spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရခိုင်ပြည်နယ်ရဲကင်းစခန်း ၃၀ ခန့်ကို ဘင်္ဂါလီအကြမ်းဖက်များ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်အကျအဆုံးများပြား

    ရခိုင်ပြည်နယ်ရဲကင်းစခန်း ၃၀ ခန့်ကို ဘင်္ဂါလီအကြမ်းဖက်များ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်အကျအဆုံးများပြား

    -

    ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်နှင့် မောင်တောနယ်မြေအတွင်းရှိ ရဲကင်းစခန်း ၃၀ ခန့်ကို ယနေ့(သြဂုတ်လ ၂၅ ရက်) နံနက် ၁ နာရီအချိန်ခန့်၌ ဘင်္ဂါလီ အကြမ်းဖက်များ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးကျဆုံး၊ ဒဏ်ရာရသူ ၁၁ ဦးနှင့် အကြမ်းဖက်သမား ၅၉ လောင်းနှင့် ၁ ယောက်ဖမ်းဆီးထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

    ထို့အတူ လုံခြုံရေးတပ်ဖွဲ့အပါအဝင် အနည်းဆုံးလူ ၃၂ ဦးသေဆုံးခဲ့သည်ဟု တပ်မတော်ကသတင်းထုတ်ပြန်ခဲ့ပြီး သေဆုံးသူဦးရေဆက်လက်တိုးပွာလာနေသည်ဟု သတင်းဌာနများက ဖော်ပြလျက်ရှိသည်။

    ဘင်္ဂါလီအကြမ်းဖက်များ တပြိုင်နက်ဝင်ရောက်တိုက်ခိုက်သည့် ရဲကင်းစခန်းများမြေပုံ(နိုင်ငံတော်အတိုင်ပင်ခံရုံး)
    ဖြစ်စဉ်မှာ ယနေ့နံနက် ၁ နာရီခန့်တွင် လောင်းဒုံ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ ကွမ်းသီးပင်ချောင်းဝ၊ နတ်ချောင်း၊ ဘူးသီးတောင်မြို့နယ် ဖောင်တော်ပြင်၊ ဇင်ပိုင်ညာ၊ တမန်းသား၊ ဇီးပင်ချောင်းဝ၊ မီးတိုက်၊ သင်္ဘောကွေ့၊ မြင်းလွတ်၊ အလယ်သံကျော်၊ သဝင်ချောင်း၊ ဥဒေါင်းတံကား၊ ပညောင်ပင်ကြီးနှင့် ကျီးကျွန်းရဲကင်းစခန်းများအား တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ထို့အပြင် နံနက် ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ နယ် တောင်ဘဇာကျေးရွာရှိ နယ်မြေခံ တပ်ဌာနချုပ်အား အင်အား ၁၅၀ ခန့်ဖြင့် နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားရာတွင် အကြမ်းဖက်အဖွဲ့မှ အလောင်း ၆ လောင်း ထပ်မံရရှိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ယနေ့တွင် သတင်းထုတ်ပြန်သည်။

    ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရသေ့တောင်မြို့နယ်၊ ချိန်ခါလီ ကျေးရွာ၌ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများအား ၎င်းတို့၏ နေအိမ်များကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွား ခြင်း၊ နေ့လည်ပိုင်းအချိန်အထိ ကျားခေါင်းတောင်နှင့် နတ်ချောင်းရဲကင်း စခန်းတို့တွင် အပြန်အလှန် တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

    မောင်တောမြို့နယ်ရှိ ခမောင်းဆိပ်မြို့ ၊ တောင်ပြိုလက်ဝဲမြို့နှင့် မြင်းလွတ်မြို့များရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျေးရွာသူ ကျေးရွာသားများအား လုံခြုံရေးရှိသည့်နေရာများသို့ ပြောင်းရွှေ့ ကယ်ထုတ်နေပြီဟု သိရသည်။

    ထို့အတူ ဘူးသီးတောင် မြို့နယ်အတွင်းရှိ တောင်ဘဇာကျေးရွာနှင့် ပီရွက်ကျေးရွာမှ ရွာသူရွာသားများ၊ ဌာနဆိုင်ရာများကို ၅၅၂ တပ်ရင်းသို့ ပြောင်းရွှေ့ထားရှိပြီး အန္တရာယ်ကင်းစွာ ရောက်ရှိသွားပြီဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ယနေ့ည ၇ နာရီကျော်တွင် သတင်းထုတ်ပြန်သည်။

    ယင်းကဲ့သို့တိုက်ခိုက်မှုမဖြစ်ပွားမီ သြဂုတ် ၂၄ ရက်က ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေးအစီအမံများ ချမှတ်ကာ အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်း၍ ကိုယ်စားလှယ် ၂၄ ဦးက ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာတွင် အဆိုရှုံးနှိမ့်ခဲ့သည်။

    ထို့အပြင် ယခုတိုက်ခိုက်မှုမှာ မစ္စတာကိုဖီအာနန် ဦးဆောင် သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်သည့်အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

    အလားတူ ယမန်နှစ် အောက်တိုဘာလတွင်လည်း မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းနှင့် ဌာနချုပ်ကို အကြမ်းဖက်သမားများ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ယောက်ကျဆုံးပြီး လက်နက်မျိုးစုံ ၄၈ လက်ဆုံးရှုံးခဲ့သလို အကြမ်းဖက်သမား သေဆုံး ၈ယောက်နှင့် ၂ ယောက်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

    ယခုဖြစ်ပေါ်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သော အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများနှင့် ယင်းအကြမ်းဖက်သမားများအတွက်တာဝန်ရှိသော Arakan Rohingyi Salvation Army-ARSU တို့ကို အကြမ်းဖက်အုပ်စုဖြစ်သည်ဟု ပြည်ထောင်စုအစိုးရအတည်ပြုချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts