးက ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသို့ တိုင်ကြားထားခဲ့သည်။

    ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ခွန်တန်ကိစ္စကို ကြားနာစစ်ဆေးစဉ်(MNA)
    “တိုင်ကြားသူတွေရဲ့ ပြောကြားချက်တွေကို အမတို့ နားထောင်တယ်၊ ဒီထဲမှာ ကာယကံရှင်အဖေပါတယ်၊ အားလုံး ၆ ဦးလာတယ်၊ ဒီ့အပေါ် လုပ်ဆောင်ရမယ့်ဟာကို ကော်မတီရဲ့ ဆုံဖြတ်ချက်နဲ့ လွှတ်တော်ဥက္ကဌရဲ့ လမ်းညွှန်ချက်နဲ့ ဆောင်ရွက်သွားမယ်။ လွှတ်တော်ရဲ့ ဥပဒေ၊ နည်းဥပဒေအတိုင်း ဘောင်းထဲကနေလုပ်ဆောင်သွားမှာ” ဟု ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင် ကော်မတီ ဥက္ကဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

    ခွန်တန်နှင့် ပတ်သက်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီသို့ တိုင်စာ ၂ စောင် ရောက်ရှိထားကြောင်း ယင်းကိစ္စနှင့် ပတ်သက်သည့် ဆောင်ရွက်ချက်အားလုံးကို လာမည့် လွှတ်တော်အစည်းအဝေးတွင် ဆုံဖြတ်ချက် ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ခွန်တန် (ခ) ဇာတ်လိုက်သည် ယခင် အလံတရာဆရာတော် ဝင်စားသည်ဆိုပြီး ဒေသခံအချို့တို့က ယုံကြည်ကိုးကွယ်နေကြသည်။

    အလံတရာတွင်ဖြစ်သည့်ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေဆောင်နေကြောင်းနှင့် ခွန်တန်ဆိုသူကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ဖမ်းဆီးရန် အမိန့်ထားကြောင်း လက်ရှိတွင် ခွန်တန်က ရှမ်းပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်းပြီးလုပ်ဆောင်သွားမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားထားခဲ့သည်။

    အလံတရာနယ်မြေတွင် အတွင်း ၆ ရွာ အပြင် ၆ ရွာရှိပြီး ပအိုဝ်းတိုင်းရင်းသားလူမျိုး အများစုနေထိုင်နေကြသည့်ဒေသတစ်ခုဖြစ်ကာ ဘာသာတရားအပေါ် ယုံကြည်သော ပအိုဝ်းတိုင်းရင်းသူများအား ဖျက်ဆီးနေသည့်ကိစ္စသည် လွန်ခဲ့သည့် ၅ နှစ်၊ ၆ နှစ်ခန့်ကတည်းက ဖြစ်ပွားနေသည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

    ဘာသာတရားအပေါ် ယုံကြည်သော ပအိုဝ်းတိုင်းရင်းသူများအား ဖျက်ဆီးနေသည့်ကိစ္စသည် အလံတရာဘုရား ပြုပြင်ခြင်းကို တိုင်ကြားရာမှတဆင့် ပေါ်ပေါက်လာသည်ဟုလည်း ၄င်းက ဆက်ပြောသည်။

    ခွန်တန် (ခ) ဇာတ်လိုက် အပါအဝင် ၇ ဦးကိုလည်း ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၆ (အတင်းအဓမ္မခိုးယူပေါင်းသင်းမှု)၊ ၃၆၃ (လူခိုးမှု)၊ ၁၁၄ (အားပေးကူညီမှု) တို့ဖြင့် သထုံမြို့မရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု သထုံမြို့မရဲစခန်းမှ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts