မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ၂၀၁၇ နှစ်သစ်အတွက် အနားမညီ တြိဂံပြဿနာများ

၂၀၁၇ နှစ်သစ်အတွက် အနားမညီ တြိဂံပြဿနာများ

ရေးသားသူ:

၂၀၁၆ ခုနှစ်မှ သယ်လာသောပြဿနာများစွာအနက် တြိဂံသဖွယ်ဆက်စပ်လျှက်ရှိသော ပြဿနာ (၃) ရပ်ကို ဦးစွာဆန်းစစ်ကြည့်ချင်သည်။ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးနှင့် စီးပွါးရေးပြဿနာတို့သည် တြိဂံသဖွယ် ဆက် စပ်လျှက်ရှိသည့်တိုင် ရှေ့တန်းရောက်ပုံချင်း ထပ်တူမဖြစ်သဖြင့် အနားမညီဟု သုံးနှုံးလိုက်ပါသည်။

နှစ်သစ်အကူး၌ ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို (ဒေါ်စုလက်ထက်) ဒီမိုကရေစီအစိုးရမျက်မှောက်တွင် လက်မှတ်ထိုးမည်ဟု ဖင်တကြွကြွ လက်တပြင်ပြင်ဖြစ်ခဲ့ ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မျှော်လင့်ချက်သည် လုံးဝပျက်ပြားသွားပြီဟု မဆိုနိုင်သည့် တိုင် လှုပ်ရှားတက်ကြွ ရင်ခုန်မှုမရှိနိုင်တော့ပြီဟု ဆိုချင်သည်။

Doing Business 2017(ASEAN UP)
ထို့အတူ အာဏာရအစိုးရဘက်မှလည်း ယခင်အစိုးရလက်ထက်က ရွှေလက်နှင့် ခေါ်၍ မလာလျှင် ဘူလက် (ကျည်ဆံ) နှင့်ခေါ်ရမည်ဟု မိုက်တိမိုက်ကန်းပြောခဲ့သူ ဦးလှဆွေလိုမျိုး လူမရှိသေးသည်တိုင် တိုက်ပွဲများက သက်သေပြနေသည်။ “မြေတလက်မမျှ အဆုံးရှုံးမခံနိုင်” ဟု တပ်မှုးများကပြောနေကြသည်။ တိုက်ပွဲများက ကျယ်ပြန့်ကြီးမားလာသည့်အလျှောက် မျှော်လင့်ချက်တိမ်များ လေနှင်ရာလွင့်ပါလာရသောအခါ လေစိမ်းများ တိုက်လာတော့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ တစ် လျှောက်လုံး ရပ်တည်တောင်းဆိုချက်ဖြစ်သော “အားလုံးပါဝင်ရေးမူနှင့် ပတ်သက်၍ “အားလုံးပါဝင်နိုင်ခြင်းဆို သည်မှာ အားလုံးကို ကိုယ်စားပြုသည့် ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေးကိုဆိုလိုခြင်းဖြစ်ပါကြောင်း” ဟု UPDJC အ စည်းအဝေးတွင် ပြောကြားသွားသည်။ ၎င်းအစည်းအဝေးတွင်ပင် “ငြိမ်းချမ်းရေး ပဋိပက္ခချုပ်ငြိမ်းရန် ပဋိပက္ခ ရပ်စဲရေးနည်းလမ်းတစ်မျိုးတည်းသာရှိကြောင်း” “ငြိမ်းချမ်းရေးညီလာခံပြင်ပမှနေ၍ အချိန်မဆွဲကြရန်” စသဖြင့် ပြောကြားသွားသည်။

ဤသည်မှာ တဖက်မှ စိတ်မရှည်တော့၍ စည်းဖြတ်လိုက်ခြင်းပင်ဖြစ်သည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ အခရာ အင်အားစုဖြစ်သော KIA ကချင်အဖွဲ့ကို ပါစေချင်သော်လည်း KIA သည် UNFC ၏ ဥက္ကဋ္ဌဖြစ်ရာ အကျေ အလည်ညှိုနှိုင်းခြင်းမရှိသရွေ့ အကောင်အထည်ပေါ်နိုင်မဟုတ်ပါ။ UNFC ဘက်မှလည်း တိုက်ပွဲများနှင့် ပတ် သက်၍ ဆက်လက်ညှိုနှိုင်းမည်။ “ဝ” တပ်ဖွဲ့ UWSA ကို ဒိုင်အဖြစ် တက်ခွင့်ပေးရန် ညှိုနှိုင်းလာသည်ကိုလည်း အစိုးရဘက်မှ လက်မခံခဲ့ပါ။

ငြိမ်းချမ်းရေး ဒုတိယအကြိမ် ညီလာခံ၏ အမျိုးသားအဆင့်ဆွေးနွေးပွဲများကို ဇန်နဝါရီလအတွင်း ကျင်းပပြီး ဒုတိ ယအကြိမ် ညီလာခံကို ဖေဖေါ်ဝါရီလတွင် ကျင်းပရန် လျာထားသည်။ ဤတွင် UNFC ဘက်မှ အစုအဖွဲ့ပုံစံကို (၃) ပွင့်ဆိုင်ထားစေချင်သော တင်ပြချက်ကို မူဘောင်တွင် မပြင်ဆင်နိုင်ဘဲရှိနေရာ ဤခြားနားမှုများကြားတွင် သဘောတူညီချက်က တိုးပွါးမလာဘဲ စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက် ဒုက္ခသည်အရေအတွက်ကသာ များသထက် များလာနေသည်။ NCA တွင် ထပ်မံလက်မှတ်ထိုးသော အဖွဲ့များရှိလာရေးမှာ အလှမ်းဝေးလျှက်ရှိနေသည်။ ၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးညီလာခံကို တိုက်ပွဲများအကြားရှိယင်း အခြေအနေဖြင့် ဆက်လက်ကျင်းပမည် ဆိုပါ ကလည်း အနှစ်သာရကင်းမဲ့ကာ ဒုတိယညောင်နှစ်ပင် အမျိုးသားညီလာခံသာဖြစ်ဘို့ရှိသည်။

ငြိမ်းချမ်းရေးညီလာခံသည် ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ညီလာခံလည်းဖြစ်သည်။ ပထမအကြိမ်ငြိမ်းချမ်းရေး ညီလာခံကတည်းကပင် တိုင်းရင်းသားအများစု လိုလားသောပုံစံနှင့် တပ်မတော်က လိုလားသောပုံစံတို့ လုံးဝ ခြားနားနေသည်ကို အထင်အရှားတွေ့နိုင်သည်။ ထိုညီလာခံတွင် ထူးခြားသည်မှာ တတိုင်းပြည်လုံးသို့ တိုက် ရိုက်ထုတ်လွှင့်ပေးခြင်းဖြစ်သည်။ ဤသည်မှာ အပေါ်ယံအမြင်အရ ပွင့်လင်းမြင်သာမှု ရှိသယောင်ဆောင်သော် လည်း အများစုဗမာလူထုကြီးနှင့် တိုင်းရင်းသားများကို ရန်တိုက်ပေးလိုက်သလား နောက်ပိုင်းတွင် ပြန်စဉ်းစား မိသည်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ကြွေးကြော်သံဖြင့် လွှတ်တော်ထဲဝင်ပါကာ ပြောင်းလဲရေး Change ကြွေးကြော်သံဖြင့် ရွေးကောက်ပွဲကို သောင်ပြိုကမ်းပြို အနိုင်ယူအစိုးရဖွဲ့ခဲ့သော NLD ပါတီသည် ၂၀ဝ၈ ဖွဲ့စည်ပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို နှာစေးနေခဲ့သည်။ ၂၀၁၆ နှစ်ကုန်ကာလအထိ အခြေအနေမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် လက်ရှိအခြေအနေတွင် အစိုးရပါတီအတွက် အသုံးတည့်နေသလိုဖြစ်ပြီး ငြိမ်းချမ်းရေးသာ ရရှိသွားလျှင် အခြေခံဥပဒေပြင်ဆင်ရေးသည် အလိုလိုပြေလည်သွားမည်ဟူသော အင်တာဗျူး များကိုလည်း ဖတ်ခဲ့ရသည်။

ပြီးခဲ့သောခေတ်အဆက်ဆက်တွင် သဘောတူညီချက်ရရန် စစ်ရေးနည်းဖြင့် ခြိမ်းခြောက်စစ်ဆင်ကာ ဖိအားပေး ခဲ့သည့်အစဉ်အလာကို ယ္ခုကာလတပ်မတော်က ဆက်လက်ကိုင်စွဲနေသည်ဟု ယူဆရမလို ဖြစ်နေသည်။ လက် ရှိအစိုးရအနေဖြင့်လည်း ဖြေရှင်း၍မရမည့်အတူတူ “ကျွန်တော်လည်းထိုနည်း၎င်း” ဟူသော ရွှေမန်းတင်မောင် သီချင်းအတိုင်း လိုက်ကနေခြင်းဟု ယူဆသည်။ မြောက်ပိုင်းစစ်ပွဲများကို အစိုးရ၏ သဘောတူချက်မပါဘဲ ဆင်နွှဲ နေခြင်းဟု မယူဆပါ။ စစ်ပွဲများ ကြာရှည်ကြီးမြင့်လာသည်အလျှောက် လက်နက်ကိုင်တိုင်းရင်းသားများဘက်တွင် လက်မှတ်ထိုးပြီး RCSS ရှမ်းအဖွဲ့နှင့် တအာင်း ပလောင်တို့ တိုက်ပွဲဖြစ်လာခြင်း၊ လက်မှတ်ထိုးပြီး KNU အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ ထိတွေ့မှု (၄) ကြိမ်ဖြစ်ပွါးလာမှာလည်း မတော်တဆထိတွေ့မှုဖြစ်ပုံမရပါ။ ညီလာခံကို အချိန်ဆွဲ လိုက်သော KNU သည် လက်ရှိအခြေအနေတွင် ခေါင်းဆောင်အစားထိုးဘွယ် အနေအထားရောက်လာကာ တင်းမာမှုဆီ ရှေးရှုလျှက်ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ခေါင်းဆောင်ကြီးများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတ ကာအလယ် ပွဲထုတ်ဗန်းတင်ရန် မမေ့မလျှော့ခဲ့ပါချေ။ အသွင်ကူးပြောင်းရေးဆိုင်ရာ လေ့လာချက်များ၌ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်သည် နိုင်ငံတကာအလှုရှင်အဖွဲ့အစည်းများ၏ ထောက်ပံ့ပေးကမ်းမှုရရှိရန် သည်းခြေကြိုက် လုပ်ငန်းစဉ်ဖြစ်နေသည်မဟုတ်ပါလော။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အတိမ်အနက်ကို အပထား၊ အနာဂတ်ကို လည်း ဆက်တွေးနေစရာမလို ထောက်ပံ့မှုများ လုပ်ကြရာ မြန်မာနိုင်ငံတွင် ပူးတွဲကော်မတီ JCB-Joint Coor dinating Body ဟူ၍ ပေါ်လာတော့သည်။ နိုင်ငံတကာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရံပုံငွေများစီမံခန်ခွဲရန် ဖြစ် သည်။ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (NRPC) အဖြစ် အမည်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီးလည်းဖြစ်သည်။

၂၀၁၇ ခုနှစ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာဆွေးနွေးမှုများတွင် NLD ၏ ဖက်ဒ ရယ်ဆိုင်ရာ အသေးစိတ်မူကို ချပြဆွေးနွေးရန် ၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဖက်ဒရယ်ဖွဲ့စည်း ပုံပင်ဖြစ်သည်ဟူသော ဆွေးနွေးချက်အပေါ် သဘောထားပေးရန် လိုအပ်လှသည်။ တိုင်းရင်းသားများဘက်မှ လည်း ဗမာပြည်နယ်၊ အမျိုးသားများပြည်နယ်နှင့် ပြည်နယ်သစ်များကိစ္စ ပေးထားချက်များအပေါ် ပြန်လည် စဉ်း စားရန် လိုမည်ထင်သည်။ ဖက်ဒရယ်အရေးနှင့် ငြိမ်းချမ်းရေးသည် တိုက်ရိုက်ဆက်စပ်လျှက်ရှိသည်ဖြစ်ရာ မည် မျှလုပ်ဆောင်နိုင်ကြမည်ကို ဆက်လက်စောင့်ကြည့်ရန်သာရှိပါမည်။

၂၀၁၇ ခုနှစ်၏ အနားမညီတြိဂံထဲမှာ အနားတဖက်ဖြစ်သော စီးပွါးရေးကိစ္စဘက်ကို ပြန်ကြည့်လျှင် တိုးတက် လာသည်ဟု မည်သူမျှမပြောကြချေ။ (၉) လတာအတွင်း ပိုဆိုးမလာအောင် ထိန်းထားရေးနှင့် နောက်နှစ်များ အတွက် အခင်းအကျင်းများ ပြင်ဆင်ရေးကိုသာ တွေ့မြင်ကြရသည်။

စီးပွားရေးကဏ္ဍ ဦးမော့လာစေရန်မှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေရေးကြေးရေး ဝန်ဆောင်မှုနှင့် လူသားအ ရင်အမြစ်ဖွံ့ဖြိုးတိုးတက်မူကဏ္ဍ (၄) ခုပေါ် မူတည်ရာ ၎င်းကဏ္ဍများ၌ အထင်အရှားပြောင်းလဲတိုးတက်မှုမတွေ့ရ သေးပေ။

စီးပွါးရေးပေါ်လစီ (၁၂) ချက် ချမှတ်သည်တွင် အသေးစိတ်မကျ ယေဘုယျဆန်လွန်းသည်ဟု အဝေဖန်ခံရ သည်။ စီးပွါးရေးရင်နှီးမြှုပ်နှံမှု မူဝါဒကို ထုတ်ပြန်ရန် နှောင့်နှေးခြင်းကြောင့်၎င်း၊ နည်းဥပဒေမထွက်ပေါ်လာသေး ခြင်းကြောင့်၎င်း ရင်းနှီးမြှုပ်နှံမှုဝင်လာရေး နှောင့်နှေးနေပြီး ယ္ခင်နှစ်ကထက် နည်းပါးခဲ့သည်။ ၁၉၁၄ ခုနှစ် ကုမ္ပ ဏီများ အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခြင်းမလုပ်နိုင်သေးခြင်းကြောင့်ဟုလည်း ဆိုကြပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI မှာ ၃.၆၅ ဘီလီယမ်ဒေါ်လာသာ ရှိခဲ့ပြီး ယမန်နှစ်က ထက် တစ်ဘီလီယံဒေါ်လာ လျော့နည်းသွားသည်ဟု ဆိုသည်။ ကုန်သွယ်ရေး လိုငွေပြမှုမှာ ၃ ဘီလီယမ်ဒေါ် လာခန့်ရှိနေသည်။ မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီသည် ၂၀၁၆ ခုနှစ်မတ်လအထိ ၉.၅၃၄ ဘီလီယမ်ဒေါ်လာရှိ နေရာမှ နောက်ထပ် ချေးငှားမှုများကြောင့် ၂၀၁၇ ခုနှစ်သို့ သယ်လာသော အကြွေးမှာ ၁၂ ဘီလီယမ်ဒေါ် လာ ဖြစ်သွားမည်။ ဒေါ်လာငွေလဲနှုန်းမှာလည်း အမေရိကန်တစ်ဒေါ်လာ ၁၄၅၀ ကျပ်ထိ စံချိန်တင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအားကောင်းရန် အခြေခံအဆောက်အအုံ ကောင်းမွန်ပြည်စုံနေဘို့လိုသည်။ မြန်မာ နိုင်ငံ၏ လျှပ်စစ်မီးရရှိသည့် အခြေအနေမှာ အားရစရာမကောင်းလှပါ။ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ ပေါင်း ၁၇၂ မြို့နှင့် ကျေးရွာပေါင်း ၄၂၆၇၁ ရွာတို့တွင် လျှပ်စစ်မီးမရရှိသေးပေ။ လက်ရှိလျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏမှာ ၄၂၀၂.၇၉ မီဂါဝပ်ရှိပြီး ယင်းမှ ၃% ခန့်သည် ကျောက်မီးသွေးလောင်စာမှ ရရှိခြင်း ဖြစ်သည်။ လျှပ်စစ်မီးမရရှိသေးသော နေရာဒေသများနှင့် နေရောင်ခြည်စွမ်းအင်ဆိုလာစနစ်ဖြင့် ၎င်း Fuel Oil-F.O လောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစနစ်ဖြင့်၎င်း ဖြည့်ဆည်းလျှက်ရှိသည်။

သဘာဝဓါတ်ငွေ့ထုတ်လုပ်ရေးစီမံကိန်းများရှိသော်လည်း စာချုပ်အရ တရုပ်နှင့်ထိုင်းနိုင်ငံတို့သို့ အမျာစုကို ရောင်းပေးနေရသည်။ မိမိ၏ရောင်းပိုင်ခွင့်မှာ ရဲတံခွန်၊ ရတနာ၊ ဇောတိကနှင့် ရွှေစသော သဘာဝဓါတ်ငွေ့စီမံ ကိန်းများမှ ပျမ်းမျှအားဖြင့် ၁၅% မှ ၂၀% အထိသာရှိသည်။ နိုင်ငံစီးပွါးရေးအင်ဂျင်အဖြစ် တင်စားလေ့ရှိ သော အထူးစီးပွါးရေးဇုံများအနက် သီလဝါတစ်ခုသာ ရင်းနှီးမြှုပ်နှံမှုနှင့် လုပ်ငန်းစတင်မှုရှိနေသည်။

မြန်မာနိုင်ငံ၏ စီးပွါးရေးရာသီဥတုကို ခြုံပြောရလျှင် မဆိုးရွားသော်လည်း ကောင်မွန်သည်ဟု မဆိုနိုင်ခဲ့ပါ။ ၂၀၁၇ ခုနှစ်အတွက် ရည်ရွယ်ထုတ်ဝေသော Doing Business 2017 စာရင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ အနက် မြန်မာနိုင်ငံက အဆင့် ၁၇၀ ချိတ်ပါသည်။ မြန်မာတို့ အထင်သေးနေသော လာအိုနိုင်ငံက အဆင့် ၁၃၉ ရှိပြီး၊ မလေးရှားသည် အဆင့် ၄၆၊ ထိုင်းသည် အဆင့် ၂၃ ရှိသည်။ ကြိုးနီစနစ် ရှုတ်ထွေး သည်ဟု နာမည်ကြီးသော အိန္ဒိယနိုင်ငံသည် အဆင့် ၁၃၀ ရှိပြီး ကွန်မြူနစ်တရုပ်နိုင်ငံသည် အဆင့် ၇၈ ရှိသည်။ မြန်မာတို့ အနှစ် ၂၀ အတွင်း ကျော်တက်မည့် စင်္ကာပူမှာ အဆင့် (၂) ထိပ်ဆုံးပိုင်းတွင် ရောက်နေသည်။

အုပ်ချုပ်ရေးပိုင်းတွင် “ဒီချုပ်တာဝန်ရှိသူများအနေဖြင့် စီမံအုပ်ချုပ်ရေးပိုင်း အားနည်းချက်ရှိကြောင်း” နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဝန်ခံထားသည်။ ဌာနဆိုင်ရာများမှ စနစ်ဟောင်းတွင် အမြစ်တွယ်နေသူများသည် နိုင်ငံ ရေးအရ ခန့်အပ်ထားသော ဌာနဆိုင်ရာများမှ အကြီးအကဲများ၏ ခေါင်းဆောင်မှုကို လက်ခံအသိအမှတ် ပြု မပြုနှင့် ချမှတ်ထားသော ပြုပြင်ပြောင်းလဲရေး နည်းလမ်းများကို ယုံကြည်စွာ လိုက်ပါလုပ်ဆောင်ခြင်း ပြု မပြုဆို သည်မှာ ရေရာသေချာသော ကိစ္စမဟုတ်ပါ။ သို့သော်လည်း ထိပ်တိုက်တိုးခြင်း၊ သူစိမ်းပြင်ပြင်ဆက်ဆံရေး အနေအထားမရှိခြင်းကြောင့် ပြည်သူများအနေဖြင့် ဖိနှိပ်အနိုင်ကျင့်မှုဒဏ်မှ သက်သာရာရစေပြီး အကောင်း ဘက်သို့ လမ်းစပျိုးခြင်းဟု ယူဆနိုင်သည်။

၂၀၁၇ နှစ်သစ်ကို အကြမ်းဖျင်း ကောက်နှုတ်လေ့လာခြင်းဖြစ်ရာ ဤမျှဖြင့် အစိုးရသစ်၏ ပထမနှစ် ၉ လ အခြေအနေကို ခန့်မှန်း၍ ရနိုင်ပြီဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် ဆက်စပ်နေသော ရခိုင်ပြည်နယ် မောင် တောဒေသ ပဋိပက္ခအခြေခံဖြင့် မလေးရှားနိုင်ငံနှင့် ဆက်ဆံရေးတင်းမာခြင်း ရှိနေသည့်အပြင် ရပ်ဆိုင်းထား လိုက်ရသော မြစ်ဆုံရေကာတာ အခြေခံအခြားအကျိုးစီးပွားပြဿနာများနှင့် ပတ်သက်သော တရုပ်နှင့် ဆက် ဆံရေး အေးစက်သွားခြင်းလည်း ရှိနေလျှက်ဖြစ်သည်။ တရုပ်နယ်စပ် တလျှောက်ဖြစ်ပွါးသော တိုက်ပွဲကြီး/ ငယ် များသည် တရုပ်နိုင်ငံ ပယောဂမကင်းဟု ဝေဖန်သူများက ဆိုသည်။

ချုပ်၍ ပြောရလျှင် ၂၀၁၇ ခုနှစ်ကို မည်သို့ပင် အကောင်းမြင်စေချင်သည်ဆိုဦးတော့ ပြည်တွင်းအခြေအနေ များမှာ အကဲဆတ်ပြီး မည်သည့်ပြဿနာကိုမျှ လက်ရှောင်လုပ်၍ မရသော ဘေးကြပ်နံကြပ် အနေအထားဖြစ် သည်။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းနှင့် နိုင်ငံရေးပုဒ်မဟုဆိုကြသော ပုဒ်မ ၅ (ည) ပယ်ဖျက်ပေး ခြင်း၊ အမေရိကန်မှ စီးပွါးရေးပိတ်ဆို့မှု ရုပ်သိမ်းပေးခြင်းစသည်တို့မှာ ကောင်းသော လာခြင်းများ ဖြစ်သော် လည်း မပြီးဆုံး မထိရောက်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ကလေးလုပ်သားနှင့် လူ့အခွင့်အရေးချိုး ဖေါက်မှုများ၊ သက်ငယ်မုဒိမ်းမှုများတို့က မိမိကြောင့်မဟုတ်သည့်တိုင် လူ့အဖွဲအစည်း၏ ကောင်းသော လက္ခဏာများ မဟုတ်ပါပေ။ ရာဇဝတ်မှု ထူပြောလာခြင်းနှင့် အသေးစား M-150 ဗုံးများပေါက်ကွဲနေခြင်းက လည်း လုံခြုံရေးကဏ္ဍ ယိုယွင်းမှုကို မီးမောင်းထိုးနေပေသည်။

နိုင်ငံရေးအပိုင်းမှ ပြောလျှင် မီဒီယာများနှင့် ဆက်ဆံရေး အခြေအနေ မကောင်းခြင်း၊ ဆက်သွယ်ရေးပုဒ်မ- ၆၆ (ဃ) ရှေ့တန်းရောက်လာခြင်းက ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင်းမှ မပြည့်ဝသော စံချိန်ကို ညွှန်းဆိုသည်။ ရွေး ကောက်ပွဲ အာဏာရှင်စနစ်အဆင့် မရောက်သင့်တိုင် ပါတီတွင်းအုပ်စုတိုက်ပွဲများ၊ လွှတ်တော်နှင့် အစိုးရအား ပြိုင်ခြင်းများ ရှိနေရာ အစိုးရ၏ စွမ်းဆောင်နိုင်စွမ်းအပေါ် သံသယဝင်စေပါသည်။ သို့စေကာမူ အချစ်လွန်ခြင်း နှင့်အမုန်းအားကြီးခြင်း လက္ခဏာရောပြွမ်းနေသော ပြည်သူလူထုသည် ယနေ့အချိန်ထိ နားလည်သည်းခံ ခွင့် လွှတ်စွာဖြင့် အပြောင်းအလဲကို မျှော်လင့်ချက်ထားနေဆဲဖြစ်သည်။ Bangkok post သတင်းစာပါ ဆောင်းပါး တပုဒ်တွင် “မြန်မာနိုင်ငံတွင် စိတ်ရှည်သည်ခံ အကောင်းမြင်သဘောထားရှိနေမည်ဆိုလျှင် ဘာမဆိုဖြစ်လာနိုင် ကြောင်း” ရေးသားထားရာ ရှိထားသည့်သည်းခံစောင့်ဆိုင်းမှုကို ဆက်လက်ရေထပ်ထိုးရုံသာရှိပါကြောင်း။

About မွန်သတင်းအေဂျင်စီ

Check Also

တော်လှန်ရေး သမင်လည်ပြန်လား

အစ္စရေးနိုင်ငံကို ထူထောင်သူတစ်ဦးနှင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် သမ္မတဟောင်းရှီမွန်ပဲရစ်သည် အသက် (၉၃) နှစ်အရွယ်ဖြင့် (၂၀၁၆) ခုနှစ်နိုဝင်ဘာလအတွင်း ကွယ်လွန်သည်။ ငြိမ်းချမ်းရေး၏ အနိစ္စသဘော။

Leave a Reply

%d bloggers like this: