မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မွန်ပြည်နယ်အုပ်ချုပ်မှုဆိုင်ရာ စောင့်ကြည့်ရေး / ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မွန်ပြည်နယ်အခွန်ငွေ သတ်မှတ်ချက်ထက်ပိုမိုကောက်ခံရရှိ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် မွန်ပြည်နယ်အခွန်ငွေ သတ်မှတ်ချက်ထက်ပိုမိုကောက်ခံရရှိ

ရေးသားသူ:

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း အခွန် ၅ မျိုးအပေါ်မှ ကောက်ခံရရှိသည့် အခွန်ငွေသည် ၁၂၂ ဒသမ ၃ ရာခိုင်နှုန်းရှိသဖြင့် သတ်မှတ်လျာထားချက်ထက်ပိုမိုရရှိခဲ့ကြောင်း ပြည်နယ် အခွန်ဦးစီးဌာနရုံးမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့မှ အခွန်ငွေ ၁၄၂၄၆ ဒသမ ၉၉၆ သန်း ကောက်ခံရန် လျာထားပြီး ဘဏ္ဍာနှစ်အကုန်တွင် အခွန်ငွေ ၁၇၄၂၀ ဒသမ ဝ၃၀ သန်း ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းအခွန်ဦးစီးဌာနရုံး(Internet)

“ရာခိုင်နှုန်းအားဖြင့် ပြောရရင် ၁၂၂ ဒသမ ၃ ရာခိုင်နှုန်းဆိုတော့ ၁၀ဝ ရာခိုင်နှုန်းထက် ပိုတော့ ပိုမိုကောက်ခံရရှိတယ်လိုပြောရမယ်၊ ရရှိသင့် ရထိုက်တဲ့ အခွန်တွေကို အပြည့်အဝ ကောက်လိုက်လို့ ပိုမိုကောက်ခံရရှိတယ်၊ အရင်နှစ်ကထက်ပို ရရှိတယ်” ဟု မွန်ပြည်နယ် အခွန်ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးသန်းဝင်းက ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အခွန် ၅ မျိုးဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ်သန်း ၅၀ဝ၀ ကျော်၊ အထူးကုန်စည်ခွန်အတွက် ၆၃ သန်း၊ ဝင်ငွေခွန်အတွက် ကျပ်သန်း ၇၀ဝ၀ ကျော်၊ တံဆိပ်ခေါင်းခွန်အတွက် ကျပ်သန်း ၇၀ဝ ကျော်နှင့် အောင်ဘာလေသိန်းဆုခွန်အတွက် ကျပ်သန်း ၁၂၀ဝ ကျော် ကောက်ခံရန် လျာထားခဲ့သည်။

ဘဏ္ဍာနှစ်အကုန်တွင် ကုန်သွယ်လုပ်ငန်းခွန်အတွက် ကျပ်သန်း ၆၈၀ဝ ကျော်၊ အထူးကုန်စည်ခွန်အတွက် ကျပ်သန်း ၁၁၀ ကျော်၊ ဝင်ငွေခွန်အတွက် ကျပ်သန်း ၈၂၀ဝ ကျော်၊ တံဆိပ်ခေါင်းခွန်အတွက် ကျပ်သန်း ၈၀ဝ ကျော်နှင့် အောင်ဘာလေသိန်းဆုခွန်အတွက် ကျပ်သန်း ၁၂၇၀ ကျော်တို့ကို ကောက်ခံရရှိခဲ့သည်ဟု ပြည်နယ်အခွန်ဦးစီးဌာနရုံးရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ်ကာလအတွင်း အခွန်မပေးဆောင်နိုင်သည့် အခွန်အကြွေးကျန်များရှိကြောင်း မည်မျှရှိသည်ကို စာရင်းမတွက်ချက်ရသေးကြောင်း ဦးသန်းဝင်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အခွန်ကောက်ခံရရှိငွေ ကျပ်သန်းပေါင်း ၁၁၇၄၇ ဒသမ ၁၃၈ ရှိသည်ဟု ပြည်နယ်အခွန်ဦးစီးဌာနရုံးမှ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: