spot_img
Tuesday, March 19, 2024
More
    spot_img
    Homeသတင်းစိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

    စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

    -

    “မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။
    ၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း
    ဒီနေ့ပဲ တီးစေချင်ကြ
    အစာတောင်း ငှက်ကလေးတွေလို
    လက်ခုပ်သံကို ဆာလောင်”
    “၁- ခါလာလည်း ဒီအချိုး
    မဲပြာပုဆိုးကို မခြုံချင်တော့ဘူး
    ပင်လုံ

    ဤဆာလောင်မှု ဤဆန္ဒတို့သည် ဆိုင်ရာဆိုင်ရာ နိုင်ငံရေးပိုင်းမှ ပုဂ္ဂိုလ်အပေါင်းတို့နှင့်အတူ စတုတ္ထမဏ္ဍိုင်မီဒီ ယာ၊ ပဉ္စမမဏ္ဍိုင်ပြည်သူတို့သည်လည်း ပန်းတိုင်ပုံရိပ်ဖေါ်နိုင်စွမ်းရှိကြမှသာ အပြည့်အဝသရုပ်ပေါ်လာမည်ဖြစ် သည်။

    (၂၁) ရာစု ဒုတိယပင်လုံ အစည်းအဝေး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) ပါနိုင်ငံရေး ကဏ္ဍ မူဝါဒသဘောတူစာချုပ် အစိတ်အပိုင်း (ခ) ပါ။ နိုင်ငံရေးကဏ္ဍမူဝါဒသဘောတူညီချက်- ဖက်ဒရယ်စနစ်တွင် အ ခြေခံရမည့်မူများ (၁၂) ချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ်တွင် ထည့်ရမည့်ခေါင်းစည်းများ၊ ပုံသေအခြေခံ မူများဖြစ်သည်။ အများစုသဘောတူညီချက်ဟုဆိုသည့်တိုင် အများစုကများများစားစား အတွန့်တက်ဆွေးနွေး၍ ရကောင်းသောအရာများမဟုတ်ပါ။

    ၂၁ ရာစုပင်လုံညီလာခံ(Internet)

    ၎င်းထဲတွင် အချက်အလက် အနည်းငယ်သည် ဆက်လက်ဆွေးနွေးရန် ထူးခြားချက်ရှိသည်။ အခြေခံရမည့်အ ချက် (၄) (ဃ) တွင် “ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများအ ကြားဥပဒေပြုရေးဆိုင်ရာ အာဏာများနှင့် ပူးတွဲအဏာများကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွဲဝေအပ် နှင်းပေးရမည်” ဟူ၍ပါရှိသည်။ “ပူးတွဲအာဏာ” ဟူသောစကားရပ်သည် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသမိုင်း တွင် အခွင့်အာဏာအပြည့်ဝဆုံးဟုဆိုနိုင်သော (၁၉၄၇) ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပင် မပါဝင်ခဲ့ဘူး သော အာဏာဖြစ်သည်။ ထပ်တူပြုအာဏာ (သို့) ပူးတွဲကျင့်သုံးသည့် အာဏာဇယားကို ဆိုလိုသည်ဟု အဓိပ္ပါယ် ကောက်ခြင်းဖြစ်ရာယခင့်ယခင်များက တင်ပြခဲ့ဘူးရာ၌ ရူတ်ထွေးမှုများသည် (သို့) ဘဏ္ဍါရေးအရ အကုန်အကျ များသည်ဆိုသော ထောက်ကွက်များဖြင့် ပယ်ချခံခဲ့ရဘူးပါသည်။ မည်သို့ပူး၍ တွဲ၍ကကြမည်ကို ဆက်လက် ရှင်းလင်းစဉ်းစားသွားဘို့သာ ရှိသည်။

    အခြေခံရမည့်မှုများအချက် (၄) ၏ (င) (စ) တို့နှင့်ပတ်သက်၍ မူရှိခဲ့ဘူးပြီးသားဖြစ်သော်လည်း စကားလုံးများ ကို ၎င်းထက်ပိုမို၍တိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုရန်လိုသည်။ (င) တွင် “ပြည်နယ်တရားလွှတ်တော်ချုပ်များကို ပြည် ထောင်စုကအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များနှင့် အညီလွတ်လပ်စွာ ကျင့်သုံးနိုင်ရေးအတွက် ထူထောင်ခွင့်ရှိ စေရမည်” ဟုဆိုထားရာ “အညီ” နှင့် “လွတ်လပ်စွာ” တို့သည် ဆန့်ကျင်ဘက်တရားများ ဖြစ်ကြသည်။

    (စ) တွင် “အခွန်ငွေများ၊ ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် အရင်းအမြစ်များကို ဥပဒေနှင့်အညီမျှဝေခံစားခွင့် ရှိစေရမည်” ဟုဆိုထားရာ “မျှဝေမှု” ပုံစံသည် “မျှတမှု” “တရားနည်းလမ်းကျမှု” တို့ရှိဖို့လိုအပ်ပေသည်၊ ပြည်တွင်းတိုင်းရင်း သားနိုင်ငံရေး ပါတီများဖြင့် စုဖွဲ့ထားသည့် ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) ၏ မူဝါဒအရ ဆိုင် ရာပြည်နယ်များက (၇၀%) ပြည်ထောင်စုက (၃၀%) ဟု ချမှတ်ထားခြင်းရှိပေသည်။ ချင်းအမျိုးသားများတစ်ဦး (CNF) က ထက်ဝက်စီဟု သဘောထားရှိကြောင်းကြားသိရဘူ့းသည်။

    ဤနေရာတွင် ရာနှုန်းအတိအကျမဆွေး နွေးမသတ်မှတ်ရသေးသဖြင့် “တရားမျှတစွာ ခွဲဝေသုံးစွဲမည်” ဟုဆိုပါက သံသယပိုရှင်းနိုင်မည်ဖြစ်သည်။ တရားမျှတမှုကိုမည်သို့ ရှာမည်ဆိုသည်မှာ ပြဿနာတစုံလုံးကို တရားမျှတမှုအခြေခံဖြင့် ကိုင်တွယ်မှသာ ငြိမ်းချမ်းနိုင်မည်ဖြစ်သောကြောင့် ပြဿနာမဖြစ်နိုင်ပါ။

    အထက်ပါအတိ်ုင်းအနည်းငယ်အသေးစိတ်ရေးပြနေရခြင်းမှာ သဘောတူညီချက်တို့သည် အလွန်ယေဘုယျ ကျလွန်းနေ၍ဖြစ်သည်။ ညီလာခံလုပ်ငန်းစဉ်အရ အလှဆင်အပေါ်ယံ ဆုံးဖြတ်ချက်များ ဖြစ်နေ၍လည်း ဖြစ် သည်။ တချိန်က (အတိအကျပြောရလျှင်) (၂၀၁၃) ခုနှစ်ဒီဇင်ဘာလဆုတ် “ဖက်ဒရယ်ဂျာနယ်” တွင် “ယေ ဘုယျများဖြင့်နပမ်းလုံးခြင်း” ဟူသောဆောင်းပါး ဖတ်ခဲ့ရဘူးသည်။ ထိုဆောင်းပါး၏ နိဂုံးချုပ်တွင် “အချုပ်အား ဖြင့်ဆိုသော် တိုင်းရင်းသားလူမျိုးစုများသည် ခေတ်အဆက်ဆက်စကားလုံးများဖြင့် လုံးလည်ချာလည်လိုက်ကာ ယေဘုယျများဖြင့် နပမ်းလုံးယင်း သက်ဆိုးရှည်ခဲ့ရပါသည်။ ယေဘုယျ ခေတ်ကုန်သင့်ပါပြီး အနှစ်သာရ အသစ် နှင့် ကြုံချင်ပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လိုလားပါသည်၊ ထောက်ခံပါသည် ဆိုသူများ ပြက် သားရဲရင့် နိုင်ကြပါစေ” ဟုရေးထားသည်။

    ထိုလွန်ခဲ့သော (၄) နှစ်ကဆုတောင်းသည် မပြည့်ခဲ့ပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ အဆိုပြုချက်များသည် ယေဘုယျဆန်ဆန်ပင်ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းဝင် ဖြစ်ခဲ့တော့သည်။ ၎င်းနှင့်ပတ်သက်၍ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်က “တာတိုခရီးတွေမှာ ခွန်အားကြီးသူက သာ လွန်တတ်ကြပေမဲ့ တာဝေးခရီးတွေမှာ စိတ်ဓါတ်ခိုင်မာသူတွေသာ အဓိကအောင်ပွဲဆင်လေ့ရှိကြပါတယ်” ဟုနှစ် သိမ့်မှုပေးပါသည်။ သို့သော် တပ်မတော် ကိုယ်စားလှယ်ဆိုသူကမှု “ညီလာခံရလာဒ်တွေနဲ့ပတ်သက်ပြီးတော့ အားရကျေနပ်မှုရှိလားဆိုတာကိုတော့ဘယ်လိုမှ မှတ်ချက်မပေးလိုဘူး၊ ပြည်သူတွေရဲ့အပြင်ကို နားထောင်လိုက် ယင်ပိုပီးသိမှာပါ” ဟု မီဒီယာကို ဖြေကြားခဲ့သည်။

    နိုင်ငံရေးဝေဖန်သုံးသပ်သူများ၏ အပြင်ကိုကျော်၍ ပြည်သူတွေပိုပီးသိမှာပါဟု ဘော်လီဘောပုတ် ပြောဆိုခြင်း နှင့် ပတ်သက်ပီး ဒီမိုကရေစီဖက်ဒရယ်စနစ်ကို ပြည်သူတွေမည်မျှသိသနည်းဆိုသော မေးခွန်းပေါ်လာသည်။

    ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆိုသည်ကို ပြည်သူလူထုသည် ကြားဘူးနားဝ အဆင့်ထက်လွန်ပီး သိရှိခဲ့ ပြီ ဟုဆိုနိုင်သည်။ အဘယ်ကြောင့် ဆိုသော်ပထမအကြိမ်ငြိမ်းချမ်းရေး ညီလာခံတွင် တိုက်ရိုက်အသံလွှင့်မှု ရှိခဲ့သ လို ဒုတိယအကြိမ်တွင်လည်း ရက်ရွေးပီးတိုက်ရိုက်အသံလွှင့်ခဲ့၍ဖြစ်သည်။ ထို့ပြင်ညီလာခံကာလများတွင် လည်း ဂျာနယ်သတင်းစာများ၌ ဖက်ဒရယ်ဆက်စပ်ဆောင်းပါးများကို မကြာမကြာတွေရ၍ဖြစ်သည်။ သို့သော် ကြားသော်လည်း ဖတ်ပင်ဖတ်သော်လည်း အသေးစိတ်အခြေခံကျကျ နားလည်ရန်မှာ နိုင်ငံရေးအခြေခံ အား နည်းမှုရှိနေလျှင် ဖြစ်နိုင်ခြေနည်းပါသည်။

    လက်ရှိအခြေအနေမှာ ပြည်သူလူထုသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဆီသို့ သွားပင်သွားသင့်သော် လည်းအသိအမှတ်ပြုသော်လည်း သွားလိုသောစိတ် ပြင်းပျမှု အရှုးအမူးစွဲလန်းမှု (Passion) မပြင်းပျနေခြင်း ဖြစ်သည်။ ဤသို့ (Passion) ပျောက်နေသူများမှာ ပြည်သူများချည်းလားဟု ဆိုလျှင် မဟုတ်ပါဟု ဖြေရပါမည်။

    မသီတာ (စမ်းချောင်း) ၏ ဆောင်းပါးတပုဒ်တွင် ပန်းတိုင် (vision) ကို ပုံရိပ်ဖေါ်မြှော်မြင်ကြည့်နိုင်ရန် ရူးသွပ်မှု (Passion) လိုအပ်ကြောင်း၊ ပြည်သူများ၏ အတွေးအမြင်ကို ပုံသွင်းနိုင်သော အရင်းအမြစ်များထဲ၌ မီဒီယာက ထိပ်ဆုံးကပါကြောင်း၊ အများပြည်သူသည် ၎င်းတို့၏ အခန်းကဏ္ဍမပီပြင်သရွေ့ (Passion) မထက်သန်ကြောင်း၊ အများပြည်သူ၏ မီဒီယာပါးဝမှု (media literacy) သည်အရေးပါကြောင်း ရှင်းပြထားသည်။ သတင်းအချက်အ လက်ပါးဝမှု (Information literacy) နှင့်စာပေပါးဝမှု၊ (Literature literacy) ကိုလည်ထပ်ပေါင်း ဖြည်းဆည်း ပေးရမည်ဖြစ်သည်။

    အများပြည်သူအဖို့ သိသာသိနေပြီး နားလည်နိုင်မှု နည်းပါးသွားလျှင် အဆက်မပြတ်ပေါက်ကွဲ နေသောသတင်း အချက်အလက်များ၊ မီဒီယမ်- ကြားခံနယ်မြေ (ပုံနှိပ်၊ လေလှိုင်း၊ အင်တာနက်— စသည်) အသီးသီးကြားတွင် ဝေခွဲမရသော ခံစားချက်မျိုး ဖြစ်ပေါ်စေသည်။ ပြတ်သားသည့်အဖြေ၊ ထက်သန်သည့်ဇွဲမာန်အစား တွေဝေထိုင်း မှိုင်းသည့် အနေအထားသို့ တွန်းပို့ပေးစေသည်။

    ဤသို့ပြည်သူအများပန်းတိုင်သို့ လိုက်ပါလာနိုင်မှု အနည်းအများ ပမာဏကြီးခြင်းသေးခြင်းသည် တဘက်ဘက် တွင်ရပ်တည်နေကြသောဘက်များကို အကျိုးသက်ရောက်ပါသည်။ ထိုသူများသည် မိမိရပ်တည်နေသောဘက် အကြောင်းကောင်းစွာ နားလည်သလိုအခြားဘက်ကို စိုးရိမ်စိတ်အခံဖြင့်၊ မယုံကြည်မှုအခံဖြင့် ရှမြင်ကြသည်။ ထိုအခံများကြောင့်လည်း အပေးအယူ၊ အလျှော့အတင်းမလုပ်နိုင်၊ မလုပ်ရဲခြင်းဖြစ်သည်။ ပြည်သူလူထု၏ ဆင်း ရဲဒုက္ခကို ပိုပီးတွေ့လာရမှုနှင့် ပန်းတိုင်ဆိုင်ရာ ဗဟုသုတကြွယ်ဝလိုမှုက ထိုဘက် (၂) ဘက်အားလူထု၏ ဆန့်ကျင်ဒဏ်ခတ်မှုကို စိုးရိမ်ထိတ်လန့်လာမှုကလည်း ပိုဖြစ်လာစေသည်။

    ထို့ကြောင့်လည်းဆွေးနွေးညှိုနိူင်းမှုကို မဖြစ်မနေလုပ်မှ ဖြစ်တော့မည်ဆိုလျှင် ဆွေးနွေးချင်စိတ်နှင့် မပြီဘဲဆွေး နွေးညှိုနှိုင်းမှုအနုပညာကို သင်ယူရတော့မည်။ အချိန်ကာလရှည်လျားလာသည်နှင့်အမျှ လူထုလည်း ခြေကုန် လက်ပမ်းကျသွားပြီးဆိုလျှင်ပေးဆပ်မှုများပြီး ကြေးပိုကြီးသွားနိုင်သည်။

    တောင်အာဖရိကယ်ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေလာကြည့်သောအခါ ပါတီနိုင်ငံရေးတွင် ဝင်မပါသော နိုင်ငံရေး ဖြတ်သန်းမှုအတွေးအကြုံလည်း ကြွယ်ဝသောသူ (non- partisan politician) များ၏ ကဏ္ဍအဓိက ကျကျပါဝင် ခွင့်ပြုသလို ဆွေးနွေးညှိုနှိုင်းမှုအမြုတေအဖွဲ့ငယ်များ၏ ကြိုတင်ဆုံးဖြတ်ချက်ကို အလေးထားရယူခြင်းနည်းလမ်း ကို အသုံးချခဲ့ကြောင်းတွေရသည်။ ထို့ပြင်ပန်းတိုင်ကို အဆင့်ခွဲပြီး စခန်းဆင်အလိုက်ပန်းတိုင်ငယ် အဆင့်ဆင့် တပ်ချသွားသည်ကို တွေ့နိုင်သည်။ ညီလာခံကြီးများသည် အနည်းငယ် ပြင်ဆင်ဖြည့်စွက်ပီး အတည်ပြုခြင်း အ လုပ်ကိုသာလုပ်ကြသည်။

    ဤသို့လုပ်နိုင်ပြီဆိုလျှင် စခန်းဆင့်ပန်းတိုင်ငယ်များအတွင်း၊ အမြုတေအဖွဲ့ငယ်များ အတွင်းစိတ်အခံ (mind- set) များပြောင်းလဲလာပြီးအရိပ်သဏ္ဍါန်ဟုဆိုသော ရလာဒ်အဖြေများ အဆင့်ဆင့်ပြောင်းလဲလာမည် ဖြစ်သည်။ မျှော်မှန်ထားသော ဒီမိုကရေစီဖက်ဒရယ် စနစ်သည် အမည်ခံအဆင့်မှ လက်တွေကျသော အများညီ (အစစ်အမှန်မဟုတ်သေး) ဖက်ဒရယ်သို့တက်လှမ်းနိုင်မည်ဟု ယုံကြည်ပါသည်။ (၂၁) ရာစု ဒုတိယပင်လုံ၏ (၆) လတစ်ကြိမ်ညီလာခံကြီးကို ဤနည်းဖြင့်ချဉ်းကပ်လျှင် ယေဘုယျအတည်ပြုချက်များ ဖြင့်သွားနေရသည့် ဒုက္ခမှလွတ်မြောက်လိမ့်မည်ဟု အကြံပြုချင်ပါသည်။

    တဦးတည်း၏ ဆန္ဒအရပြောလျှင်မှု-အစပိုင်း ကဗျာစာသားအတိုင်း (၂) ဖက်တီးမှ မြည်မည်ဆိုလျှင် ယနေ့ ပင် တီးလိုက်စေချင်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts