မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်ပြည်နယ်လွှတ်တော်ဂျာနယ် စတင်ဖြန့်ချီ

မွန်ပြည်နယ်လွှတ်တော်ဂျာနယ် စတင်ဖြန့်ချီ

ရေးသားသူ:

မွန်ပြည်နယ်လွှတ်တော်၏ ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် အများပြည်သူလူထုတို့၏ ရင်ဖွင့်သံကိုကြားသိစေရန် ရည်ရွယ်ပြီး မွန်ပြည်နယ်လွှတ်တော်ဂျာနယ်ကို ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ထုတ်ဝေခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော်ဘတ်ဂျက်ဖြင့်တစ်လ တစ်ကြိမ်ထုတ်ဝေးသွားမည့် လွှတ်တော်ဂျာနယ်တွင် လွှတ်တော်လုပ်ငန်းစဉ်များအပြင် ပြည်နယ်အတွင်း ထူးခြားဖြစ်စဉ်များ၊ လူထုအသံများ၊ ကာတွန်းများနှင့် ဆောင်းပါးကဏ္ဍများ ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။

မွန်ပြည်နယ်လွှတ်တော်ဂျာနယ်(MNA)
“လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေ၊ အုပ်ချုပ်ရေးကိစ္စ၊ ဥပဒေပြုရေးကိစ္စ၊ လွှတ် တော် က မေးဖြေထားတဲ့ကိစ္စတွေကိုလည်း ဌာနဆိုင်ရာအဆင့်ဆင့်တွေက သိရှိနားလည်ပြီး လွှတ်တော်နဲ့ ပြည် သူလူ ထုကြား၊ အစိုးရဌာနဆိုင်ရာတွေနဲ့လွှတ်တော်ကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတခု ဖြစ်လာမယ်လို့ လည်း ရွယ်ထားပါတယ်” ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

အဆိုပါမွန်လွှတ်တော်ဂျာနယ်ကို လက်ရှိတွင် မြန်မာဘာသာဖြင့်သာ ထုတ်ဝေခဲ့ပြီး အခြားတိုင်းရင်းသား ဘာသာထည့်သွင်းနိုင်ရန် ဆွေးနွေးရဦးမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆက်ပြောသည်။

လွှတ်တော်က အားနည်းချက်တွေကို ဒေသခံပြည်သူလူထုက တင်ပြလာပါက မွန်ပြည်နယ်လွှတ်တော်ဂျာနယ် တွင် ဖော်ပြပေးသွားမည်ဖြစ်ပြီး စာရေးသူများအနေဖြင့်လည်း သတင်း၊ ဆောင်းပါးများလည်း ရေးသားပေးပို့နိုင်သည်ဟု မွန်ပြည်နယ်လွှတ်တော်မှ သိရသည်။

သံလွင်တိုင်းဂျာနယ် အမှုဆောင်အယ်ဒီတာ ဦးမင်းမင်းနွယ်က “လွှတ်တော်ဂျာနယ်က အမှန်တိုင်းပြောရရင် ထုတ်သင့် နေတာကြာပါပြီး။ ဒါမှ ဒေသအတွင်းက အဖြစ်ပျက်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေဆီကို မြန်မြန်ရောက်အောင်ပေးပို့နိုင်မှာဖြစ်ပါတယ်” ဟု ဆိုသည်။

အဆိုပါလွှတ်တော်ဂျာနယ်ကို လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဒေါ်ခိုင်ခိုင်လဲ့က အယ်ဒီတာချုပ်အဖြစ် လည်းကောင်း၊ ဒေါက်တာအောင်နိုင်ဦးနှင့် ဦးထွန်းမင်းအောင်တို့က အယ်ဒီတာအဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် မွန်ဘာသာဖြင့် အပတ်စဉ်ထုတ်ဝေနေသည့် စနောင်းတိုင်းမွန်သတင်းဂျာနယ်နှင့် မြန်မာ၊ မွန် နှစ်ဘာသာဖြင့် သံလွင်တိုင်း(မ်)ဂျာနယ်၊ မြန်မာဘဘာသဖြင့် ဟင်္သာဂျာနယ်နှင့် နှစ်ပတ်တစ်ကြိမ် မွန်ဘာသာ ဖြင့် ထုတ်ဝေနသည့် အမာတ်ဒိန်ဂျာနယ်တို့က ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: