spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးရေတိမ်မှာ နစ်ရတော့မလား ငြိမ်းချမ်းရေးညီလာခံ

    ရေတိမ်မှာ နစ်ရတော့မလား ငြိမ်းချမ်းရေးညီလာခံ

    -

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကြီးနဲ့ ပတ်သတ်တဲ့ ရေးသားချက် တော်တော်များများကို ဖတ်ပြီးရေးသားသင့်တယ်ထင်လို့ ရေးဖြစ်ပါတယ်။

    မေလ (၂၄) ရက်နေ (၂၉) ရက်ထိကျင်းပခဲ့တဲ့ အဲဒီညီလာခံကြီးမှာ ပြည်ထောင်စု သဘောတူစာချုပ်ရဲ အစိတ် အပိုင်းတရပ်အနေနဲ့ အချက် (၃၇) ချက်ရရှိခဲ့တယ်။ ဒီအပေါ်မှာပထမအကြိမ် သဘောတူညီမှု စုစည်းနိုင်တာဖြစ် လို့ အောင်မြင်တဲ့အရွေ့ဆိုပီး သောင်းသောင်းဖျဖျ ကြွေးကြော်နေကြသလို ဆုံးဖြတ်ချက်တွေဟာ သိပ်ပီး ယေဘု ယျဆန်လွန်းလို့ အောင်မြင်မှုမရခဲ့တဲ့ ပုံစံမျိုးလည်း ရေးသားကြပါတယ်။

    ပြည်ထောင်စုသဘောတူညီချက် ရေးထိုးစဉ်(၂၁ ပင်လုံ ဒုတိယအစည်းအဝေး)
    ရရှိသွားတဲ့အချက် (၃၇) ချက်မှာ နိုင်ငံရေးကဏ္ဍက (၁၂) ချက်ပါဝင်ပါတယ်။ အဲဒီလောက် ရနိုင်ဘို့အတွက် တရက်တိုး ကျင်းပခဲ့ရတာလည်းဖြစ်တယ်။ တခြားထူးခြားချက်တွေအဖြစ်နဲ့ ညီညွတ်သောတိုင်းရင်းသား လူမျိုး များဖက်ဒရေးရှင်းကောင်စီ (UNFC) နဲ့ “ဝ” တပ်မတော် (UWSA) အပါအဝင်မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ဟာတက်ရောက်ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒီကြားထဲမှာ တရုပ်ပြည်ရဲ့ အစွယ်ထုတ်ပြခြင်းကိုလည်း ခံလိုက်ရ သေးတယ်။

    ဒီမှာအများသိသွားတဲ့ အချက်ကတော့ဖက်ဒရယ်စနစ်ရဲ့ အသက်လို့ ဆိုရမဲ့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်တွေပေါ်မှာ သဘောတူညီချက်မရနိုင်လို့ ချန်ခဲ့ရ တယ်။ ညီလာခံနဲ့ ပတ်သက်ယင် ဒီအချက်တွေဟာ အသက်ဖြစ်နေပီး ဒါရဲ့ နောက်ဆက်တွဲတိုင်းရင်းသားတွေနဲ့ ပတ်သက်ပီးအကျိုးဆက် ခံစားမှုတွေရှိလာရတယ်။

    ဒီမှာပြောချင်တာက “တိုင်းရင်းသားများဘက်မှ ကတိကဝတ်ပြုနိုင်သဖြင့်” ဆိုတဲ့အကြောင်းပြချက် ဘောလုံး ရောက်သွားတဲ့ကိစ္စဖြစ်တယ်။ နောက်ဆက်တွဲတွေကတော့ တိုင်းရင်းသားခေါင်းဆောင်ဆိုသူတွေဟာ ဘယ် လောက်သူတို့ လူမျိုးလူထုဆီက ထောက်ခံမှုအခွင့်အဏာ (mandate) ရလာသလဲဆိုတာ မေးခွန်းထုတ်ရဲတဲ့ အဆင့်ရောက်လာတာပါဘဲ။ ဖက်ဒရယ်အပေါ် ပြည်မကလူတွေ စိတ်ဝင်စားမှုမပေးရဲတဲ့ လက္ခဏာပြလာတာပါ ဘဲ။

    ညီလာခံကို တက်ရောက်ခဲ့သူတဦးအနေနဲ့ တိုင်းရင်းသားတွေအပေါ် အမြင်ရှင်းအောင် အချက်တချို့ အသိပေး ချင်တယ်။ ညီလာခံမှာ ကဏ္ဍအလိုက် အခြေခံဆွေးနွေးရတာက ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အောက်က သက်ဆိုင်ရာ လုပ်ငန်းကော်မတီ အသီးသီးတွေ ပြင်ဆင်ပေးထားတဲ့ စာတမ်း တွေအပေါ်မှာ ဆွေးနွေးကြရတာဖြစ်တယ်။ အဲဒီစာတမ်းတွေဟာ အမျိုးသားအဆင့် ဆွေးနွေးပွဲရဲ့ရလာဒ်တွေကို ပါဝင်ထည့်သွင်းထားတယ်ဆိုပေမဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲလုပ်နိုင်ခဲ့တာ (၆) နေရာသာရှိလို့ ကိုယ်စားပြုမှု ပြည့်ဝတယ်လို့ မဆိုနိုင်ပါ။

    တကယ်တန်းနိုင်ငံရေး ကဏ္ဍမှာတွေ့ကြုံရတဲ့ ပြဿနာတွေကတော့ ပြောနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ခွဲထုတ်နိုင် ခွင့်လောက်ဘဲ မဟုတ်ပါဘူး၊ နောက်ပီးထိပ်တိုက်တိုးတာကလည်း တိုင်းရင်းသားတွေနဲ့ နာမည်တပ်ဖော်မရေး ချင်တဲ့အခိုင်အမာအဖွဲ့အစည်းကြီးတရပ်အကြား ဖြစ်ကြတာများပါတယ်။ အစိုးရ၊ လွှတ်တော်အစုအဖွဲ့နဲ ရင်ဆိုင် ရတာနည်းပါတယ်။

    ဗေထိဆိုပီးဆိုင်းသံပေးစလိုက်တာနဲ့ “နိုင်ငံသား” ဝေါဟာရဟာ ပြဿနာရှိလာတယ်။ နိုင်ငံတကာမှုရေးထုံးအရ “အချုပ်အချာအဏာဟာ နိုင်ငံသားထံမှဆင်းသက်” ဆိုတာမှားစရာအကြောင်းမရှိဘူ။ ဒါပေမဲ့လူမျိုးခြားတွေ စိမ့် ဝင်ထိုးဖောက်နေရာယူလာတဲ့ ပြည်နယ်တွေအတွက် ဒီလောက်နဲ့မယုံရဲတောဘူး။ ဒါကြောင့်လည်း “တိုင်းရင်း သား” ဆိုတဲ့ဝေါဟာရနဲ့ အခြေအနေကို ကုစားချင်ကြတယ်။ သဘာဝကျတာမကျတာတပိုင်း၊ မိမိရဲ့ဝိသေသအ ခြေအနေအရ စဉ်းစားကြတာပါ။

    နောက်တချက်က အချုပ်အချာအဏာမဏ္ဍိုင် (၃) ရပ်ကို ပိုင်းခြားကျင့်သုံးခြင်းဆိုတာကလည်း မထူးရယ်တဲ့ မဆန်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာလည်း “အတတ်နိုင်ဆုံး” ဆိုတဲ့ဝေါဟာရနဲ့ ရေရောပီးထိမ်းကွပ်ချင်ပြန် တယ်။ နိုင်ငံတကာမှာ ပိုင်းခြားကျင့်သုံးယင်းနဲ့ မဏ္ဍိုင် (၃) ရပ်ကြား ပြဿနာတတ်တာတွေရှိပါတယ်။ ဒါပေမယ့် သူဖြေရှင်းနည်းနဲ့ သူဖြေရှင်းလို့ ရနေကြတာဘဲ။ ဒီမှာတော့- ဒီမှာပေါ့လို့ဘဲ ဆိုရမလား၊ ဆွေးနွေးငြင်းခုံဖြစ်ခဲ့ တယ်။

    နောက်ပီးတော့ “မည်သည့်တိုင်းရင်းသား လူမျိုးကို မျှအထူးအခွင့်အရေးမပေးရ” ဆိုတာဖြစ်တယ်။ ဘယ်သူ တွေက အခွင့်ထူးခံစားခဲ့တယ်ဆိုတာ ခံစားနားလည်နိုင်ပေမဲ့ လက်တွေ့ကျကျဆွေးနွေးတဲ့အခါ ယေဘူယျဆန် လွန်းလို့တော်တော်လေး ငြင်းခုံကြရပြန်တယ်။

    “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” နဲ့ပတ်သက်တဲ့ အဆိုပြုလွှာတခုလုံးကို ခြုံငုံပီးနားလည်ရယင် ဝေါဟာရအရ “ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ပေးတယ်ဆိုပေမယ့် အားလုံးကိုပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေပါပြဋ္ဌာန်းချက်များနဲ့ ပြန်ချုပ်ထားပါ တယ်။ တကယ်တန်းပေးချင်တာက “ယဉ်ကျေးမှုဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” သာဖြစ်ပီးတော့ ပြည်နယ်ဖွဲ့စည်း ပုံ အခြေခံဥပဒေရေးဆွဲရေးကိစ္စကို အလေးအနက်ထား ထိမ်းချုပ်ချင်နေတာ တွေ့ရပါတယ်။ ဝါကျအစိတ်အပိုင်း လေးတစ်ခုက လက်ရှိဖြစ်နေတဲ့ အခြေအနေကို ဖေါ်ညွှန်းပြနေတယ်။

    “စစ်မှန်ပီးထိရောက်စွာ လက်တွေ့အကောင် အထည်ပေါ်လာမည့်ဖက်ဒရယ်စနစ်မူဘောင်” ဆိုတဲ့ ဝါကျအစိတ်အပိုင်လေးပါပေးချင်တာကလည်၊ အကန့်အသတ် လက်တွေ့အကောင်အထည်လည်း ပေါ်စေချင်တယ်ဆိုယင် တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ စစ်မှန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ မရှိနိုင်တော့ပါဘူး။ ဒါပေမယ့်စိတ်ကျေနပ်အောင် ထည့်ပေးလိုက်ပါတယ်။

    ဒါကြောင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသောပြည်ထောင်စု” ဆိုပီးဖြစ်လာတော့တယ်။ တိုင်းရင်း သားတွေဘက်က လူမျိုးအခြေခံဖက်ဒရယ် ပြည်ထောင်စုကိုလိုချင်တဲ့ ဆန္ဒဟာရာစုဝက်ကျော် သက်တမ်းရှိပါ တယ်။ တိုင်းဒေသကြီးကို မလိုချင်ပါ။ ဒါပေမဲ့ လက်တွေ့မှာ ဒါကိုမလွန်ဆန်နိုင်တဲ့ အပြင်အချို့ဗမာ နိုင်ငံရေးသ မားတွေက ပထဝီအခြေခံ ပြည်ထောင်စုကို မရှက်မရွံ့ တင်ပြတောင်းဆိုရဲကြတာ တွေ့ဘူ့းပါတယ်။

    အပြင်းထန်ဆုံး ငြင်းခုံရတာကတော့ “နိုင်ငံတော်၏နယ်မြေအပိုင်းအခြား ဟူသမျှသည်မည်သည့်အခါမျှ ခွဲမ ထွက်ရ” ဆိုတဲ့အဆိုပြုချက်ဘဲဖြစ်ပါတယ်။ ဒီနေရာမှာတိုင်းရင်းသားတွေက ခုနေခါမှာဘယ်သူမှ ခွဲထွက်ရေး တောင်းနေတာမဟုတ်လို့ ဒါကိုဂုဏ်သိက္ခာပိုင်းအရ “ဖြုတ်ပေးပါ (သို့) ဝေါဟာရပြင်ပေးပါ” လို့တင်ပြတောင်းဆို ဆွေးနွေးခဲ့ကြတယ်။ ဒီလောက်ပါဘဲ။ ဒါကိုခွဲထွက်ခွင့်တောင်းနေတာပါလို့ ဆိုယင်ဆန္ဒစွဲဖြစ်သွားပြီး၊ ခုမ႘ဒီယာ တွေမှာ သတင်းဆောင်းပါးရေးသားနေပုံက တိုင်းရင်းသားတွေဘက်က ခွဲထွက်ခွင့်တောင်းတဲ့ပုံ ဖြစ်နေတယ်။ “လူမျိုးအခြေပြုဖက်ဒရယ်နှင့် ပြိုကွဲမှုအန္တရာယ်” ဆိုပီးပီးလောင်ရာလေပင့် ရေးသားကြတယ်။

    ဒီတော့တိုင်းရင်းသားတွေဟာ ပြည်ထောင်စုကို အန္တာရာယ်ချောက်ကြီး ဆီတွန်းပို့နေသူတွေလိုဖြစ်လာတယ်။ ဒီကိစ္စမှာအကြောက်အကန်အဖြစ်ဆုံးက အထက်မှာရေးသားခဲ့တဲ့အမည်တပ် မရေးချင်တဲ့ အင်အားကြီးပီးဖွဲ့ စည်းပုံအခိုင်အမာရှိတဲ့ အင်အားစုကြီးဖြစ်နေတယ်။ အပြင်မှာအင်အားအကြီးဆုံး ဆိုပေမဲ့အတွင်းမှာ အနည်းစု ဖြစ်နေတာကြောင့် “ခွဲမထွက်ရ” ဆိုတာကို တင်းတင်းမာမာပြင်းပြင်းထန်ထန်ထည့်ဖို့တောင်းဆို အကြပ်ကိုင်ပါ တော့တယ်။ ဒီတော့လည်းတစ်ဆို့သွားတာပေါ့ ဒါကို မဖေါ်ထုတ်ဘဲ မဖေါ်ထုတ်ရဲဘဲနဲ့ တိုင်းရင်းသားတွေကို မဲပီး အပြစ်ဖို့သယောင် ရေးတာတရားနည်းလမ်းမကျပါဘူး။

    “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ဆိုတဲ့ အခွင့်အရေးရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ယင် နိုင်ငံခေါင်းဆောင်တွေဟာ သူ့လို အပ်ချက်နဲ့ သူတီထွင်သုံးစွဲခဲ့တာဖြစ်ပါတယ်။ အမေရိကန်သမတ ဝုဒ်ရိုးဝီလ်ဆင် (Woodrow Wilson) က သြစ တြီးယား၊ ဂျာမန်နဲ့အော်တိုမန် အင်ပါယာတွေကို ပြိုခွဲလိုတဲ့အတွက် (၁၄) ချက်မှု ထုတ်ပြန်ရာမှာ အမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသုံးချခဲ့တယ်။

    ဆိုဗီယက်ယူန႘ယံ စတင်ဖွဲ့စည်းတဲ့စာချုပ်မှာ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ပါရှိပီးပုဒ်မ (၂၆) မှာ ခွဲထွက်ခွင့်ရှိတယ်လို့ အ တိအလင်းဖေါ်ပြထားတယ်။ အဲဒီခေတ်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် (ခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်အပါအဝင်) ဆိုပီးတွဲပီး ရေးသားခဲ့ကြတယ်။ အမှန်မှာတော့ ဆိုဗီယက် ယူနီယံထဲမှာပါတဲ့ သမ္မတနိုင်ငံ (၁၅) ခုရဲ့အယုံအကြည် ရရှိဘို့အဲ ဒီလို တွဲရေးပေးအပ်တာဖြစ်ပါတယ်။

    ကုလသမဂ္ဂအနေနဲ့ ကိုလိုနီတိုင်းပြည်တွေကို လွတ်လပ်ရေးပေးတာနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ကြေငြာချက် (၁၉၆၀) နိုင်ငံတကာဥပဒေရဲ့ အခြေခံမှုတွေနဲ့ ပတ်သက်တဲ့ထုတ်ပြန်ကြေငြာချက် (၁၉၇၀) တွေမှာထည့်သွင်း သုံးစွဲခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့လွတ်လပ်ပြီးစ ပထမဆုံးဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်နယ်တွေကို (၁၀) နှစ် ပြည့်ပီးနောက်ပိုင်းမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ပြုထားပါတယ်။

    ဒုတိယအကြိမ်ငြိမ်းချမ်းရေး ညီလာခံကြီးနဲ့ ပြန်ဆက်ရယင် အချေအတင်များခဲ့လို့ “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ အခြား ဆက်စပ် (၇) ကို နောက်ပိုင်းမှ ဆက်လက်ဆွေးနွေးရန် ချန်လှပ်လိုက်ခြင်း” ဟာ တိုင်းရင်းသားတွေကြောင့် သက်သက်မဟုတ်ပါဘူး ပြဿနာတိုင်းမှာ ဘက် (၂) ဘက် (၃) ဘက်ရှိစမြဲဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်း သားတွေခွဲထွက်ရေး လိုချင်လို့ဖြစ်ရပါတယ် ဆိုတာမျိုးမဟုတ်ဘဲ တရားမျှတမှန်ကန်စွာ ရှုမြင်ကြဘို့လိုပါတယ်။ နောက်တခုက ပြည်ခိုင်ဖြိုး ပါတီအလုပ်အမှုဆောင် တယောက်ရဲ့ “တိုင်းရင်းသားခေါင်းဆောင်တွေဟာ တိုင်း ရင်းသားတွေ့ရဲ့အသံကို အမှန်တကယ်ကိုယ်စားပြုနိုင်တယ်လို့ မထင်ဘူး” လို့ပြောတာမျိုးကလည်း အပြုသ ဘောမဆောင်ပါဘူး။

    ဒုတိယအကြိမ်ညီလာခံရဲ့ ပြဿနာနဲ့ ပတ်သက်ပီးတဆင့်တက် စဉ်းစားရမှာက ဒီလိုချန်လှပ်လိုက်တာဟာ (NCA) မထိုးရသေးတဲ့ အဖွဲ့တွေအပေါ်သက်ရောက်မှု ဘယ်လိုရှိမယ်ဆိုတာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ညှိုနိူင်းလို့မရတဲ့အတွက် ချန်လှပ်လိုက်ရပါတယ်ဆိုယင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေဖြစ်တဲ့ (UNFC) နဲ့မြောက်ပိုင်းမဟာမိတ်တွေက ဘယ်လိုထင်မှာလဲ၊ အကောင်းဘက်တွေးလိမ့်မယ်လို့တော့ မမြင်ဘူး။

    အချုပ်ပြောရယင် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာကိုဆက်ထည့်ထားခြင်းဖြင့် (သို့) ဆက်ထည့်မယ်လို့ ပြန်ပီးသဘောထားပေးခြင်းနဲ့ အနှစ်သာရရှိတဲ့ အပြုသဘောဆောင်အောင်မြင်မှုတွေ ဆက်လာလိမ့်မယ်လို့ ယူ ဆပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မှာ သူ့သဘောသူဆောင်တဲ့ အဓိပ္ပါယ်အပြည့်အဝရှိပြီးသားဖြစ်ပါတယ်။ ခွဲမထွက်ရလို့ ပြဋ္ဌာန်းစရာမလိုသလိုခွဲထွက်လိုက ခွဲထွက်နိုင်ခွင့်ပေးမယ်ဆိုပီး ပြောနေရတဲ့ အနေအထားမရှိပါ ဘူး။ ဒီမိုးဒီလေအတိုင်းသာဆိုယင် နောက် (၆)လမှာ ဆက်လုပ်ပါမယ်ဆိုတဲ့ အနာဂတ်ငြိမ်းချမ်းရေး မျှော်လင့်ချက် ညီလာခံကြီးဟာ ရေတိမ်မှာနစ်ရတော့မှာလား။ စိုးရိမ်မိပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts