မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ဒီမိုကရေစီချစ်သူများအကြား မိတ်ဘက်ပဋိပက္ခများ

ဒီမိုကရေစီချစ်သူများအကြား မိတ်ဘက်ပဋိပက္ခများ

ရေးသားသူ:

ပြည်သူလူထုက သောင်ပြိုကမ်းပြိုမဲဖြင် ့ရွေးကောက်တင်မြှောက်လိုက်သော အစိုးရလက်ထက်တွင် ဖြစ်ပွါးနေ သော ပဋိပက္ခများဟုသာ ဆိုရမည်ဖြစ်သည်။ သို့သော် အစိုးရအား အရင်းရှင်လူတန်းစား ကိုယ်စားပြုဟု သတ် မှတ်ရေးသား သုံးနှုန်းဘူးသူ ဆောင်းပါးရှင်အတွက်မူ လယ်သမား (အထူးသဖြင့်လုပ်ကွက်ငယ်လယ်သမား) အ ရေးသည် လူတန်းစားတိုက်ပွဲအသွင် ဆောင်နေမည်လား စဉ်းစားမည်ဆိုက စဉ်းစားနိုင်ပါသည်။ မြောက်ပိုင်းမ ဟာမိတ်အဖွဲ့ (လက်နက်ကိုင်- ၇- ဖွဲ့ပါ) နှင့်ဖြစ်ပွါးနေသောစစ်ရေး ပဋိပက္ခများနှင့် ရခိုင်ပြည်နယ်တွင်း ပြဿနာ များသည်ပြင်ပနိုင်ငံများနှင့် ဆက်စပ်နေသည်ဖြစ်ရာ မိတ်ဘက်ပဋိပက္ခအကြီးစား ဖြစ်ပြီးရန်ဘက်ပဋိပက္ခအကြီးစားဖြစ်ပြီး ရန်ဘက်ပဋိပက္ခသို့အချိန်မရွေးကူးပြောင်းသွားနိုင်ပေသည်။ ယေဘုယျအားဖြင့် ဆိုလျှင်တော့ပဋိပက္ခနှင့်ပြဿနာ အများစုသည် မိတ်ဘက်ပဋိပက္ခအသွင်သာဆောင်ပါသည်။

ဂျာနယ်တအုပ်တည်း၌ စိတ်ထဲခိုးလိုးခုလုဖြစ်စရာသတင်း (၂) ပုဒ်ပါလာသည်။ တပုဒ်မှာ မတ်လ (၆) ရက်နေ့ တွင်ပြန်လည်စတင်ခဲ့သော လောက်ကိုင်မြို့နယ် တိုက်ပွဲဖြစ်စဉ်နှင့် စစ်ဘေးရှောင်များ၊ တောင်ကုန်းများတွင် ပိတ်မိနေသူများအကြောင်းဖြစ်သည်။ အခြားတပုဒ်မှာ ရန်ကုန်ဓါတ်ပုံပွဲတော်တွင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အကဲဖြတ်ဒိုင်အဖြစ်ပါဝင်ဆောင်ရွက်သော သတင်းဖြစ်သည်။ တဘက်တွင်စစ်ပွဲ၊ တဘက်တွင်ဓါတ် ပုံပြိုင်ပွဲအရေးပါမှုကဏ္ဍကို ချိန်စက်ကြည့်နိုင်ပါသည်။ သူလဲလေလောကီသားပေမို့ ဟုဆိုလျှင်တော့ ဘာမျှ- ဘာမျှ မပြောလိုတော့ပါ။

NLD အစိုးရလက်ထက် မွန်အမျိုးသားများဆန္ဒပြမှု(BNA)

အစိုးရသစ်၏ တနှစ်သက်တမ်းကျော်ကာလအတွင်းဖြစ်ပွါးခဲ့၊ ဖြစ်ပွါးနေသော မိတ်ဘက်ပဋိပက္ခများမှာ များလွန်း နေပြီလားသုံးသပ်မိသည်။ သင်္ကြန်ကာလ ရုံးပိက်ရက်လျှော့လိုက်ခြင်းကပင် ပြဿနာတရပ်ဖြစ်နေသည်။ ကာတွန်းဆရာများက သရော်ကြ သည်။ “တွဲဖို့သာမလွယ်တာ၊ ကွဲဖို့များကတော့တကယ် ကိုလွယ်လွယ်လေး၊ ခုလဲကွဲကြပြန်ပြီဟေ့” ဟုသရော် ထားသည်။ တပုဒ်တွင် (Facebook) ကိုင်သူအား မိတ်ဆွေတစ်ယောက်က “ပွတ်လေပြောင်လေဘဲလား” ဟု မေးသည်။ မိတ်ဆွေက ပြန်ဖြေသည်မှာ “တခုထပ်တိုးလာတယ်၊ ပွတ်လေပွါးလေဘဲ” ဟုဖြေလိုက်သည်။ သူ့ ခေါင်းပေါ်တွင် “ပြဿနာ” ဟူသော စကားလုံးကို ဝိုင်းပြထားသည်။

ဒုတိယပင်လုံငြိမ်းချမ်းရေး ညီလာခံကို မတ်လကုန်၊ ဧပြီလလယ်မှ မေလအထိရွှေဆိုင်းလိုက်သော သတင်းဖတ် လိုက်ရသည်။ ဤသည်ကပြဿနာ၏ အထိပ်အနက်နှင့် မရေရာသော ဖြေရှင်းနိုင်စွမ်းကို ပြသနေသည်။ မဂ္ဂဇင်း ဆောင်းပါးရှင်တယောက်က “အားလုံးပါဝင်ခွင့်ပေးရေးကို အာမခံချက် မပေးနိုင်ယင်လည်း ငြိမ်းချမ်းရေးဆွေး နွေးပွဲဟာ ပန်းတိုင်နဲ့ဝေးလိမ့်မယ်။ အခုအချိန်မှာ ဘယ်သူသတ္တိရှိတာ မရှိတာ အရေးမကြီးပါဘူး အားလုံးပါဝင် ခွင့် ရရေးအတွက်ဒေါ်အောင်ဆန်းစုကြည်သတ္တိရှိဘို့ ဘဲလိုတယ်” ဟုရေးသားသည်။ ပြဿနာမှာဤမျှမလွယ် ဟုမြင်သည်။ ဒေါ်စုအစိုးရနှင့် တပ်မတော်ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်တခါးဖွင့်သော့အဖြစ် တနိုင်ငံလုံး ဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကိုထားရှိသည်။ ဒေါ်စုက “ငြိမ်းချမ်းရေးဆွေးနွေးညှိုနိုင်းရာမှာ အရေးကြီးဆုံးက ယုံကြည်မှုဖြစ်တယ်” ဟု၎င်း၊ “ငြိမ်းချမ်းရေးရဘို့ ဆိုယင်အခြေခံအားဖြင့် တယောက်နဲ့တ ယောက်နားလည်မှုရှိရပါမယ်၊ နားလည်မှုမရှိဘူးဆိုယင် ငြိမ်းချမ်းရေးပဋိပက္ခကို ဘယ်လိုမှ ပြုလုပ်နိုင်မှာမဟုတ် ဘူး” ဟု၎င်းနှစ်ဖက်စလုံး အဓိပ္ပါယ်ကောက်နိုင်သော စကားများပြောနေသည်။ ဘာဘဲဖြစ်ဖြစ်၊ ဘာဘဲပြောပြော တိုက်ပွဲများက ဆက်ဖြစ်နေသည်။

ယ္ခုစာရေးချိန်ထိလောက်ကိုင်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေသည်။ “အားလုံးပါဝင်ခွင့်ရရေး” ဟူသော “အားလုံး”တွင် လည်း ပြဿနာကရှိနေသည်။ ဝတပ်ဖွဲ့ (UWSA) ခေါင်းဆောင်သော မြောက်ပိုင်းအဖွဲ့များက (NCA) လမ်းကြောင်းကို လက်မခံ၊ ညီညွတ်သောတိုင်းရင်း သားဖက်ဒရေးရှင်းကောင်စီ (UNFC) က (NCA) လမ်းကြောင်းအတိုင်းသွားပြီး နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကို ပြန်ပြင်ချင်နေသည်။ သို့သော်လည်း အရေးပေါ်အစည်းအဝေးခေါ်ရာမှ “လက်ရှိနိုင်ငံရေး အခြေအနေများ ကြောင့်” ဟုဆိုကာ ကျင်းပရန်ရှိသော ညီလာခံကို ရက်အကန့်အသတ်မရှိ ရွှေဆိုင်းလိုက်သည်။ အခြေအနေမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပိုခက်ခဲသွားသည့်သဘောဖြစ်သည်။

အခြားဆူပွက်နေသော မိက်ဘက်ပဋိပက္ခတခုမှာ သီတဂူ (ဆရာတော်အားဘွဲ့တဆိပ်အပ်နှင်းခြင်းနှင့် အမျိုးဘာ သာသာသနာ (မဘသ) ဆရာတော်အားတရားဟောခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ မူလကတည်းက (မဟန) သံဃာဂိုဏ်းချုပ်နှင့် (မဘသ) သံဃာအဖွဲ့တို့အကြားထိပ်တိုက်တိုးမှုများရှိနေရာ ဦးကိုနီ (NLD) လုပ်ကြံခံရမှုအပြီးတွင် တကြော့ပြန်လာပြီးတရားဟောခွင့်ကို ပိတ်ပင်ခံလိုက်ရသည်။ ပိတ်ပင်ခံလိုက်ရသော ဦးဝီရသူက တရားဟောပလ္လင်ပေါ်တွင် ပါးစပ်ကို တိပ်ဖြင့်ပိတ်ပြီးစင်အောက်မှ မိမိတရားကို ဖွင့်ပြီးပရိသတ်ကို နာကြားစေ သည်။ မူဆလင်တရားမီးကမငြိမ်းနိုင်ဖြစ်နေသည်။ ထောက်ခံသူကလည်း သူ့အကြောင်းနှင့်သူ၊ ကန့်ကွက်သူက လည်းကိုယ့်အကြောင်းနှင့်ကိုယ်။

မည်သည့်အစိုးရတက်တက် ကြွေးကြော်သံ ကြေငြာစာတမ်းများတွင် တောင်သူလယ်သမားဘဝ မြှင့်တင်ရေး အာမခံချက်ဆိုသောကတိပါစမြဲဖြစ်သည်။ ယ္ခု (NLD) အစိုးရသည်လည်း ရွေးကောက်ပွဲကြေငြာစာတမ်းတွင် တောင်သူလယ်သမားဆိုင်ရာ ကတိကဝတ်များစွာပေးခဲ့သည်။ (၂၀၁၃) ခုနှစ် “တောင်သူလယ်သမား အခွင့်အ ရေးကာကွယ်ရေး အကျိုးစီးပွါးမြှင့်တင်ရေး ဥပဒေ “ဖြင့်အစိုးရသစ်သည် လုပ်ငန်းအကောင်အထည်ဖော်လျှက်ရှိ သည်။ လုပ်ကွက်ကြီး လုပ်ငန်းရှင်များအတွက် မည်သို့အစီအမံ ပြုပေးမည်ဟူသော စီမံချက်ထွက်လာသောအခါ ရွေးကောက်ပွဲကြေငြာစာတမ်းပါ လုပ်ကွက်ငယ်လယ်သမားအရေး ဦးစားပေးမည်ဟူသည်မှာ သဲထဲရေသွန်ဖြစ် သွားသည်။ အခြားပြဋ္ဌာန်းပြီးဥပဒေများမှာလည်း မပြည်စုံသည်နှင့် အသက်မဝင်သည်နှင့် တောင်သူလယ်သမား များအဖို့ ချုန်းသာချုန်းမိုးကတော့ မရွာဆိုသည်သို့ ဒုံရင်းဘဝ၌ အခြေမြဲနေတော့သည်။

တောင်သူလယ်သမားများအတွက်လက်ရှိအမှန်တကယ်လိုအပ်ချက်များမှာ (၁) ထွက်ပေါ်လာသော စိုက်ပျိုးသီး နှံများသင့်တင့်သောဈေးနှုန်းရရှိရေး (၂) သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်စေပိုးမွှားရောဂါများ ကြောင့် ဖြစ်စေသွင်းအားစုများဆုံးရှုံးသွားခြင်းအပေါ်အာမခံချက်ပေးရေးအစားထိုး ပြန်လည်ရရှိရေး (၃) သွင်းအားစုများ အလွယ်တကူရရှိရေးနှင့် ငွေကြေးအရင်အနှီး စသည်တို့ဖြစ်သည်။ အချို့လုပ်ငန်းများစတင်အကောင်းအထည့် ဖော်နေပြီဖြစ်သည့်တိုင် ရွှေပြည်တော်မျှော်တိုင်းဝေးနေဆဲဖြစ်သည်။

(၂၀၁၆) ခုနှစ်ထုတ်ကမ္ဘာ့ဘဏ်အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် မြေ (၅) ဧကအောက်ပိုင်ဆိုင်သူ လယ်သမား ဦးရေ (၇၅%) ရှိသည် ဟုဖော်ပြထားသည်။ အရှေ့တောင်အာရှ သတ်မှတ်စံနှုန်းတွင် ပြေလည်သောလယ်သ မား တဦးသည်မြေ (၃) ဟက်တာ (၇ ဧကနီးပါး)ကို တနှစ်သုံးကြိမ်စိုက်ပျိုးနိုင်သူဟု သတ်မှတ်ထားရာ လက်ရှိ မြန်မာ့လယ်သမားများမည်မျှ ဘဝအဆင့်အတန်းနိမ့်သည်ကို နှိုင်းယှဉ်သိနိုင်သည်။ မြန်မာနိုင်ငံအဝှမ်းမြေယာအ ရေးလှုပ်ရှားမှုများတောင်းဆိုမှုများ (၂၀၁၀) ခုနှစ်မှစတင်များပြားလာပြီး (၂၀၁၅) ခုနှစ်တွင် အကြီးကျယ်ဆုံး အ နေအထားရောက်ရှိလာသည်။

အလုပ်သမားကဏ္ဍဘယ်သို့မျှော်ကြည့်လျှင်လည်း ဘဝမြင့်မားတိုးတက်ရေးမှာ ဝေဝေဝါးဝါးပင်ဖြစ်သည်။ နိုင်ငံ ခြားသားပိုင်စက်ရုံတွင်အလုပ်သမားများလစာတိုးပေးရေးနှင့် လုပ်ခွင်ဘဝလုံခြုံမြင့်မားလာရေးတောင်းဆိုဆန္ဒပြ မှုများ တနေရာမဟုတ်တနေရာ ရှိနေကြသည်။ အနည်းဆုံးတရက်လုပ်ခကြေးငွေ သတ်မှတ်ရေးသည် (၂၀၁၅) ခုနှစ်သြဂုတ်လအတွင်း (၃၆၀ဝ-ကျပ်) သတ်မှတ်မှုကို မအီမလည်ဖြင့်လက်ခံခဲ့ရပြီးနောက်အနိမ့်ဆုံး (၂) နှစ် တကြိမ် ပြန်လည်သုံးသပ်ရမည်ဟူသော စည်းကမ်းချက်သည် ယ္ခုထိအကောင်အထည်မပေါ်သေးပေ။

ဤသည်တို့မှာ မိတ်ဘက်ပြဿနာအကြီးစားများဖြစ်ပြီး မြို့ပြစည်ပင်ကိစ္စ၊ ဈေးနေရာအပြောင်းအလဲ ကိစ္စကုန်ဈေးနှုန်းနှင့် မြေဈေးတဟုန်ထိုးတက်နေသောကိစ္စများ စီမပြေချင်တော့ပါ။ အစိုးရသစ်လက်ထက်တွင် ပြည်ထောင်စု ဝန်ကြီး ပြည်နယ်ဝန်ကြီးချုပ် အပြောင်းအလဲများလည်းဖြစ်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းအတွက် သင် ခန်းစာ (၅) ခုကို လေ့လာသိရှိရသည်။
၁။ အစိုးရနှင့်လွှတ်တော်တို့အကြားပူးပေါင်းဆောင်ရွက်မှု
၂။ လူမှုရေးပြဿနာများ
၃။ ပွင့်လင်းမြင်သာမှုအားနည်းခြင်း
၄။ အဂတိတရားကင်းရှင်းရေး
၅။ လူမှန်နေရာမှန်ဖြစ်ရေး စသည် (၅) ချက်ကို ဂျာနယ်များတွင် စီစစ်သုံးသပ်ပြထားသည်။ သို့သော်ထိုသုံးသပ် ချက်များသည် မွန်ပြည်နယ်ဖြစ်စဉ်အတွက်သာမက ဒီချုပ်နှင့်ပါတနိုင်ငံလုံးအတွက်အကြုံးဝင်ကြောင်း ယူဆပါ သည်။

ဒီချုပ်၏လက်ရှိကိုင်စွဲထားသည့် ပါတီအပေါ်သစ္စာရှိမည်သူဆိုသည့်အချက်ကို တရားသေ မကျင့်သုံးရန်လို ကြောင်း အထောက်အထားဖြစ်နေသည်။ ထို့ပြင်ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ပူးတွဲကော်မတီ (UPDJC) မှ စိုင်းကျော်ညွန်၏ “လက်ရှိ (UPDJC) မှာလုပ်နေတဲ့ လူတွေက ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရဖြေရှင်းရာမှာ အတိတ်ပစ္စပ္ပုန်နှဲ့စပ်ပီးထဲထဲဝင်ဝင်လှုပ်ရှားခဲ့သူပါနိုင်ယင် ပို ကောင်းမယ်” ဟုတွေ့ဆုံပွဲတခုတွင် သူပြောခဲ့သည်ကို အလေးအနက်ထားသင့်သည်ဟု ယူဆပါသည်။

ပိုမိုအားကောင်းသော အတိုက်အခံစနစ်ရှိရေးနှင့် အစိုးရအားတည့်မတ်ထိန်းကျောင်းနိုင်ရေးသဘောထားများကို ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်တိုင်းရင်းသားပါတီများက လူထုအားချပြစည်းရုံးလျှက်ရှိသည်။ ဤရာသီဥတု ကြားတွင် မော်လမြိုင် ဘီလူးကျွန်းမြစ်ကူးတံတားအား အမည်ပေးရေးကိစ္စက မိတ်ဘက်ပဋိပက္ခ၏ ဘေးတွဲပြ ဿနာအဖြစ်ဝင်လာသည်။ လူထုကဒေသနှင့် ဆီလျော်အပ်စပ်မည့် နာမည်ကိုသာလိုချင်ပြီး ဗိုလ်ချူပ်အောင် ဆန်းအား ဤပြဿနာတွင်ဆွဲထည့်လာခြင်းကို လက်မခံပါ။ ဒေသခံများက လူထုအင်အား (၃၀ဝ၀) ကျော်ဖြင့် ဆန္ဒဖေါ်ထုတ်ပြသခဲ့သလို နောက်ထပ်တမျိုးသားလုံးဆိုင်ရာ အဆင့်ဆန္ဒပြပွဲပြုလုပ်ခဲ့သည်။
ဤအနိုင်ယူမှု၏ နောက်ကွယ်တွင် ချောင်းဆုံမြို့နယ်၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေးဗျူဟာ အကြောင်းရင်းရှိနိုင်သည်။ (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှုး အဖွဲ့ဝင်ဦးဉာဏ်ဝင်းတို့ ဖေဖေါ်ဝါရီ လအတွင်းမဲဆွယ်စည်းရုံးစဉ်က “မြန်မာနိုင်ငံမှာ တိုင်းရင်းသား ဒေသတွေအများကြီးရှိတယ်၊ အဲဒီမှာဒေသဆိုင်ရာ ပါတီတွေလည်းရှိသလို တိုင်းရင်းသားပါတီတွေလည်းအများကြီးရှိတယ်။ (NLD) ပါတီကဟိုနေရာလျှော့ပေး လိုက်ဒီနေရာလျှော့ပေးလိုက် ပြောတာကို ကျွန်တော်တို့လုံးဝလက်မခံဘူး။ ဘာဖြစ်လို့မလျှော့တာလဲဆိုတော့ ဒီမိုကရေစီကို ချစ်လို့ပါ။ ကျွန်တော်တို့အင်အားကြီးလို့လျှော့ပေးရမယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူး” ဟုချောင်း ဆုံးမြို့နယ်မဲဆန္ဒရှင်များကို မိန့်ကြားသွားသည်။

ဦးဉာဏ်ဝင်း၏ ပြောဆိုချက်က ဒီမိုကရေစီအားသဘောပေါက်ပုံနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး နည်းပရိယာယ် ဆင်းရဲမှုကို ဖော်ပြသွားသည်။ မြန်မာ့နိုင်ငံရေးတွင် အဆုံးအဖြတ်ပေးနိုင်စွမ်းမရှိသော်လည်း အဓိကအရံအတားဖြစ်နိုင်သောတိုင်းရင်းသားနိုင်ငံရေးလှုပ်ရှားမှုကို အသိအမှတ်မပြုခြင်းမှာဖြစ်နိုင်ဘွယ် မဟုတ် နိုင်၍ အောင်ပွဲများပေါ်တွင် သွေးနားထင်ရောက် ဖောက်မာဝင့်ကြွားခြင်းလားစဉ်းစားစရာ ဖြစ်သည်။ အစိုးရသစ် နှစ်တပတ်လည်ကျော်ကြာချိန်တွင် ဒီမိုကရေစီချစ်သူတိုင်းပြန်လည်ဝေခွဲစဉ်းစားဆင်းခြင်ကြရန်ဖြစ်သည်။

ဤအနေအထားတွင် (၂၀) ရာစု၏ ထင်ရှားသော နိုင်ငံရေးပညာရှင်ကားလ်ပေါ့ပါး (Karl Poppen) ၏ “ဒီမိုကရေစီကူးပြောင်းသောဖွံ့ဖြိုးဆဲ နိုင်ငံများတွင်လူမှုရေးကွာဟ ချက်များပြီးချွတ်ခြုံကျတတ်သည်။ နိုင်ငံတော် အစိုးရသည် ဒီမိုကရေစီတည်ဆောက်ရေးကို ကြိုးစားသည့်အခါလူမှုရေးကွာဟချက်ကို ဖြည့်ဆည်းနိုင်ရန်ပျက် ကွက်ပါက မတည်ငြိမ်မှုအသွင်ဆောင်ပြီးဒီမိုကရေစီနောက်ပြန်ဆင်းနိုင်သည်” ဟူသော သတိပေးစကားဖြင့် နိဂုံးချုပ်လိုသည်။ မိတ်ဘတ်ပဋိပက္ခများ များပြားလာသည်နှင့်အမျှ အချို့မှာရန်ဘက်ပဋိပက္ခသို့ ဦးတည်သွားနိုင် ခြင်းကြောင့် အခြေအနေမှာ အတိမ်းအစောင်းမခံ သတိရှိရှိ ထိမ်းသိမ်းလုပ်ဆောင်သွားကြဘို့သာရှိပေသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

Leave a Reply

%d bloggers like this: