spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ဒေသအတွက်အကျိုးပြုမည့် အမတ်လောင်းကိုသာ ရွေးချယ်သွားမည်ဟု ဒေသခံများပြော

    မွန်ဒေသအတွက်အကျိုးပြုမည့် အမတ်လောင်းကိုသာ ရွေးချယ်သွားမည်ဟု ဒေသခံများပြော

    -

    ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲ၌ မွန်ဒေသ၊ ပြည်သူလူထု၏ လိုအပ်ချက်များကို သိရှိနားလည်ပြီး ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်သည် ဒေသအတွက် ပြန်လည်အကျိုးပြုပေးမည့် သူကိုသာ ရွေးချယ်သွားမည် ဖြစ်ကြောင်း ဒေသခံများက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    ဒေသခံများအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းတွင် လူမှုအကျိုးပြုလုပ်ငန်းတွင်ပါဝင်ထားခြင်း၊ ဒေသခံအမတ်လောင်းဖြစ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်၍ ပြည်သူလူထုအပေါ် စေတနာထားပြီး အမှန်တကယ်အလုပ်လုပ်ပေးမည့် အမတ်လောင်းကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    ချောင်းဆုံမြို့နယ်ကြားဖြတ်ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ(Copy)

    ဘီလူးကျွန်း၊ ကွမ်လမ်းကျေးရွာမှ မိခမွန်းဟံသာက “ ဘီးလူးကျွန်းမှာ ပြည်သူ့လွှတ်တော်နေရာဝင် ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၅ ဦးရှိတယ်ပေါ့နော်၊ ဒေသခံ ကိုယ်စားလှယ်ကိုပဲ မဲပေးရွေးချယ်သွားမှာပါ၊ ဘာလို့လဲဆိုတော့ ဒေသခံတွေရဲ့လိုအပ်ချက်၊ ခံစားချက်တွေကို သူက အသိဆုံးလို့ မြင်တယ်” ဟုပြောသည်။

    ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ်မြေတွင် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD, မွန်အမျိုးသားပါတီ MNP, မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, ပြည်ထောင်စုကြံ့ခိ်ုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ – တစညပါတီတို့မှ ကိုယ်စားလှယ်လောင်းများက ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

    ဒေါင်းဥကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်စံပါ က “ ဒေသခံတွေကတော့ ဘီလူးကျွန်းဒေသမှာ ဖွံ့ဖြိုးစေချင်တယ်၊ ဆင်းရဲတဲ့မိသားစုတွေ အလုပ်အကိုင်အခွင့်အလမ်းရစေချင်တယ်၊ ဝင်ရောက်အရွေးခံမယ့်အမတ်တွေ ဘယ်လောက်ထိ ဒီအရာတွေကို လုပ်ပေးနိုင်မလဲပေါ့၊ ရပ်ရွာဒေသ၊ ပြည်သူလူထုအတွက် လုပ်ပေးနိုင်မယ့်သူကိုတော့ ရွေးချယ်ရမယ်ပေါ့” ဟုပြောသည်။

    ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပါတီကိုကြည့်ပြီး မဲပေးခဲ့သည့် ဒေသခံများမျှော်လင့်ထားသလောက်ဖြစ်မလာခဲ့ခြင်းကြောင့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပါတီကို မဲပေးသွားမည်မဟုတ်တော့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်ဝေ က “ ကျမတို့ ပြည်သူလုထုက မဲထည့်ပေးလို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်လာပါတယ်၊ ကိုယ်စားလှယ်ဖြစ်သွားရင်လည်း ဒေသခံတွေကို ကြောမခိုင်းသွားဖို့ မှာချင်ပါတယ်၊ နောက်တစ်ခုက မဲဆန္ဒနယ်ခွဲခြားတာမျိုးကိုတော့ ဒေသခံတွေ မလိုလားဘူး” ဟုပြောသည်။

    အလားတူ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် ရွေးချယ်ခံရပြီးနောက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် တာဝန်ထမ်းဆောင်ရသဖြင့် အဆိုပါမဲဆန္ဒနယ်မြေတွင် ကိုယ်စားလှယ်လောင်း လစ်လပ်နေခြင်း ဖြစ်သည်။

    ပြီးခဲ့သည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ချောင်းဆုံမြို့နယ်တွင် မဲပေးသူဦးရေ ၅၂၅၆၁ ဦး၊ ၂၀၁၅ တွင် ၅၆၅၇၃ ဦး၊ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၁၂၅၉၄၃ ဦးရှိကြောင်း ချောင်းဆုံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts