spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဝင်းစိန်တောရဆရာတော်ကြီးမွေးနေ့ပွဲတွင် မုဒ်ဦးသစ်ဖွင့်လှစ်မည်

    ဝင်းစိန်တောရဆရာတော်ကြီးမွေးနေ့ပွဲတွင် မုဒ်ဦးသစ်ဖွင့်လှစ်မည်

    -

    မွန်ပြည်နယ် မုဒုံမြို့နယ် မြိုင်ကုန်းကျေးရွာတွင် အသစ်ဆောက်လုပ်ထားသည့် ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရမုဒ်ဦးသစ်ကို ပျံလွန်တော်မူပြီးသော ဝင်းစိန်ဆရာတော်ကြီး၏ မွေးနေ့ပူဇော်ပွဲ၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆရာတော်ကြီး၏ သက်တော် (၉၆) နှစ်ပြည့်မွေးနေ့ပွဲတော်ကို လာမည့်ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ဆရာတော်ကြီး သက်ရှိထင်ရှားရှိစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

    ဝင်းစိန်တောရမုဒ်ဦးသစ်(MNA)
    ဝင်းစိန်တောရကျောင်း၏ ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ထွန်းက “(၂၂) ရက်နေ့က ဆရာတော် မွေးနေ့ဆိုတော့ အဲဒီနေ့မနက် (၉) နာရီမှာ မုဒ်ဝဖွင့်ပွဲလုပ်မယ်၊ ၁၀ နာရီမှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို သင်္ကန်းတော်လဲမယ်၊ ၁၂ နာရီမှာ ရေစက်ချ အခမ်းအနားလုပ်မယ်” ဟု ပြောသည်။

    ကျောင်းတော်အဝင်ဝ ယာဉ်သွားလမ်းဘယ်ညာအလယ်တွင် ရွှေဟင်္သာရုပ်ထုထားရှိသည့်မုဒ်ဝထိပ်၌ မွန်-မြန်မာနှစ်ဘာသာဖြင့် ဆရာတော်ဘုရားကြီး၏ ဘွဲ့နာမည်နှင့် ကျောင်းနာမည်တို့ကို ရေးသားထားကြောင်း ဦးဉာဏ်ဟိန်းက ဆက်ပြောသည်။

    အဆိုပါဗျိုင်းနှစ်ကောင်မုဒ်ဝအသစ် ပြန်လည်တည်ဆောက်ပေးရန် ဆရာတော်ကြီး ပျံလွန်တော်မမူခင်က မိန့်မှာထားခဲ့ကြောင်း၊ ဝင်းစိန်တောရသို့ အဝင်လမ်းနှင့် တံတားတို့ကိုလည်း ထပ်မံတိုးချဲ့ပြင်ဆင်ခဲ့သည့် လုပ်ငန်းအပါအဝင် ငွေကျပ်သိန်းပေါင်း (၂၀ဝ၀) ခန့် ကုန်ကျပြီးဖြစ်ကြောင်း လုပ်ငန်းကြီးကြပ်သူ အရှင်ခေမာက မိန့်ကြားသည်။

    အရှင်ခေမာက “မုဒ်ဝအကျယ်က ပေ (၉၀) နှစ်လမ်းသွားပေါ့၊ အမြင့်က အောက်မျက်နှာကျက်ထိကို (၂၂) ပေရှိတယ်၊ ထပ်ထည့်ထားတဲ့ ဟင်္သာပုံက လက်ရှိအနေထားဆိုရင်တော့ (၄) ပေခွဲ လောက်ရှိတာပေါ့၊ အရှည်က ကနုတ်တွေပါရင်(၆) ပေခွဲ ရှိတယ်” ဟု မိန့်သည်။

    ယခုနှစ် ကျင်းပမည့် ဆရာတော်ကြီး၏ မွေးနေ့ပွဲတွင် သံဃာတော်အပါး (၁၀ဝ) ကို ပင့်ဖိတ်လှုဒါန်းသွား မည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်ပူဇော်ကြသူဒါယကာ၊ ဒါယိကာများကိုလည်း ပွဲတော် (၃) ရက်လုံးအတွက် စတုဒိသာမဏ္ဍာပ်ပေါင်း (၂၈) ခုမှ အစားအသောက်စုံလင်စွာဖြင့် ကျွေးမွေးလှုဒါန်းသွား မည်ဖြစ်သည်။

    ထို့အပြင် နေ့ခင်းပိုင်းများတွင် မြန်မာ၊ ထိုင်း၊ မက္ကဆီကို၊ ကော့စတာရီ ကာ၊ ဥဇဘတ်ကစ္စတန် နှင့် လာအို နိုင်ငံတကာရိုးရာလက်ဝှေ့ထိုးပွဲများနှင့် ညပိုင်းအချိန်များတွင် ဟားငါးကောင်အငြိမ့်၊ စွမ်းဇာနည်နှင့် မော်လမြိုင်ဇာတ်သဘင်များတို့မှ ဖျော်ဖြေသွားမည်ဟု သိရသည်။

    ဝင်းစိန်ဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကေသရသည် မွန်ပြည်နယ် မုဒုံမြို့နယ်၊ လက်တက်ကျေးရွာရှိ အဖ ဦးနိုင်ဖေ၊ အမိ ဒေါ်တရုတ်မတို့မှ (၁၂၈၃) ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၀) ရက်နေ့တွင် မွေးဖွားတော်မူပြီး သက်တော် (၉၄) နှစ်၊ ဝါတော် (၄၅) ဝါရှိချိန် ၂၀၁၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့တွင် ပျံလွန်တော်မူကာ ကျန်ရစ်ခဲ့သည့် ရုပ်ကလာပ်တော်ကို နိဗ္ဗာန်စံကျောင်းတော်၌ ထာဝရပူဇော်ထားရှိခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts