spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းIFC ၏ ရေကာတာတည်ဆောက်ရေးမြှင့်တင်သော အလုပ်ရုံဆွေးနွေးပွဲအပေါ် BRN ကွန်ယက်ဆန့်ကျင်

    IFC ၏ ရေကာတာတည်ဆောက်ရေးမြှင့်တင်သော အလုပ်ရုံဆွေးနွေးပွဲအပေါ် BRN ကွန်ယက်ဆန့်ကျင်

    -

    ရန်ကုန်မြို့ Novotel Hotel ၌ ယနေ့(ဇန်နဝါရီလ ၂၇ ရက်နေ့) တွင် နိုင်ငံတကာငွေကြေးကော်ပိုရေးရှင်း IFC မှ ကျင်းပသည့် ရေကာတာ တည်ဆောက်ရေးမြှင့်တင်သော အလုပ်ရုံဆွေးနွေးပွဲကို ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက် BRN နှင့် သံလွင်ထိန်းသိမ်းကာကွယ်ရေးကွန်ယက် SSN တို့ ကြေငြာချက် ထုတ်ပြန်လိုက်သည်။

    အလားတူ အလုပ်ရုံဆွေးပွဲများကို ဇန်နဝါရီလ ၃၁ ရက်နေ့၌ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်းကောင်း၊ ဖေဖော်ရီလ ၃ ရက်နေ့၌ ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်းကောင်း ဆက်လက်၍ ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။

    ရေကာတာ တည်ဆောက်ရေးစီမံကိန်းများ(The Wall Street Journal)

    “ စီမံကိန်းအများစုက စစ်ဖြစ်ပွားရာဇုံတွေမှာ ဖြစ်နေတယ်၊ လက်ရှိမှာ နိုင်ငံတော်က ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေတယ် အဲဒီအတွက် ယုံကြည်မှုက အရေးကြီးတယ်၊ ယုံကြည်မှု တည်ဆောက်တဲ့ကာလမှာ ဒီလို ရေကာတာစီမံကိန်းတွေက ရင်းနှီးမြှုပ်နှံမှုနဲ့အတူ ပါဝင်ပတ်သက်လာတဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုနည်းပါးလာပြီးတော့ ပဋိပက္ခကို ပြန်ဖြစ်စေနိုင်တယ်၊ ဒဲ့ပြောရရင် ငြိမ်းချမ်းရေးကို ထိခိုက်တယ်ပေါ့ဗျာ” ဟု BRN နှင့် SSN အဖွဲ့ဝင် စောသဘိုက ပြောသည်။

    အဆိုပါရေကာတာစီမံကိန်းများကြောင့် သစ်တောများ၊ ဂေဟစနစ်မြောက်များစွာကို ရေဖြင့်ဖုံးလွှမ်းပစ်လိုက်သည့်အတွက် ထိုဒေသတွင် အစားထိုး၍ မရနိုင်သော သဘာဝပတ်ဝန်းကျင်အကုန်လုံးပျက်စီးသွားနိုင်ကြောင်း၊ ရှားပါးတိရိစ္ဆာန်မျိုးစိတ်များလည်း မျိုးတုံးပျောက်ကွယ်သွားနိုင်ကြောင်း၊ လူမှုပတ်ဝန်းကျင်တွင်လည်း မြစ်ကိုပိတ်လိုက်သောကြောင့် ဒေသခံလူများရွေ့ပြောင်းရမည်ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

    ထို့အပြင် မြစ်အောက်ပိုင်းရှိလူများသည် အထူးသဖြင့် မော်လမြိုင်၊ ဖားအံမြို့ကဲ့သို့ မြစ်အောက်ပိုင်းဒေသများတွင် ပင်လယ်နှင့်နီးသည့်အတွက် ပင်လယ်ရေများတိုးဝင်လာကာ သောက်သုံးရေရှားပါးမှု၊ တောင်သူများသက်မွေး ဝမ်းကြောင်းပျက်စီးနိုင်သည့် လူမှုရေးဆိုင်ရာထိခိုက်မှုများ၊ ၄င်းရေကာတာများ၏ ဖိအားကြောင့် ငလျင်ကို ပို၍ လှုပ်ခတ်စေနိုင်ကြောင်း၊ ထိုရေကာတာမှ လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို နိုင်ငံခြားကိုရောင်းချသည့်အတွက် တိုင်းပြည်အတွက် ထိခိုက်နစ်နာမှုတွေရှိပါကြောင်း စောသဘိုက ပြောသည်။

    “ဒီနေ့ သူတို့အလုပ်ရုံဆွေးနွေးပွဲလုပ်တယ်၊ အစိုးရကို တွန်းအားပေးနေတယ်၊ ပြီးတော့ ဒီရေကာတာစီမံကိန်း တွေကို ကန့်ကွက်နေတာ ကျွန်မတို့ပဲ မဟုတ်ဘူး၊ ဒေသခံတွေရယ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရယ်၊ တိုင်းရင်းသားတွေ၊ မြန်မာနိုင်ငံမှာရှိနေတဲ့ ပညာရှင်တွေ ပြီးတော့ နိုင်ငံတကာပညာရှင်တွေက ကန့်ကွက်ကြ တယ်၊ သူတို့လုပ်နေတဲ့ လုပ်ငန်းစဉ်တွေကို မလိုလားဘူး” ဟု မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာကွန်ယက်မှ ပြောရေးဆိုခွင့်ရှိသူ မိအားချိုင်း ကပြောသည်။

    အဆိုရေကာတာစီမံကိန်းများတွင် သံလွင်မြစ်မကြီးကို ပိတ်၍ တည်ဆောက်မည့် ရေကာတာ ၅ ခုဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွမ်းလုံရေကာတာ၊ နောင်ဖရေကာတာ၊ အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်သော မိုင်းတုံရေကာတာ၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟတ်ကြီးရေကာတာ စီမံကိန်း စသဖြင့် ၅ ခုရှိပြီး မြစ်ခွဲလက်တက်များတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မှန်တောင်ရေကာ တာ၊ ကယားပြည်နယ်ရှိ နမ်းပုံး အစရှိသော ရေကာတာများကိုလည်း တည်ဆောက်ရန် ရှိသည်ဟု စောသဘို၏ ပြောပြချက်အရ သိရသည်။

    မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်သည် ပင်မအဖွဲ့အစည်း ၁၁ ခုဖြင့်လည်းကောင်း၊ သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ယက်သည် ပင်မအဖွဲ့အစည်း ၇ ခုဖြင့်လည်းကောင်း ဖွဲ့စည်းထားကာ ၄င်းတို့မှ စစ်မှန်သော နိုင်ငံအဆင့် ငြိမ်းချမ်းရေးသဘောတူညီမှုကို ရရှိအောင်ဦးစွာဆောင်ရွက်ခြင်း၊ ပါဝင်သင့်သည့် သူများမပါဝင်သည့် လက်ရှိမဟာဗျူဟာမြောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်လေ့လာမှုစစ်တမ်းကို ဆိုင်းငံ့ရန်နှင့် စီမံကိန်းနှင့် သက်ဆိုင်သည့် အခြားပါဝင်သင့် ပါဝင်ထိုက်သည့်အဖွဲ့အစည်းအစုအဖွဲ့များ အားလုံးနှင့်အတူ လက်တွဲကာ ဆောင်ရွက်ရန်ဟူသော တောင်းဆိုမှုသုံးရပ်ကို ယင်းကြေညာချက်တွင် တောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts