မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / သက်ငယ်မုဒိမ်း ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်အမျိုးသမီးအဖွဲ့ပြော

သက်ငယ်မုဒိမ်း ၆၀ ရာခိုင်နှုန်းရှိသည်ဟု မွန်အမျိုးသမီးအဖွဲ့ပြော

ရေးသားသူ:

မွန်အမျိုးသမီးအဖွဲ့ MWO ၏ ၂၀၁၆ ခုနှစ်အတွင်း အမှုလိုက်ပါကူညီဆောင်ရွက်ခဲ့သည့်မုဒိမ်းမှုများအနက် သက်ငယ်မုဒိမ်း ၆၀ ရာခိုင်နှုန်းပါဝင်နေသည်ဟု အဖွဲ့၏ ကျား-မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး (GBV) ပရောဂျက်မန်နေဂျာ မိအင်ကြင်းမွန်က ပြောသည်။

ကျား၊မ အခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်ပြီး မွန်အမျိုးသမီးအဖွဲ့နှင့် မီဒီယာတွေ့ဆုံပွဲတစ်ရပ်ကို ဇန်နဝါရီလ (၆) ရက်နေ့က မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ကျင်းပခဲ့စဉ် ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

မွန်အမျိုးအဖွဲ့နှင့် မီဒီယာတွေ့ဆုံပွဲ(MNA)
မိအင်ကြင်းမွန်က “အမှုအတော်များများက ရွာကအုပ်ချုပ်ရေးမှူးနဲ့ပဲ ဖြေရှင်းလိုက်ကြတာ၊ ကျွန်မတို့သင်တန်းပေးထားဖူးတဲ့ရွာ တွေဆီကနေပြီး ဖြေရှင်းလို့မပြီးတဲ့အမှုတွေ အခုကျွန်မတို့ရုံးကို ရောက်လာတာ (၇)မှုရှိတယ်၊ အဲ့ဒီ အထဲမှာ (၄) မှုလောက်က သက်ငယ်မုဒိမ်းတွေ ဖြစ်နေတယ်” ဟု ပြောသည်။

မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင်လည်းကောင်း၊ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာ အချို့နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိကျေးရွာအချို့၌ မွန်အမျိုးသမီးအဖွဲ့မှ ပြုလုပ်ခဲ့သည့် သင်တန်းများ၊ ဆွေးနွေးမှုများအရ ကျေးရွာ (၂၀) ခန့်တွင် အသက် (၁၀) နှစ်အောက် သက်ငယ်မုဒိမ်းများ ဖြစ် ပွားခဲ့သည်ဟု ဆိုသည်။

သက်ငယ်မုဒိမ်းမှုအားလုံးနီးပါးသည် အဖေမှ သမီး၊ ဦးလေးမှ တူမလေး၊ အိမ်နီးချင်းမှ မုဒိမ်းကျင့်ခံရမှုများ ပါဝင်နေကြောင်း၊ ယင်းကဲ့သို့ မုဒိမ်းမှုပိုမိုများလာခြင်းသည် အဝတ်အစားကြောင့် မဟုတ်ဘဲ တိုးတက်လာသော အင်တာနက်နှင့် စိတ်ပိုင်းနှင့်သာ သက်ဆိုင်နေကြောင်း ၄င်းက ဆက်ပြောသည်။

“မုဒိမ်းမှုမြောက်ရင် ပုဒ်မ ၃၇၆ နဲ့အရေးယူလို့ရတယ်၊ သူ့ရဲ့အပြစ်ဒဏ်က ထောင်ဒဏ်(၁၀) နှစ်ကနေ တစ် သက်တစ်ကျွန်းချမှတ်နိုင်တယ်၊ ထောင်ဒဏ်အပြင် ငွေဒဏ်လည်းပါတယ်၊ အမျိုးသမီးက အသက် (၁၆) နှစ်ကျော်ရင် မြို့နယ်တရားရုံးမှာ မြို့နယ်တရားသူကြီးက ထောင်ဒဏ် (၇) နှစ်အထိပဲ ချနိုင်တယ်၊ အသက် မပြည်တဲ့ကလေးသူငယ်တွေကိုကျ ခရိုင်တရားရုံးမှာ တရားစွဲပါတယ်” ဟု မော်လမြိုင်ခရိုင်တရားရုံး ဒုတိယ ခရိုင်ဥပဒေအရာရှိ ဦးဇော်လွင်က ပြောသည်။

မုဒိမ်းမှုကျူးလွန်သူက ထောင်ဒဏ် (၁၀) နှစ်အထိသာ ကျခဲ့ဖူးကြောင်း၊ ထိုသို့ တရားစွဲဆိုရာတွင် ထိုက်တန်သော အပြစ်ဒဏ်ချမှတ်နိုင်ရန် တရားလိုဘက်မှလည်း သက်သေအထောက်အထားခိုင် လုံသင့်ကြောင်း၊ ထိုသို့ခိုင်လုံနိုင်ရန် မုဒိမ်းကျင့်ခံရပြီးပြီးချင်း ရဲစခန်းသို့ ချက်ချင်းတိုင်ကြားရပြီး စစ်ဆေးမှုအစော ဆုံးလုပ်ဆောင်နိုင်မှသာ အထောက်အထားအခိုင်အလုံရရှိနိုင်မည်ဟု ဦးဇော်လွင်က ပြောသည်။

အကယ်၍မုဒိမ်းမှုကျူးလွန်ခြင်းခံရပါက ကျူးလွန်ခံစဉ် မိန်းကလေး၏ဝတ်အစားကို လျှော်ဖွတ်ခြင်းမပြုဘဲ ၄င်းအဝတ်အစားမှ သုက် ပိုး ပါဝင်မှုရှိမရှိ စစ်ဆေးရန် တိုင်စာနှင့်အတူ ရဲစခန်းသို့ အပ်နှံရမည်ဖြစ်ကြောင်း၊ ပြည့်ပြည့်စုံစုံ တိုင်ကြားနိုင်မှသာ အလွယ်တကူအမှုနိုင်မည်ဖြစ်ကြောင်း ဥပဒေရေးရာကုစားရေးရုံး တာဝန်ခံ ဒေါ်ပြုံးပြုံးမြင့်ထံမှ သိရသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီးတွင်၂၀၁၆ ခုနှစ်အတွင်း သက်ငယ်မုဒိန်းမှု ၁၀၁ မှု ဖြစ်ပွားသည့်အတွက်၂၀၁၅ ခုနှစ်ထက် ၃၇ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ကြောင်း၊ ကလေးသူငယ် တောရပ်ဒေသတွင် ၉၅ မှုနှင့် မြို့ပေါ်တွင် ၆ မှုဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများမှ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မော်လမြိုင်ခရိုင်စစ်ရေးလှုပ်ရှားမှု တပ်မတော်နှင့် မွန်ပြည်သစ်ဆွေးနွေး

တပ်မတော်စစ်ကြောင်းများ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်အနီး လတ်တလောစစ်ဆင်ရေးလှုပ်ရှားနေမှုများနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးဆောင်သည့်အဖွဲ့နှင့် တပ်မတော် အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး(ကစထမှူး)တို့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ရေးမြို့အခြေစိုက် …

Leave a Reply

%d bloggers like this: