မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / တန်းတူရည်တူ ပါဝင်ဆွေးနွေးခွင့်မရှိ၍ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မတက်ရန်UNFC ဆုံးဖြတ်

တန်းတူရည်တူ ပါဝင်ဆွေးနွေးခွင့်မရှိ၍ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး မတက်ရန်UNFC ဆုံးဖြတ်

ရေးသားသူ:

တန်းတူရည်တူ ပါဝင်ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့်မရှိသော “အထူးဖိတ်ကြားသူ” အဆင့်အနေအထားဖြင့်သာ ဖိတ်ကြားလာ၍ ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC က မေ လ ၂၃ရက်က ညနေပိုင်းက ထုတ်ပြန်ကြေညာလိုက်သည်။

“ကျွန်တော်တို့ကို အထူးဧည့်သည်အနေနဲ့ ဖိတ်ကြားတယ်။ အထူးဖိတ်ကြားသူအဆင့်ပေါ့။ ဒါကတော့ စကားလုံးလှအောင် အထူးဖိတ်ကြားသူပေါ့။ တကယ်တော့ လေ့လာသူအဆင့်ပါပဲ။ ကျွန်တော်တို့က အခြားသောကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့် ဆု့းဖြတ်ခွင့်တွေ မရှိတဲ့အနေအထားပေါ် ကျွန်တော်တို့ကတော့ မတက်သင့်ဘူးလို့ မြင်တယ်”ဟု UNFC ဒုတိယဥက္ကဌ နိုင်ဟံသာက ချင်းမိုင်မြို့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောသည်။

Caption-သတင်းထောက်များအား UNFC ဒုဥက္ကဌရှင်းလင်းစဉ်(TZA)

UNFC အနေဖြင့် ထိုသို့ တက်ရောက်ခြင်းမရှိသော်လည်း ပင်လုံမူ၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိကဝတ်တို့နှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားပြည်နယ်များကိုအခြေခံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသို့ ဦးတည်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို ကြိုဆိုထောက်ခံ ဝိုင်းရံပံ့ပိုးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေးမေ ၂၂ရက်မှ ၂၃ရက်အထိ ကျင်းပအပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

UNFC မှ နှုတ်ထွက်ထားသော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/KIA နှင့် WNO/WNA ‘ဝ’ အမျိုးသားအဖွဲ့ချုပ်နှင့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီသည် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီအနေဖြင့် ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

ယခုအခါ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ တွင် LDU လားဟူဒီမိုကရက်တစ်အစည်းအရုံး ၊ ANC ရခိုင်အမျိုးသားကောင်စီ၊ KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ NMSP မွန်ပြည်သစ်ပါတီနှင့် ၂၁ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးကို တက်ရောက်မည့် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ စသည့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာ ကျန်ရှိတော့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ပါတီသစ်ဖွဲ့သင့်မသင့် မွန်တို့၏သဘောထားများကို ဆက်လက်ကောက်ခံမည်

မွန်အမျိုးသားကိုယ်စားပြုပါတီသစ်တစ်ခု ထပ်မံဖွဲ့စည်းတည်ထောင်ရန် သင့်/မသင့်ကိစ္စကို မွန်ပြည်သူများ၏ သဘောထားမှတ်ချက်များကို လာမည့်ဒီဇင်ဘာလကုန်အထိ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း မွန်ပါတီသစ်တည်ထောင်ရေးလှုပ်ရှားနေသူ ဒေါက်တာအောင်နိုင်ဦးက ဇူလိုင် ၂၂ ရက်နေ့တွင် ပြောကြားလိုက်သည်။ Related

Leave a Reply

%d bloggers like this: