spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းနိုင်ငံရေးပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် မွန်ဒေသခံတိုင်းရင်းသားများ တောင်းဆို

    နိုင်ငံရေးပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရန် မွန်ဒေသခံတိုင်းရင်းသားများ တောင်းဆို

    -

    နိုင်ငံတော်ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် နှင့် နိုင်ငံရေး ပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းသွားရန် ယနေ့ (ဖေဖော်ဝါရီလ ၄ ရက်နေ့) တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ဒေသခံ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ၌ တောင်းဆိုခဲ့သည်။

    အဆိုပါ ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ၌ လက်ရှိပြည်ထောင်စုအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးပဋ္ဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် လူမှုအဖွဲ့အစည်းများအပါအဝင် ပူးပေါင်းညှိနှိုင်းအဖြေရှာဆောင်ရွက်မှုရရှိစေရန် နှင့် နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်ဖြေရှင်းခြင်းမျိုးမဟုတ်ဘဲ စားပွဲပေါ်တွင် စေ့စပ်ညှိနှိုင်းပြီး တိုင်းရင်းသားတို့၏ သဘောဆန္ဒများကို အသိအမှတ်ပြုပေးရန် တောင်းဆိုခဲ့သည်။

    မော်လမြိုင် ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲ(MNA)

    ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲခေါင်းဆောင် နိုင်အောင်မွန် က“ နိုင်ငံရေးပဋ္ဋိပက္ခဖြေရှင်းတဲ့နေရာမှာ ဒေသခံ တိုင်းရင်းသားတွေကိုယ်စားပြုတဲ့ လှုမှုအဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ခွင့်ရရှိဖို့ နဲ့ စစ်ပွဲတွေရပ်တန့်ပေးဖို့၊ ပြည်သူလူထုက ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့အကြောင်းတောင်းဆိုထားတယ်” ဟု ပြောသည်။

    အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ မွန်၊ ကရင်၊ ပအိုဝ်း၊ ဗမာ ဒေသခံ တိုင်းရင်းသား ၁၅၀ဝ ဝန်ကျင်းခန့်တို့က ပြည်တွင်းစစ်များရပ်တန့်ရေး၊ စစ်ဘေးသင့်ပြည်သူများအား ထောက်ပံ့ကူညီခွင့်ရရှိရေး၊ စစ်သုံးစရိတ်များလျှော့ချရေး၊ တပ်မတော်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စတင်ကြေငြာပေးရေး၊ တိုင်းရင်းသားမျာ၏ အမျိုးသားဝတ်စုံအား နိုင်ငံရေးအရ အမြတ်ထုတ်ရန် အသွင်ယူပြုလုပ်နေခြင်းများအား အလိုမရှိ၊ ပြည်တွင်းစစ်ဖြစ်ပေါ်နေခြင်းဖြင့် ငြိမ်းချမ်းရေးမတည်ဆောက်နိုင် စသည့်ကြွေးကျော် သံများဖြင့် ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    ပအိုဝ်းတိုင်းရင်းသား ခွန်ကျော်စွာမင်း က “ ဘာလို့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရလဲဆိုတော့ လက်ရှိ ပြည်တွင်းစစ်ကြောင့် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း အဆင်းရဲဆုံးစာရင်းထဲကို ရောက်နေပါပြီ၊ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ အရင်ကဖြစ်စဉ်တွေ အများကြီးဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဖြစ်စဉ်အကုန်လုံးဟာ ပြည်သူတွေ၊ တိုင်းရင်းသားတွေ ရည်မှန်းထားတဲ့ ပန်းတိုင်မရောက်ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ တစ်ဖက်က ငြိမ်းချမ်းရေးဆွေးနွေးနေပေမယ့် အဲဒီဆွေးနွေးပွဲတွေမှာ ကျနော်တို့ တိုင်းရင်းသားဒေသခံတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ လုံးဝပါဝင်ခွင့်မရခဲ့ပါဘူး” ဟု ပြောသည်။

    ပြည်တွင်းစစ်ကြောင့် အရွယ်မရောက်သေးသည့် ကလေးများ၊ အသက်ကြီးရွယ်အိုများ၏ ငိုသံများ ယခုချိန်ထိ ကြားနေရကြောင်း၊ နိုင်ငံရေး ပဋ္ဋိပက္ခများကို လက်နက်ကိုင် ဖြေရှင်းမည့်အစား စားပွဲဝိုင်းတွင်ထိုင်ပြီး အဖြေကို သေသေချာချာရှာရန် လိုအပ်ကြောင်း၊ လက်နက်ကိုင်ခြင်းအားဖြင့် ပြည်ထောင်ဖက်အချင်းချင်း များစွာ သေကြေပျက်စီးခဲ့ကြောင်း၊ လက်ရှိ ဖြစ်ပွားနေသည့် စစ်ပွဲအားလုံးကို စားပွဲဝိုင်းတွင် ဖြေရှင်းစေလိုကြောင်း ၄င်းက တိုက်တွန်းပြောကြားခဲ့သည်။

    အလားတူ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲများကို တနင်္သာရီတိုင်း မြိတ်မြို့၊ ရန်ကုန်မြို့၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တို့တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts