မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ဒေါ်နယ်လ်ထရမ့် သွားမဲ့လမ်းစဉ်ရဲ့ နိုင်ငံရေးရေခံမြေခံ

ဒေါ်နယ်လ်ထရမ့် သွားမဲ့လမ်းစဉ်ရဲ့ နိုင်ငံရေးရေခံမြေခံ

ရေးသားသူ:

အမေရိကန်သမ္မတကြီး ဒေါ်နယ်လ်ထရမ့်ကတော့ အိမ်ဖြူတော်မှာ ဗိုလ်ဝင်ခံသွားပြီးသူ့ရဲ့လမ်းစဉ်ကို သူ့ရဲ့မိန့် ခွန်း၊ အင်တာဗျူးတွေကို ကိုးကားပြီးရေးကြသားကြတာ တော်တော်များပါတယ်။ ဒီနေရာမှာအကျိုးဟာ အကြောင်းမရှိ ဘဲမဖြစ်လာနိုင်ဘူး ဆိုတာနားလည်ထားဘို့လိုပါတယ်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲဆီ သူလာခဲ့တဲ့လမ်းရဲ့ နောက်ခံကိုသိထားဘို့လိုပါမယ်။ သူ့ရဲ့အထုပ္ပတ္တိ၊ အကျင့်စရိုက်သက်သက်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး၊ လက်ရှိ ကမ္ဘာကြီးမှာဒီမိုကရေစီယိုယွင်းကျဆုံးနေတာ ဆယ်စုနှစ်တွေချီပီးကြာခဲ့ပါပြီ။ ဒီမိုကရေစီ ဖခင်နိုင်ငံကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတောင် ဒီမိုကရေစီယိုယွင်းမှု၊ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုနဲ့ ထရမ့် မတိုင်ခင်ကတည်းက လူထုဟာ အမြစ်တွယ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာမသမာမှုနဲ့ ရွေးကောက်ပွဲဆိုင်ရာ အားနည်းချက်၊ ပျက်စီးယိုယွင်းချက် တွေကိုလည်း သိထားဘို့ လိုပါမယ်။ ထရမ့်ဟာ လူသားတယောက်သာဖြစ်လို့ အခြေအနေရဲ့သားကောင် ဆိုတာ မေ့ထားလို့မရပါ။ ဒါကြောင့် ထရမ့်ရဲ့ နိုင်ငံခြားရေးအပါအဝင် တခုလုံးနိုင်ငံရေးလမ်းစဉ်ရဲ့ ရေခံမြေခံလုပ်ရမဲ့ အခြေအနေ တွေကို အောက်မှာနည်း နည်း အသေစိတ်ဖေါ်ပြပါမယ်။

ကမ္ဘာ့စစ်အေးတိုက်ပွဲကြီးအတွင်း ကမ္ဘာကြီးတခုလုံးမှာ ဘယ်တုန်းကနဲ့မတူအောင် ဒီမိုကရေစီစန်းပွင့်ခဲ့တယ်။ မကြာသေးခင်နှစ်များမှာတော့ အဲဒီတိုးတက်မှုဟာ တဖြည်းဖြည်းချင်း ပြိုလဲကျဆင်းခဲ့ရတယ်။ သက္ကရာဇ် (၂၀ဝ၀) နဲ့ (၂၀၁၅) အကြားနိုင်ငံပေါင်း (၂၇) နိုင်ငံရဲဒီမိုကရေစီတွေပြိုလဲကျဆင်းခဲ့ရတယ်။ အဲဒီအထဲမှာ ကင် ညာ၊ ရုရှား၊ ထိုင်း နဲ့ တူရကီတို့ပါဝင်တယ်။ တချိန်တည်းမှာ “လှုပ်လှုပ်ရှားရှားတိုင်းပြည် (swing countries) များ ကိုသူတို့ရဲ့ကြီးမားတဲ့ လူဦးရေနဲ့ စီးပွါးရေးက ကမ္ဘာကြီးရဲ့အနာဂတ် ဒီမိုကရေစီအတွက် အရွယ်နဲ့မမျှအောင် အကျိုးသက်ရောက်မှုပေးနိုင်မှာ ဖြစ်လို့ကျေးဇူးတင်ရမှာ ဖြစ်ပေမဲ့သူတို့ဟာလည်း ဒီအချိန်မှာအဆိုးဘက် ဦး လှည့်နေကြတယ်။ အဲဒီနိုင်ငံတွေရဲ့ တဝက်လောက်မှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေကျဉ်းမြောင်းသွားကြတယ်လို့ အမေရိကန်နိုင်ငံအကျိုးအမြတ်မယူ (Freedom House) အဖွဲ့အစည်းရဲ့ လေ့လာဆန်းစစ်ချက်အရ သိရတယ်။

အမေရိကန်သမ္မတနှစ်ဦး(Internet)

တချိန်တည်းမှာတည်ရှိဆဲအာဏာပိုင် အစိုးရတွေဟာ ပွင့်လင်းမြင်သာမှု ပိုနည်းလာပီး သူတို့တိုင်းသူပြည်သား တွေကို အလျင်အမြန်တုန့်ပြန်အရေးယူလာကြတယ်။ သူတို့ဟာ အင်တာနက် (On Line ) ပေါ် လာဆန့်ကျင်မှု၊ သဘောထားကွဲလွဲမှုတွေကို ဆိတ်ဆိတ်နေကြပီး ခြိမ်းခြောက်အန္တရာယ်ပြုလာနိုင်တဲ့ အဆင့်မှာ အရေးယူမှုတွေ လုပ်တယ်။ အင်တာနက်ကို ဆင်ဆာလုပ်တယ်။ ချုပ်ချယ်ပိတ်ပင်တဲ့ ဥပဒေတွေထုတ်တယ်။ ဥပမာ- အားဖြင့် နိုင်ငံခြား ကုမ္ပဏီတွေပြည်တွင်း ဒေတာအချက်အလက်များ ပြည်တွင်းမှာသာထားရှိရန်- ဆိုတဲ့ ဥပဒေမျိုး နဲ့ အင်တာနက်ကို ထိမ်းချုပ်တယ်။ အစိုးရတွေဟာ လူမှုလူ့အဖွဲ့အစည်း (CSO) တွေကိုလည်း အလုပ်လုပ်ရာမှာ၊ အဆက်အဆံပြုကြရာမှာနဲ့ ရံပုံငွေစုဆောင်းကောက်ခံရာမှာ အဖွဲအစည်းရဲ့လုပ်ပိုင်ခွင့်ကို ချူပ်ချယ်ကန့်သတ်ကြ တယ်။ ကမ္ဘာ့တခွင်လုံးကအစိုးရတွေဟာ (၂၀၁၂) ခုနှစ်ကတည်းက အဖွဲ့အစည်းတွေညီလာခံအစည်းအဝေးကြီး တွေကို ချူပ်ချယ်ကန့်သတ်ဖို့ ဥပဒေကြမ်းပေါင်း (၉၀) ကျော်ကိုရေးဆွဲတင်ပြခဲ့၊ ဥပဒေပြုခဲ့ကြတယ်။

တပူပေါ်နှစ်ပူဆင့်ချလိုက်တာက ဒီမိုကရေစီဟာ မိမိကိုယ်နှိုက်က ဆွဲဆောင်မှုပျောက်ဆုံးသလို ဖြစ်နေတာဖြစ် တယ်။ ထွန်းသစ်စဒီမိုကရေစီများစွာဟာ သူ့ပြည်သူတွေရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ စီးပွါးရေး တိုးတက်မှုရရှိအောင် စွမ်းဆောင်မပေးနိုင်ကြပါဘူး၊ အမေရိကန်အပါအဝင် ဒီမိုကရေစီ ထွန်းကားပြီးနိုင်ငံ တို့လို မှာတောင် ဒီမိုကရေစီရေးအလုပ်မဖြစ်တာတွေ တိုးပွါးကြီးထွားနေတယ်။ ခုနေခါမှာ တရုပ်ပြည်ဟာဆယ်စုများချီ ကြီးပွါးစည်ပင်ဘို့ ဆိုတာလွတ်လပ်ခွင့်၊ လူအခွင့်အရေးတွေဖွင့်ပေးတာနဲ့ မဆိုင်ဘူး၊ လိုလည်းမလိုအပ်ဘူးဆို တာ သက်သေထူပြခဲ့တယ်။

အရင်းရှင်စနစ်ရဲ့ အာဏာပိုင်အုပ်ချုပ်ရေး မော်ဒယ်လ်ဟာ တောက်ပရာကနေ အရောင်လွင့်တာတွေရှိလာခဲ့ တယ်။ တရုပ်ပြည်ရဲ့ကြီးထွားတိုးတက်နှုန်းသိသိသာသာ နှေးကွေးကျလာပီး ရုရှားနဲ့ တချို့ရေနံနိုင်ငံတွေမှာရေနံ ဈေးနှုန်းထိုးကျသွားတာကြောင့်ချိနဲ့အားနည်းသွားကြတယ်။

လားရာအားလုံးကအဆိုးဘက်ချည်းရှိနေတာမဟုတ်ဘူး အကောင်းမြင်သမားတွေအတွက် နိုင်ဂျီးရီးယားနိုင်ငံကို ထောက်ပြနိုင်ပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ (၂၀၁၅) ခုနှစ်မေလအတွင်း ပထမဆုံးအစစ်အမှန် ဒီမိုကရေစီ ရေးအာဏာလွှဲပြောင်းမှုဖြစ်ခဲ့သလို သီရိလင်္ကာနိုင်ငံမှာ ရွေးကောက်ပွဲအာဏာပိုင်စနစ် (အော်တိုကရေစီ) (၅) နှစ်တာဖြတ်သန်းအပီးမှာ (၂၀၁၅) ခုနှစ် ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲ ဒီမိုကရေစီစနစ် ပြန်ရရှိခဲ့တယ်။ ဆယ်စုနှစ်တွေအတွင်း ပထမအကြိမ်အာရပ်ဒီမိုကရေစီကို တူနီးရှားနိုင်ငံမှာရခဲ့တယ်။

ဒီမိုကရေစီကရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုကြီးတွေထဲက တခုကတော့အကြီး ဒီမိုကရေစီချန်ပီယံ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီမြှင့်တင်ရေးမှာ ဓါတ်မဝင်စားတာဘဲ ဖြစ်တယ်။ (၂၀၁၃) ခုနှစ် (Pew) စစ်တမ်းအရ (၈၀%) သော အမေရိကန်တွေဟာ နိုင်ငံတကာအရေးတွေထက် ပြည်တွင်းအမျိုးသားပြဿနာအပေါ်ပိုအာရုံစူးစိုက်သင့်တယ် လို့ဆန္ဒပေးခဲ့ကြတယ်။ ဒီမိုကရေစီမြှင့်တင်ရေးကို နိုင်ငံခြားရေး ပေါ်လစီရဲ့ ထိပ်ဆုံးဦးစားပေးထားသင့်တယ်လို့ (၁၈%) ကဘဲဆန္ဒရှိကြတယ်။ ဒါကြောင့်လက်ရှိသမ္မတလောင်းတွေရဲ့ ရွေးကောက်ပွဲမဲဆွယ်လှုပ်ရှားမှုတွေမှာ ဒီ မိုကရေစီမြှင့်တင်ရေးဟာ အရေးအကြီးဆုံးအပိုင်းမှာ မရှိတာအံ့သြစရာမဟုတ်ပါ။
အမေရိကန်ဟာ အစိုးရလုပ်ဆောင်တာမဟုတ်တဲ့ အချို့ဒီမိုကရေစီရေးမြှင့်တင်မှုအပေါ် ထောက်ခံပံ့ပိုးဆဲဖြစ်တယ်၊ အမေရိကန်ကွန်ဂရက်ဟာ အကျိုးအမြတ်မယူနိုင်ငံရပ်ခြား ဒီမိုကရေစီမြှင့်တင်ရေး ရံပုံငွေထောက်ပံ့နေဆဲ (NED) အဖွဲ့ကို (၂၀ဝ၉) ခုနှစ်မှာ ဒေါ်လာသန်းပေါင်း (၁၁၆) သန်းထောက်ပံ့ခဲ့ပီး (၂၀၁၆) ခုနှစ်မှာ ဒေါ်လာသန်း ပေါင်း (၁၇၀) ထောက်ပံ့ခဲ့တယ်။ ဒါပေမဲ့လည်း ကျန်တဲ့အများစု လူထုရဲ့ဒီမိုကရေစီ မြှင်တင်ရေးလှုပ်ရှားမှုတွေအပေါ် ထောက်ပံ့မှုဟာ တန့် သွားတဲ့သဘောရှိတယ်။ တူညီတဲ့အဲဒီကာလပိုင်းအတွင်း အစိုးရကလုပ်ဆောင်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး လုပ်ငန်းစဉ်တွေအတွက် (USAID) ရဲ့ငွေကြေးသုံးစွဲမှုဟာ ဒေါ်လာသန်းပေါင်း (၄၀ဝ) အထိကျဆင်းလာတယ်။ အာဖဂန်နစ္စတန်နဲ့ အီရတ်တို့က လွဲယင် တခြားနိုင်ငံတွေမှာရှိတဲ့ လုပ်ငန်းစဉ် တွေအတွက်ရံပုံငွေထောက်ပံ့မှုဟာ စိတ်ဝင်စားမှုမရှိတဲ့ အောက်ခြေအဆင့်မှာ တန့်နေကြတယ်။

အဲဒီလိုအမေရိကန်က ခြေဆွဲနောက်ချန်နေခဲ့တဲ့အခါ တချို့တိုင်းပြည်တွေက အစားဝင်လာတယ်။ သက္ကရာဇ် (၂၀ဝ၀) မှာ အစိုးရအဖွဲ့အချင်းချင်းပူးပေါင်းလုပ်ဆောင်ချက်ဖြစ်တဲ့ The Communities of Democracy လို့ ခေါ်တဲ့ ညွန်ပေါင်းအဖွဲ့တရပ်ပေါ်လာတယ်။ ဒါပေမဲ့အရင်းအမြစ်လုံလုံလောက်လောက်မရှိတဲ့အပြင် ထင်ရှားသိ သာတဲ့ အကျိုးဆက်လုပ်ရပ်တွေမဖေါ်ဆောင်နိုင်ခဲ့ဘူး၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကလည်း များများ စားစားတိုးတက်အောင်မလုပ်နိုင်ကြဘူး၊ ဥရောပသမဂ္ဂ (EU) ရဲ့အဓိက မဏ္ဍိုင်ဖြစ်တဲ့ ဟန်ဂေရီဝန်ကြီးချုပ် Victor Orlan ဟာ ဒီမိုကရက်တစ်နှုန်းစံတွေကို မထေမဲ့ပြင်လုပ်နေတယ်။ ဒါအပြင်သမဂ္ဂဟာ တူရကီအဖွဲ့ဝင် ပြန်ဖြစ်လာရေး သဘောတူညီချက် ပေးထားရတာကြောင့် တူရကီကအကူအညီတောင်းနေတဲ့ ဆီးရီးယားစစ် ပြေးဒုက္ခသည်တွေဝင်ရောက် လာမှုတားဆီးရာမှာ အလုပ်ရှုတ်နေတယ်။ တူရကီသမ္မတအာဒိုဂန်က သူ့အတိုက် အခံတွေကို အရှိန်မြှင့်နှိပ်ကွပ်နေတာကို မမြင်ချင်ယောင်ဆောင်ပေးနေရတယ်။

ဒါပေမဲ့ဆွီဒင်နဲ့ ဗြိတိန်လို ဥရောပနိုင်ငံတွေကတော့ ဒီမိုကရေစီမြှင့်တင်ရေးနဲ့ တိုတက်ကောင်းမွန်တဲ့ အုပ်ချုပ် ရေးအတွက် အထူးပြုထားတဲ့ နှစ်နိုင်ငံချင်း သဘောတူညီချက်အစီအစဉ်တွေကို ဆက်လက်ထောက်ပံ့ခဲ့တယ်။ (၂၀၁၃) ခုနှစ်ကတည်းက ထူထောင်ထားတဲ့ ဥရောပဒီမိုကရေစီထောက်ပံ့ကူညီရေးအဖွဲ့ European Endowment for Democracy ရဲ့ဘတ်ဂျက်ငွေဟာ (၂၀၁၅) ခုနှစ်မှာဒေါ်လာ (၁၁) သန်းကျော်ရုံသာဖြစ်တယ်။ ဗြိတိန်နိုင်ငံရဲ့ ဒီမိုကရေစီဖေါင်ဒေးရှင်းလက်ရှိဘတ်ဂျက်ဟာ ဒေါ်လာ (၅) သန်းသာဖြစ်တယ် (၂၀၁၂) ခုနှစ်မှာ ကနေဒါနိုင်ငံနိုင်ငံတကာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုစင်တာကို ပိတ်ပစ်လိုက်ကြတယ်။ ဘရာ ဇီး၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားတို့လိုဖွံ့ဖြိုးဘဲ ဒီမိုကရေစီနိုင်ငံတွေမှာ ဒီမိုကရေစီရေးအတွက် များများစားစား ငွေသုံးစွဲဘို့ တွန့်ဆုတ်နေကြပီး သူတို့နိုင်ငံရဲ့ ပြည်တွင်းပြသနာတွေကို ဖြေရှင်းနိုင်ဘို့ ဇောင်းပေးနေကြတယ်။

အာဏာပိုင်ခေါင်းဆောင်တွေဟာ ဒီလိုဒီမိုကရေစီလေဟာနယ်တရပ် ဖြစ်နေတဲ့အပေါ် အရင်းပြုပီးသူတို့ရဲ လဝ်ဘရယ်မဆန်တဲ့တန်ဘိုး အမြင်တွေနဲ့ နှိပ်ကွပ်ထိမ်းချုပ်ရေးနည်းပညာတွေကို ပြင်ပကမ္ဘာဆီ တင်ပို့နေကြတယ်။ အီရန်နိုင်ငံဟာ သူ့ရဲ့ဘဏ္ဍါရေး၊ နိုင်ငံရေးနဲ့ စစ်ရေးလွှမ်းမိုးမှုတွေကို အသုံးချပီး အီရတ် လက်ဘနွန်၊ ဆီးရီးယားနဲ့ ယီမင်နိုင်ငံအစိုးရတွေကို ပုံသွင်းနေတယ်။ မတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်။ ရုရှားနိုင်ငံဟာလည်းဂျော်ဂျီယာနဲ့ ယူကရိန်းနိုင်ငံတွေကို အကြမ်းဖက်မှုနဲ့ ခြိမ်းခြောက်မှုတွေလုပ်နေတယ်။ ခွဲထွက်ရေးလှုပ်မှုတွေ၊ ပြုပြင်ပြောင်းလဲရေး အုပ်စုတွေနဲ့ ရုရှားလိုလားတဲ့ ဂိုဏ်းအုပ်စုတွေကို ငွေကြေးထောက်ပံ့ အားဖြည့်ပေးနေတယ်။

တချိန်တည်းမှာ အင်တာနက်လွတ်လပ်ခွင့်ကို ထိမ်းချုပ်နိုင်ဘို့ “စောင့်ကြည့်ဓနသဟာယနိုင်ငံများ” Commonwealth of Surveillance States ဆိုရာကြီးကို ဗဟိုအာရှနိုင်ငံတွေနဲလုပ်ဆောင်နေတယ်။ အလား တူပါဘဲ တရုပ်နိုင်ငံဟာ အီသီယိုးပီးယား၊ အီရန်နဲ့ဗဟိုအာရှအာဏာရှင်တွေ (တာဂျစ်ကစ္စတန်၊ တာမင်နစ်စ တန်နဲ့ ဥဇဘက်ကစ်စတန်) ကို သူတို့ ပြည်သူတွေ အပေါ်ဖိနှိပ်ချုပ်ချယ်နိုင်ဘို့နဲ့ သူလျိုလုပ်ဘို့ အင်တာနက်နဲ့ ဆက်သွယ်ရေးထောက်လှမ်းစောင့်ကြည့်မှုနည်းပညာတွေပေးပို့ ထောက်ပံ့နေတယ်။

ဝမ်းနည်းစရာကောင်းတာက အမေရိကန်ဒီမိုကရေစီဟာ လိုချင်တပ်မက် စိတ်ကူးယဉ်ဘွယ် မဟုတ်တော့တဲ့ အပြင် တန်းတူရည်တူပြိုင်ဆိုင်နိုင်တဲ့ အနေအထားမရှိတော့တဲ့ အချက်ဖြစ်ပါတယ်။ အမေရိကန်သမ္မတရွေး ကောက်ပွဲဟာ လူထုကြားမှာ နက်ရှိုင်းတဲ့သွေးကွဲမှုတွေ ဒေါသပေါက်ကွဲမှုတွေ ရှိနေတာကို ဖွင့်ဖေါ်ပြခဲ့တယ်။ ဒါကိုအစိုးရက ငြိမ်သက်အောင် မလုပ်နိုင်ပါဘူး၊ ကွန်ဂရက်ရွေးကောက်ပွဲ ခရိုင်နယ်မြေသတ်မှတ်ရာမှာ မမျှတမှု၊ မဲဆွယ်ပွဲအတွက်ငွေမဲအလုံးအရင်းဝင်နေမှုနဲ့ ဘယ်လိုအခြေအနေမှာမဆို ကြီးထွားအခွင့်ထူးရနေတဲ့ ပွဲစား လော်ဘီအုပ်စုတွေ အဘယ်တုန်းကနဲ့မတူအောင် အစွန်းရောက်ဒီဂရီကို ထိုးတက်သွားစေခဲ့တယ်။ နိုင်ငံခြားရေး ပေါ်လစီချမှတ်ရာမှာ (၂) ပါတီပူးတွဲလုပ်ဆောင်မှု ပျက်ပြားသွားပီး စည်းချက်မှန် အုပ်ချုပ်ရေး ဟာလည်း ရပ်ဆိုင်းသွားခဲ့ရတယ်။

ဒီနိုင်ငံရေးကျရှုံးမှုတွေက ဒီမိုကရေစီရန်သူတွေကို နှိမ်နင်းရာမှာ ဆေးမတိုးတော့တဲ့ အဆင့်တွန်းပို့ပေးလိုက် တယ်၊ ရုရှားသမတဗလာဒီမာပူတင်က အမေရိကန်မှာ ဒီမိုကရေစီ အစစ်အမှန်မရှိပါဘူးလို့ ပြောနေသလို အီရန် သမတဟောင်းမာမွတ်အာမက်ဒီဂျက် Mahmoud Ahmadinejad က အမေရိကန်သမတရွေးကောက်ပွဲဟာ အရင်းရှင်တွေအချင်းချင်းဖြစ်တဲ့ စစ်တလင်းဘဲဖြစ်တယ်လို့ ဝေဖန်ခဲ့တယ်။

[Ref; Democracy in Decline-Larry Diamond Foreign Affairs (July / August 2016)]

About မွန်သတင်းအေဂျင်စီ

Check Also

UNFC အပေါ်ဂယက်ရိုက်ခတ်လာတဲ့ ပန်ဆန်းကြေညာချက်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP, မိုင်းလားအဖွဲ့ NDAA, ကချင်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၊ ကိုးကန့်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် …

Leave a Reply

%d bloggers like this: